မရိုက်ရရင် မနေနိုင်ဖြစ်နေတယ်ဆိုတဲ့ သရုပ်ဆောင်/ဒါရိုက်တာ ကိုပေါက်

မရိုက်ရရင် မနေနိုင်ဖြစ်နေတယ်ဆိုတဲ့ သရုပ်ဆောင်/ဒါရိုက်တာ ကိုပေါက်

သရုပ်ဆောင်အဖြစ်သာမက ဒါရိုက်တာအဖြစ်လည်း လုပ်ကိုင်နေတဲ့ ကိုပေါက်ဟာ မရိုက်ရရင် မနေနိုင်အောင်ဖြစ်နေတဲ့ သူ့ဗီဇကြောင့် အခုလိုကာလမှာ Tik Tok လေးတွေရိုက်ရင်း ဖျော်ဖြေ နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကိုယ်ကရိုက်ပြုပြီးလုပ်နေရမှ ကျေနပ်တာလေ၊ ကိုယ်ကရိုက်ရင်ရိုက် မရိုက်ရင်သူများ ရိုက် တာခံပဲလေ၊ ကိုယ်ရယ်ချင်တာလေး ကိုယ်သဘောကျတာလေးကို သူများတွေလည်း ရယ်ရ အောင် ပြန်ပြီးတော့ Tik Tok လေးတွေနဲ့ သရုပ်ဖော်တာပါ၊ ကျွန်တော့်အမျိုးသမီးကလည်း သူတွေ့ကြုံခဲ့တဲ့ ရယ်စရာလေးတွေကို ကျွန်တော့်ကို ပြောပြတာတွေရှိသလို ကိုယ်တိုင်စိတ်ကူး လေးနဲ့ ပုံဖော်တာလည်း ရှိပါတယ်”လို့ သရုပ်ဆောင်/ ဒါရိုက်တာ ကိုပေါက် က ရှင်းပြပါတယ်။  

သူဟာ Tik Tok ကို မကျွမ်းကျင်တာကြောင့်လည်း သရုပ်ဆောင် ခြူးလေးကို မေးမြန်းရင်း စမ်းသပ်ရိုက်ကူးရာကနေ နေ့စဉ်တစ်ရက်ကို တစ်ခု၊ နှစ်ခုလောက် ပုံမှန်လေး ရိုက်ဖြစ် နေတယ်လို့ သိရပါတယ်။

အဲ့ဒီလို နေ့စဉ်ရိုက်ကူးရင်း အွန်လိုင်းပေါ်မတင်ဖြစ်သေးဘဲ သိမ်းထားတာတွေလည်းရှိသလို COVID 19 ကာလ ကျော်လွန်သွားတဲ့အခါမှာလည်း Tik Tok လေးတွေကို ပုံမှန်တင်ဆက်သွား ဖို့ရှိကြောင်း၊ အဓိအားဖြင့် ကြည့်ရှုနေတဲ့ပရိသတ်တွေ အနေနဲ့ ပျော်ရွှင်စေချင်တဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ သူကဆိုပါတယ်။

