မိခင်အတွက် အိမ်ကောင်းကောင်းတစ်လုံးဆောက်ပေးဖို့ ဆန္ဒပြင်းပြနေတဲ့ တေးသံရှင် ဘဝ

မိခင်အတွက် အိမ်ကောင်းကောင်းတစ်လုံးဆောက်ပေးဖို့ ဆန္ဒပြင်းပြနေတဲ့ တေးသံရှင် ဘဝ

ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းရင်း အောင်မြင်မှုမှတ်တိုင်တစ်ခုရဖို့ ကြိုးပမ်းနေတဲ့ တေးသံရှင် ဘဝဟာ သူ့မိခင်အတွက် အိမ်ကောင်းကောင်းတစ်လုံး ဆောက်ပေးနိုင်ဖို့ ဆန္ဒပြင်းပြနေတယ်လို့ ပြောပါတယ်။
 
သူဟာ “နတ်ပြည်သွားမယ်” လို့ နာမည်ရတဲ့ တစ်ကိုယ်တော်တေးသီချင်းခွေ ထွက်ရှိထားသူလည်းဖြစ်သလို Winner ဖြစ်ချင်တဲ့ မျှော်လင့်ချက်တွေနဲ့ လက်ရှိမှာ The Voice Myanmar (Season-3) တေးသီချင်းဆိုပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့သူလည်းဖြစ်ပါတယ်။
 
“ကျွန်တော့် အမေကို အိမ်ကောင်းကောင်းလေးတစ်လုံး ဆောက်ပေးချင်တယ်၊ စိတ်ထဲမှာလည်း အရမ်းကိုဆန္ဒပြင်းပြနေတယ်၊ ဒါက ကျွန်တော့်ရဲ့အိပ်မက်ပါ၊ တကယ်တော့ ကံကြမ္မာက မျက်နှာသာပေးလို့ ကျွန်တော်သာ Winner တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်မသေခင်လေးမှာ ကျွန်တော် ကျေးဇူးဆပ်သင့်တဲ့သူတွေကို ကျေးဇူးဆပ်သွားမယ်” လို့ သူက ရှင်းပြပါတယ်။
 
ဂီတအပေါ် အရမ်းကိုဝါသနာပါတာကြောင့် တစ်ကိုယ်တော်အခွေအထိထုတ်လုပ်ကာ လုပ်ဆောင်ခဲ့ပေမယ့် ပရိသတ်အားပေးမှုနည်းနေသေးတဲ့အခြေအနေကြောင့် ဂီတလောကရဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်စေဖို့ အထောက်အပံ့ဖြစ်စေမယ့် အဆိုပါတေးသီချင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလို့လည်း သူကပြောပြပါတယ်။
 
“သီချင်းတွေလည်း အများကြီးတော့ လုပ်နေတာရှိပါတယ်၊ ကျွန်တော်မျှော်လင့်တဲ့ ပန်းတိုင်က မရောက်သေးဘူး၊ မရောက်သေးတဲ့အတွက် ကြိုးစားနေတယ်၊ ကျွန်တော့်အမေကို အနုပညာအလုပ်တွေနဲ့ အကျိုးပြုချင်တယ်” လို့ သူက ဆက်လက်ပြောပြပါတယ်။
 
သူဟာ လက်ရှိမှာလည်း တေးသီချင်းအသစ်တွေကို ဖန်တီးနေပြီး “ကဗျာသီ စာစီ” လို့ နာမည်ရတဲ့ တေးသီချင်းတစ်ပုဒ်လည်း ထွက်လာဖို့ရှိသလို နောက်ထပ်အခွေသစ်အနေနဲ့ ထုတ်လုပ်နိုင်ဖို့လည်း အခုလိုကာလထဲမှာ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ 
 
မင်းခေတ်လင်း 
(ဓာတ်ပုံ - ကိုနိုင် NG)
ရန်ကုန်၊ အောက်တိုဘာ - ၁၆
 
( Zawgyi )
 
