ရုပ်ရှင် နှစ် (၁၀၀) ပြည့်အတွက် ပြင်ဆင်နေတယ်ဆိုတဲ့ တက္ကသိုလ်ဂွမ်းပုံ

ရုပ်ရှင် နှစ် (၁၀၀) ပြည့်အတွက် ပြင်ဆင်နေတယ်ဆိုတဲ့ တက္ကသိုလ်ဂွမ်းပုံ

လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်ရှင် နှစ် (၁၀၀) ပြည့်ပွဲမှာ ပါဝင်ဖျော်ဖြေနိုင်ဖို့အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေကို လုပ်ဆောင်နေတယ်လို့ တက္ကသိုလ်ဂွမ်းပုံ က ပြောပါတယ်။

သူဟာ လွန်ခဲ့တဲ့ ၁၉၈၆ ခုနှစ်ကတည်းက အနုပညာလောကကိုဝင်ရောက်လာခဲ့ပြီး ဇာတ်ပို့ဇာတ်ရန်အဖြစ်လုပ်ကိုင်ရင်း အကယ်ဒမီဆုကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။

လက်ရှိကာလမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အနုပညာလုပ်ငန်းတွေလည်း ရပ်ဆိုင်းချိန်ဖြစ်ပေမယ့် ရုပ်ရှင်အစည်းအရုံးအပါအဝင် ရုပ်ရှင်လောကဖွံ့ဖြိုးဖို့ ကိုယ်တတ်နိုင်တဲ့နေရာကနေ ပါဝင်ရန်ပြင်ဆင်ထားသလို ရုပ်ရှင် နှစ် ၁၀၀ ပြည့်ပွဲ ကျင်းပဖို့အစီအစဉ်တွေ ဆွဲနေတဲ့အခါမှာလည်း ဖျော်ဖြေရေးအပိုင်းမှာ ပါဝင်နိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

“မဂွမ်းတို့ရဲ့ အသက်မွေးဝမ်းကြောင်း၊ မိသားစုကိုလုပ်ကျွေးနိုင်တာ ကိုယ့်ရဲ့ရုပ်ရှင်အနုပညာပေါ့နော်၊ အခုလို နှစ် ၁၀၀ ပြည့်မှာ အသက်ရှင်ခွင့်ရနေတယ်ဆိုတာကလည်း ဝမ်းသာစရာတစ်ခုပါပဲ၊ ရုပ်ရှင်အစည်းအရုံးဆိုတာကလည်း မဂွမ်းတို့ရဲ့ မိခင်တပ်ရင်းကြီးလိုဖြစ်နေတာ၊ ကိုယ်တတ်နိုင်တဲ့တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်နိုင်ဖို့တော့ ပြင်ဆင်ထားတယ်၊ ၇၅ နှစ်မြောက် စိန်ရတုတုန်းကလည်း ပါဝင်ခွင့်ရလို့ ပျော်ခဲ့ရပါတယ်၊ မဂွမ်းရဲ့ ဆရာသမားတွေဖြစ်တဲ့ ဒါရိုက်တာ ဦးနန္ဒ၊ ဒါရိုက်တာ ကိုဇော်မြင့်ဦးရဲ့ သွန်သင်မှုတွေကြောင့် တက္ကသိုလ်ဂွမ်းပုံဆိုတဲ့ နာမည်ကို ရရှိလာခဲ့တာဖြစ်သလို အခုလို အကယ်ဒမီဆုလည်းရခဲ့တယ်၊ အနုပညာရှင်တစ်ယောက်အနေနဲ့ ဘ၀ကိုရပ်တည်နိုင်ခဲ့တယ်၊ ဆရာသမားတွေရဲ့ကျေးဇူးကိုလည်း မမေ့ပါဘူး၊ အနုပညာအလုပ်ကို မဂွမ်းတို့ အသက်ရှင်နေသရွေ့ အနုပညာအလုပ်ကို လုပ်သွားဦးမှာပါ” လို့ သူမက ရှင်းပြပါတယ်။

လက်ရှိမှာ တက္ကသိုလ်ဂွမ်းပုံဟာ ၂၀၁၅ ခုနှစ်တုန်းက “ဤအရာကိုအချစ်ဟုခေါ်သလား” လို့ နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု ရရှိထားသူဖြစ်သလို လက်ရှိအချိန်မှာလည်း ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ ပိုင်နိုင်ကျွမ်းကျင်အောင် သရုပ်ဆောင်နိုင်သူလည်းဖြစ်တဲ့အပြင် ပရိသတ်နှစ်သက်အားပေးမှုကိုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

မြန်မာဗီဒီယိုလောကမှာလည်း ဇာတ်ကားများစွာထဲ ပါဝင်သရုပ်ဆောင်ခဲ့သလို အခုနောက်ပိုင်း ဇာတ်လမ်းတွဲတွေအဖြစ် ခေတ်စားလာချိန်မှာလည်း ပါဝင်သရုပ်ဆောင်ခွင့်ရနေပြီး ရုပ်ရှင်ဇာတ်ကားအများအပြားမှာလည်း ပါဝင်သရုပ်ဆောင်ခွင့်ရသူတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇူလိုင် - ၃
( Zawgyi )
လတ္တေလာအႏုပညာလႈပ္ရွားမႈအေနနဲ႔ ႐ုပ္ရွင္ ႏွစ္ (၁၀၀) ျပည့္ပြဲမွာ ပါဝင္ေဖ်ာ္ေျဖႏိုင္ဖို႔အတြက္ လိုအပ္တဲ့ျပင္ဆင္မႈေတြကို လုပ္ေဆာင္ေနတယ္လို႔ တကၠသိုလ္ဂြမ္းပုံ က ေျပာပါတယ္။