“Tik Tok က အရင်က မကျွမ်းကျင်ဘူး၊ သိလည်းမသိခဲ့ဘူး၊ Application ကလည်း မရှိဘူး၊ Application ကို အွန်လိုင်းကနေ Down ပြီးတော့မှ လုပ်ရတယ်၊ ကိုယ်မသိတာတွေကို မေးရင်း ပြုရင်းနဲ့ ဆော့တာပေါ့၊ ဒီလို COVID ကာလမှာ ဆော့ဖြစ်သွားတယ်၊ သူကလည်း မလွယ်ဘူး၊ ခဏခဏပြန်ပြန်ရိုက်ရတယ်၊ ကလေးတွေ ကတောင် နှစ်ခါ၊ သုံးခါ၊ လေးခါ ပြန်ရိုက်ရရင် စိတ်မရှည်တော့ အဆင်မပြေဘူး၊ ကိုယ်က ခဏခဏပြန်ပြန်ပြီး လုပ်ရတယ်၊ “နင်နေကောင်း လား” သီချင်းနဲ့ဆော့တာ၊ စွပ်ကျယ်အစုတ်နဲ့ စမ်းပြီးရိုက်ရင်းနဲ့ လုပ်ရင်းနဲ့ လိုင်းပေါ် တက်သွား တယ်၊ နောက်တော့ ပြန်ပြီးတော့လုပ်ရင်းနဲ့ အဆင်ပြေသွားတယ်၊ Tik Tok ရိုက်တဲ့အထဲမှာ မိန်းမ ဝတ်စုံတွေက အစ်ကိုသိမ်းထားတဲ့ဟာတွေလည်းပါတယ်၊ တစ်ချို့ဇာတ်ကားတွေမှာ အခြောက်မ အနေနဲ့ သရုပ်ဆောင်ခဲ့ရတာတွေရှိတယ်၊ အဲ့ဒီတုန်းက သိမ်းထားတဲ့ အဝတ်အစားတွေကို ပြန်ထုတ်ပြီးတော့ ရိုက်တာ တွေလည်းရှိသလို တစ်ချို့အဝတ်အစားက မတော်တော့ဘူး၊ ဆံပင်တုတွေကတော့ ယွန်းရွှေရည်ဆီက ငှားရတာပါ၊ ရယ်စေချင်တာပါ၊ ရယ်စရာအနေနဲ့ပဲ တင်ဆက်ချင်တာ၊ တစ်ခါတလေ မရယ်ရဘဲနဲ့ ဖြစ်သွားတာတွေရှိတယ်ဆိုရင် ခွင့်လွှတ်ပါလို့ ပြောချင်ပါတယ်”လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇွန် ၁၃

(  Zawgyi  )

 သ႐ုပ္ေဆာင္အျဖစ္သာမက ဒါ႐ိုက္တာအျဖစ္လည္း လုပ္ကိုင္ေနတဲ့ ကိုေပါက္ဟာ မ႐ိုက္ရရင္ မေနႏိုင္ေအာင္ျဖစ္ေနတဲ့ သူ႔ဗီဇေၾကာင့္ အခုလိုကာလမွာ Tik Tok ေလးေတြ႐ိုက္ရင္း ေဖ်ာ္ေျဖ ေနတာ ျဖစ္တယ္လို႔ ေျပာပါတယ္။

“ကိုယ္က႐ိုက္ျပဳၿပီးလုပ္ေနရမွ ေက်နပ္တာေလ၊ ကိုယ္က႐ိုက္ရင္႐ိုက္ မ႐ိုက္ရင္သူမ်ား ႐ိုက္ တာခံပဲေလ၊ ကိုယ္ရယ္ခ်င္တာေလး ကိုယ္သေဘာက်တာေလးကို သူမ်ားေတြလည္း ရယ္ရ ေအာင္ ျပန္ၿပီးေတာ့ Tik Tok ေလးေတြနဲ႔ သ႐ုပ္ေဖာ္တာပါ၊ ကြၽန္ေတာ့္အမ်ိဳးသမီးကလည္း သူေတြ႕ႀကဳံခဲ့တဲ့ ရယ္စရာေလးေတြကို ကြၽန္ေတာ့္ကို ေျပာျပတာေတြရွိသလို ကိုယ္တိုင္စိတ္ကူး ေလးနဲ႔ ပုံေဖာ္တာလည္း ရွိပါတယ္”လို႔ သ႐ုပ္ေဆာင္/ ဒါ႐ိုက္တာ ကိုေပါက္ က ရွင္းျပပါတယ္။  

သူဟာ Tik Tok ကို မကြၽမ္းက်င္တာေၾကာင့္လည္း သ႐ုပ္ေဆာင္ ျခဴးေလးကို ေမးျမန္းရင္း စမ္းသပ္႐ိုက္ကူးရာကေန ေန႔စဥ္တစ္ရက္ကို တစ္ခု၊ ႏွစ္ခုေလာက္ ပုံမွန္ေလး ႐ိုက္ျဖစ္ ေနတယ္လို႔ သိရပါတယ္။