ဂီတလမ္းေၾကာင္းေပၚမွာ ေလွ်ာက္လွမ္းရင္း ေအာင္ျမင္မႈမွတ္တိုင္တစ္ခုရဖို႔ ႀကိဳးပမ္းေနတဲ့ ေတးသံရွင္ ဘဝဟာ သူ႔မိခင္အတြက္ အိမ္ေကာင္းေကာင္းတစ္လုံး ေဆာက္ေပးႏိုင္ဖို႔ ဆႏၵျပင္းျပေနတယ္လို႔ ေျပာပါတယ္။
 
သူဟာ “နတ္ျပည္သြားမယ္” လို႔ နာမည္ရတဲ့ တစ္ကိုယ္ေတာ္ေတးသီခ်င္းေခြ ထြက္ရွိထားသူလည္းျဖစ္သလို Winner ျဖစ္ခ်င္တဲ့ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ လက္ရွိမွာ The Voice Myanmar (Season-3) ေတးသီခ်င္းဆိုၿပိဳင္ပြဲမွာ ဝင္ၿပိဳင္ခဲ့သူလည္းျဖစ္ပါတယ္။
 
“ကြၽန္ေတာ့္ အေမကို အိမ္ေကာင္းေကာင္းေလးတစ္လုံး ေဆာက္ေပးခ်င္တယ္၊ စိတ္ထဲမွာလည္း အရမ္းကိုဆႏၵျပင္းျပေနတယ္၊ ဒါက ကြၽန္ေတာ့္ရဲ႕အိပ္မက္ပါ၊ တကယ္ေတာ့ ကံၾကမၼာက မ်က္ႏွာသာေပးလို႔ ကြၽန္ေတာ္သာ Winner တစ္ေယာက္ျဖစ္ခဲ့မယ္ဆိုရင္ ကြၽန္ေတာ္မေသခင္ေလးမွာ ကြၽန္ေတာ္ ေက်းဇူးဆပ္သင့္တဲ့သူေတြကို ေက်းဇူးဆပ္သြားမယ္” လို႔ သူက ရွင္းျပပါတယ္။
 
ဂီတအေပၚ အရမ္းကိုဝါသနာပါတာေၾကာင့္ တစ္ကိုယ္ေတာ္အေခြအထိထုတ္လုပ္ကာ လုပ္ေဆာင္ခဲ့ေပမယ့္ ပရိသတ္အားေပးမႈနည္းေနေသးတဲ့အေျခအေနေၾကာင့္ ဂီတေလာကရဲ႕ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚေရာက္ေစဖို႔ အေထာက္အပံ့ျဖစ္ေစမယ့္ အဆိုပါေတးသီခ်င္းၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာလို႔လည္း သူကေျပာျပပါတယ္။
 
“သီခ်င္းေတြလည္း အမ်ားႀကီးေတာ့ လုပ္ေနတာရွိပါတယ္၊ ကြၽန္ေတာ္ေမွ်ာ္လင့္တဲ့ ပန္းတိုင္က မေရာက္ေသးဘူး၊ မေရာက္ေသးတဲ့အတြက္ ႀကိဳးစားေနတယ္၊ ကြၽန္ေတာ့္အေမကို အႏုပညာအလုပ္ေတြနဲ႔ အက်ိဳးျပဳခ်င္တယ္” လို႔ သူက ဆက္လက္ေျပာျပပါတယ္။
 
သူဟာ လက္ရွိမွာလည္း ေတးသီခ်င္းအသစ္ေတြကို ဖန္တီးေနၿပီး “ကဗ်ာသီ စာစီ” လို႔ နာမည္ရတဲ့ ေတးသီခ်င္းတစ္ပုဒ္လည္း ထြက္လာဖို႔ရွိသလို ေနာက္ထပ္အေခြသစ္အေနနဲ႔ ထုတ္လုပ္ႏိုင္ဖို႔လည္း အခုလိုကာလထဲမွာ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။ 
 
မင္းေခတ္လင္း 
(ဓာတ္ပုံ - ကိုႏိုင္ NG)
ရန္ကုန္၊ ေအာက္တိုဘာ - ၁၆