သူဟာ လြန္ခဲ့တဲ့ ၁၉၈၆ ခုႏွစ္ကတည္းက အႏုပညာေလာကကိုဝင္ေရာက္လာခဲ့ၿပီး ဇာတ္ပို႔ဇာတ္ရန္အျဖစ္လုပ္ကိုင္ရင္း အကယ္ဒမီဆုကိုလည္း ရရွိခဲ့သူျဖစ္ပါတယ္။

လက္ရွိကာလမွာ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ အႏုပညာလုပ္ငန္းေတြလည္း ရပ္ဆိုင္းခ်ိန္ျဖစ္ေပမယ့္ ႐ုပ္ရွင္အစည္းအ႐ုံးအပါအဝင္ ႐ုပ္ရွင္ေလာကဖြံ႕ၿဖိဳးဖို႔ ကိုယ္တတ္ႏိုင္တဲ့ေနရာကေန ပါဝင္ရန္ျပင္ဆင္ထားသလို ႐ုပ္ရွင္ ႏွစ္ ၁၀၀ ျပည့္ပြဲ က်င္းပဖို႔အစီအစဥ္ေတြ ဆြဲေနတဲ့အခါမွာလည္း ေဖ်ာ္ေျဖေရးအပိုင္းမွာ ပါဝင္ႏိုင္ဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

“မဂြမ္းတို႔ရဲ႕ အသက္ေမြးဝမ္းေၾကာင္း၊ မိသားစုကိုလုပ္ေကြၽးႏိုင္တာ ကိုယ့္ရဲ႕႐ုပ္ရွင္အႏုပညာေပါ့ေနာ္၊ အခုလို ႏွစ္ ၁၀၀ ျပည့္မွာ အသက္ရွင္ခြင့္ရေနတယ္ဆိုတာကလည္း ဝမ္းသာစရာတစ္ခုပါပဲ၊ ႐ုပ္ရွင္အစည္းအ႐ုံးဆိုတာကလည္း မဂြမ္းတို႔ရဲ႕ မိခင္တပ္ရင္းႀကီးလိုျဖစ္ေနတာ၊ ကိုယ္တတ္ႏိုင္တဲ့တစ္ေထာင့္တစ္ေနရာကေန ပါဝင္အားျဖည့္ႏိုင္ဖို႔ေတာ့ ျပင္ဆင္ထားတယ္၊ ၇၅ ႏွစ္ေျမာက္ စိန္ရတုတုန္းကလည္း ပါဝင္ခြင့္ရလို႔ ေပ်ာ္ခဲ့ရပါတယ္၊ မဂြမ္းရဲ႕ ဆရာသမားေတြျဖစ္တဲ့ ဒါ႐ိုက္တာ ဦးနႏၵ၊ ဒါ႐ိုက္တာ ကိုေဇာ္ျမင့္ဦးရဲ႕ သြန္သင္မႈေတြေၾကာင့္ တကၠသိုလ္ဂြမ္းပုံဆိုတဲ့ နာမည္ကို ရရွိလာခဲ့တာျဖစ္သလို အခုလို အကယ္ဒမီဆုလည္းရခဲ့တယ္၊ အႏုပညာရွင္တစ္ေယာက္အေနနဲ႔ ဘ၀ကိုရပ္တည္ႏိုင္ခဲ့တယ္၊ ဆရာသမားေတြရဲ႕ေက်းဇူးကိုလည္း မေမ့ပါဘူး၊ အႏုပညာအလုပ္ကို မဂြမ္းတို႔ အသက္ရွင္ေနသေ႐ြ႕ အႏုပညာအလုပ္ကို လုပ္သြားဦးမွာပါ” လို႔ သူမက ရွင္းျပပါတယ္။

လက္ရွိမွာ တကၠသိုလ္ဂြမ္းပုံဟာ ၂၀၁၅ ခုႏွစ္တုန္းက “ဤအရာကိုအခ်စ္ဟုေခၚသလား” လို႔ နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆု ရရွိထားသူျဖစ္သလို လက္ရွိအခ်ိန္မွာလည္း က်ရာဇာတ္႐ုပ္ကို ပီပီျပင္ျပင္နဲ႔ ပိုင္ႏိုင္ကြၽမ္းက်င္ေအာင္ သ႐ုပ္ေဆာင္ႏိုင္သူလည္းျဖစ္တဲ့အျပင္ ပရိသတ္ႏွစ္သက္အားေပးမႈကိုရရွိထားတဲ့ အႏုပညာရွင္တစ္ေယာက္လည္း ျဖစ္ပါတယ္။

ျမန္မာဗီဒီယိုေလာကမွာလည္း ဇာတ္ကားမ်ားစြာထဲ ပါဝင္သ႐ုပ္ေဆာင္ခဲ့သလို အခုေနာက္ပိုင္း ဇာတ္လမ္းတြဲေတြအျဖစ္ ေခတ္စားလာခ်ိန္မွာလည္း ပါဝင္သ႐ုပ္ေဆာင္ခြင့္ရေနၿပီး ႐ုပ္ရွင္ဇာတ္ကားအမ်ားအျပားမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခြင့္ရသူတစ္ဦးလည္း ျဖစ္လာခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇူလိုင္ - ၃