ရိုက်လက်စဇာတ်ကားတွေ ပြန်ရိုက်ခွင့်ရဖို့ကြိုးပမ်းနေတဲ့ သရုပ်ဆောင် မင်းဦး

ရိုက်လက်စဇာတ်ကားတွေ ပြန်ရိုက်ခွင့်ရဖို့ကြိုးပမ်းနေတဲ့ သရုပ်ဆောင် မင်းဦး

သရုပ်ဆောင် မင်းဦးဟာ အခုလို Covid ကာလထဲမှာ ရိုက်လက်စဇာတ်ကားတွေ ရပ်နားထားရတဲ့အခြေအနေကနေ ပြန်လည်ရိုက်ကူးခွင့်တွေရဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

“အခုက ဘာလုပ်ရမှန်းမသိတဲ့အခြေအနေတစ်ခုပါ၊ ကျွန်တော်တို့ ရိုက်လက်စကားလေးတွေရှိတယ်၊ အဲ့ဒါလေးတွေ COVID ကြောင့် နားထားခဲ့ရတယ်၊ အခုက ပြည်တွင်းကူးစက်မှုတွေလည်း မရှိသလောက်ဖြစ်လာတာရယ် အစိုးရပိုင်းကလည်း ဖြေလျှော့မှုတွေပေးနေတယ်၊ စားသောက်ဆိုင်တွေဆိုလည်း ပြန်ဖွင့်ခွင့်ပေးနေပြီ၊ မကြာခင်လည်း ကျောင်းတွေဖွင့်ဖို့မှန်းထားတာတွေရှိတော့ ကျွန်တော်တို့ အနုပညာလုပ်ငန်းတွေမှာလည်း လောလောဆယ် ရုံတွေကိုမဖွင့်နိုင်သေးရင်တောင် ရိုက်ကူးမှုတွေကို ခွင့်ပြုမလားလို့ မျှော်လင့်နေကြတာပေါ့၊ ကျွန်တော်တို့ ရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာဆိုရင် လူအများကြီးနဲ့အလုပ်လုပ်ရတာတွေရှိတော့လည်း Social Distancing အနေနဲ့လုပ်ရင် ဘယ်လိုပုံစံမျိုးနဲ့သွားမလဲဆိုတာတွေကိုလည်း ကိုယ့်နီးစပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ စီနီယာပုဂ္ဂိုလ်ကြီးတွေနဲ့ တိုင်ပင်တာတွေတော့ရှိတယ်၊ သို့သော်လည်း ခွင့်ပြုမှုက ကျန်းမာရေးဘက်ကလုပ်ရမှာဆိုတော့ ဘယ်တော့များမှ ပြန်ပြီးလုပ်ခွင့်ရမလဲဆိုတာတော့ မပြောတတ်သေးဘူး၊ မျှော်လင့်မိတာတော့အမှန်ပါပဲ” လို့ သူကရှင်းပြပါတယ်။

သူဟာ “နင်စေရင်” လို့ နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၃ ခုနှစ်က အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့သူတစ်ဦးလည်းဖြစ်ပြီး လက်ရှိအချိန်မှာ ရင်သွေးမရရှိသေးပေမယ့် ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘ၀နဲ့ ဖြတ်သန်းနေသူဖြစ်ပါတယ်။သူဟာသရုပ်ဆောင်အဖြစ်သာမက ကိုယ်တိုင်ဒါရိုက်တာအဖြစ်လုပ်ကိုင်ရင်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေလျက်ရှိပြီး အနုပညာသက်တမ်းမှာ နှစ်ပေါင်း ၃၀ ကျော်ကာလကို ရောက်ရှိလာသူတစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ်။                                         

အခုကာလဟာ COVID-19 ကပ်ရောဂါနဲ့ပတ်သက်လို့ အစိုးရပိုင်းက နိုင်နင်းစွာထိန်းချုပ်နိုင်တဲ့ကာလ ဖြစ်တဲ့အတွက် ပရိသတ်တွေအနေနဲ့လည်း ရောဂါပြီးပြီလို့ထင်မှတ်ကာ ပေါ့ဆမနေသင့်ကြောင်း၊ တခြားနိုင်ငံတွေထက်စာရင် မြန်မာနိုင်ငံဟာ ထိခိုက်မှုနည်းပါးတဲ့အခြေအနေကြောင့် ဆက်လက်ပြီးလည်းလိုက်နာဖို့ လိုအပ်သလို သူကိုယ်တိုင်လည်း ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်တွေကို စနစ်တကျနဲ့လိုက်နာပြုမူပြီး နေထိုင်နေတယ်လို့ သိရပါတယ်။              

မင်းခေတ်လင်း
ရန်ကုန်၊ ဇူလိုင် - ၄
( Zawgyi )
သ႐ုပ္ေဆာင္ မင္းဦးဟာ အခုလို Covid ကာလထဲမွာ ႐ိုက္လက္စဇာတ္ကားေတြ ရပ္နားထားရတဲ့အေျခအေနကေန ျပန္လည္႐ိုက္ကူးခြင့္ေတြရဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။