အဲ့ဒီလို ေန႔စဥ္႐ိုက္ကူးရင္း အြန္လိုင္းေပၚမတင္ျဖစ္ေသးဘဲ သိမ္းထားတာေတြလည္းရွိသလို COVID 19 ကာလ ေက်ာ္လြန္သြားတဲ့အခါမွာလည္း Tik Tok ေလးေတြကို ပုံမွန္တင္ဆက္သြား ဖို႔ရွိေၾကာင္း၊ အဓိအားျဖင့္ ၾကည့္ရႈေနတဲ့ပရိသတ္ေတြ အေနနဲ႔ ေပ်ာ္႐ႊင္ေစခ်င္တဲ့ အတြက္ေၾကာင့္ ျဖစ္တယ္လို႔ သူကဆိုပါတယ္။

“Tik Tok က အရင္က မကြၽမ္းက်င္ဘူး၊ သိလည္းမသိခဲ့ဘူး၊ Application ကလည္း မရွိဘူး၊ Application ကို အြန္လိုင္းကေန Down ၿပီးေတာ့မွ လုပ္ရတယ္၊ ကိုယ္မသိတာေတြကို ေမးရင္း ျပဳရင္းနဲ႔ ေဆာ့တာေပါ့၊ ဒီလို COVID ကာလမွာ ေဆာ့ျဖစ္သြားတယ္၊ သူကလည္း မလြယ္ဘူး၊ ခဏခဏျပန္ျပန္႐ိုက္ရတယ္၊ ကေလးေတြ ကေတာင္ ႏွစ္ခါ၊ သုံးခါ၊ ေလးခါ ျပန္႐ိုက္ရရင္ စိတ္မရွည္ေတာ့ အဆင္မေျပဘူး၊ ကိုယ္က ခဏခဏျပန္ျပန္ၿပီး လုပ္ရတယ္၊ “နင္ေနေကာင္း လား” သီခ်င္းနဲ႔ေဆာ့တာ၊ စြပ္က်ယ္အစုတ္နဲ႔ စမ္းၿပီး႐ိုက္ရင္းနဲ႔ လုပ္ရင္းနဲ႔ လိုင္းေပၚ တက္သြား တယ္၊ ေနာက္ေတာ့ ျပန္ၿပီးေတာ့လုပ္ရင္းနဲ႔ အဆင္ေျပသြားတယ္၊ Tik Tok ႐ိုက္တဲ့အထဲမွာ မိန္းမ ဝတ္စုံေတြက အစ္ကိုသိမ္းထားတဲ့ဟာေတြလည္းပါတယ္၊ တစ္ခ်ိဳ႕ဇာတ္ကားေတြမွာ အေျခာက္မ အေနနဲ႔ သ႐ုပ္ေဆာင္ခဲ့ရတာေတြရွိတယ္၊ အဲ့ဒီတုန္းက သိမ္းထားတဲ့ အဝတ္အစားေတြကို ျပန္ထုတ္ၿပီးေတာ့ ႐ိုက္တာ ေတြလည္းရွိသလို တစ္ခ်ိဳ႕အဝတ္အစားက မေတာ္ေတာ့ဘူး၊ ဆံပင္တုေတြကေတာ့ ယြန္းေ႐ႊရည္ဆီက ငွားရတာပါ၊ ရယ္ေစခ်င္တာပါ၊ ရယ္စရာအေနနဲ႔ပဲ တင္ဆက္ခ်င္တာ၊ တစ္ခါတေလ မရယ္ရဘဲနဲ႔ ျဖစ္သြားတာေတြရွိတယ္ဆိုရင္ ခြင့္လႊတ္ပါလို႔ ေျပာခ်င္ပါတယ္”လို႔ သူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇြန္ ၁၃