“အခုက ဘာလုပ္ရမွန္းမသိတဲ့အေျခအေနတစ္ခုပါ၊ ကြၽန္ေတာ္တို႔ ႐ိုက္လက္စကားေလးေတြရွိတယ္၊ အဲ့ဒါေလးေတြ COVID ေၾကာင့္ နားထားခဲ့ရတယ္၊ အခုက ျပည္တြင္းကူးစက္မႈေတြလည္း မရွိသေလာက္ျဖစ္လာတာရယ္ အစိုးရပိုင္းကလည္း ေျဖေလွ်ာ့မႈေတြေပးေနတယ္၊ စားေသာက္ဆိုင္ေတြဆိုလည္း ျပန္ဖြင့္ခြင့္ေပးေနၿပီ၊ မၾကာခင္လည္း ေက်ာင္းေတြဖြင့္ဖို႔မွန္းထားတာေတြရွိေတာ့ ကြၽန္ေတာ္တို႔ အႏုပညာလုပ္ငန္းေတြမွာလည္း ေလာေလာဆယ္ ႐ုံေတြကိုမဖြင့္ႏိုင္ေသးရင္ေတာင္ ႐ိုက္ကူးမႈေတြကို ခြင့္ျပဳမလားလို႔ ေမွ်ာ္လင့္ေနၾကတာေပါ့၊ ကြၽန္ေတာ္တို႔ ႐ုပ္ရွင္႐ိုက္ကြင္းတစ္ခုမွာဆိုရင္ လူအမ်ားႀကီးနဲ႔အလုပ္လုပ္ရတာေတြရွိေတာ့လည္း Social Distancing အေနနဲ႔လုပ္ရင္ ဘယ္လိုပုံစံမ်ိဳးနဲ႔သြားမလဲဆိုတာေတြကိုလည္း ကိုယ့္နီးစပ္တဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြ စီနီယာပုဂၢိဳလ္ႀကီးေတြနဲ႔ တိုင္ပင္တာေတြေတာ့ရွိတယ္၊ သို႔ေသာ္လည္း ခြင့္ျပဳမႈက က်န္းမာေရးဘက္ကလုပ္ရမွာဆိုေတာ့ ဘယ္ေတာ့မ်ားမွ ျပန္ၿပီးလုပ္ခြင့္ရမလဲဆိုတာေတာ့ မေျပာတတ္ေသးဘူး၊ ေမွ်ာ္လင့္မိတာေတာ့အမွန္ပါပဲ” လို႔ သူကရွင္းျပပါတယ္။

သူဟာ “နင္ေစရင္” လို႔ နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားနဲ႔ ၂၀၁၃ ခုႏွစ္က အေကာင္းဆုံး အမ်ိဳးသားဇာတ္ပို႔ဆုကို ရရွိခဲ့သူတစ္ဦးလည္းျဖစ္ၿပီး လက္ရွိအခ်ိန္မွာ ရင္ေသြးမရရွိေသးေပမယ့္ ေပ်ာ္႐ႊင္စရာေကာင္းတဲ့မိသားစုဘ၀နဲ႔ ျဖတ္သန္းေနသူျဖစ္ပါတယ္။သူဟာသ႐ုပ္ေဆာင္အျဖစ္သာမက ကိုယ္တိုင္ဒါ႐ိုက္တာအျဖစ္လုပ္ကိုင္ရင္း ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကို ႐ိုက္ကူးေနလ်က္ရွိၿပီး အႏုပညာသက္တမ္းမွာ ႏွစ္ေပါင္း ၃၀ ေက်ာ္ကာလကို ေရာက္ရွိလာသူတစ္ဦးလည္းျဖစ္တယ္လို႔ သိရပါတယ္။                                         

အခုကာလဟာ COVID-19 ကပ္ေရာဂါနဲ႔ပတ္သက္လို႔ အစိုးရပိုင္းက ႏိုင္နင္းစြာထိန္းခ်ဳပ္ႏိုင္တဲ့ကာလ ျဖစ္တဲ့အတြက္ ပရိသတ္ေတြအေနနဲ႔လည္း ေရာဂါၿပီးၿပီလို႔ထင္မွတ္ကာ ေပါ့ဆမေနသင့္ေၾကာင္း၊ တျခားႏိုင္ငံေတြထက္စာရင္ ျမန္မာႏိုင္ငံဟာ ထိခိုက္မႈနည္းပါးတဲ့အေျခအေနေၾကာင့္ ဆက္လက္ၿပီးလည္းလိုက္နာဖို႔ လိုအပ္သလို သူကိုယ္တိုင္လည္း က်န္းမာေရးဆိုင္ရာသတ္မွတ္ခ်က္ေတြကို စနစ္တက်နဲ႔လိုက္နာျပဳမူၿပီး ေနထိုင္ေနတယ္လို႔ သိရပါတယ္။              

မင္းေခတ္လင္း
ရန္ကုန္၊ ဇူလိုင္ - ၄