ဘဝရဲ့ အနုပညာမှတ်တမ်းအနေနဲ့ ကျန်ခဲ့စေဖို့ တေးအယ်လ်ဘမ်ကို လည်း စီစဉ်နေတဲ့ ရဲလေး

ဘဝရဲ့ အနုပညာမှတ်တမ်းအနေနဲ့ ကျန်ခဲ့စေဖို့ တေးအယ်လ်ဘမ်ကို လည်း စီစဉ်နေတဲ့ ရဲလေး

တေးသံရှင်အဖြစ်သာမကဘဲ သရုပ်ဆောင်အလုပ်ကိုပါ လုပ်ကိုင်နေတဲ့ ရဲလေးဟာ သူ့ရဲ့ဘဝမှာ အနုပညာမှတ်တမ်းတစ်ခုအနေနဲ့ ကျန်နေစေဖို့ တေးအယ်လ်ဘမ်တစ်ခုကိုလည်း ထုတ်နိုင်အောင် စီစဉ်နေတယ်လို့ ပြောပါတယ်။

“တေးအယ်လ်ဘမ်ထွက်ဖို့ရှိပါတယ်၊ ဘယ်နေ့လည်းဆိုတာ မပြောသေးဘူး၊ ကျွန်တော် သုံးလလောက် ကြိုပြောပါ့မယ်၊ ၉ ခွေမြောက် အယ်လ် ဘမ် အနေနဲ့ထွက်မှာပါ၊ နားထောင်ခဲ့ဖူးလို့ အားပေးခဲ့ကြတဲ့သီချင်း တွေလည်း ပြန်ပါမယ်၊ အသစ်တွေလည်းပါမယ်၊ အခုက ကျွန်တော်တို့ လုပ်နေတာက Digital ပလက်ဖောင်းမှာ လုပ်နေရတဲ့ အခြေအနေတွေဆိုတော့ ခေတ်ရဲ့တိုးတက်မှုကို မလိုက်လို့မရဘူး၊ ဒါပေမဲ့လည်း ကျွန်တော် တို့က Record ဆိုတာကိုလည်း လိုချင်တဲ့ အတွက် တေးအယ်လ်ဘမ်ကတော့ ထွက်မှာပါ၊ ထွက်ဖြစ်အောင်လည်း လုပ်မှာပါ၊ Digital ပလက်ဖောင်းအနေနဲ့ Single Song သီချင်းအသစ်တွေလည်း နိုဝင်ဘာမှာ တစ်ပုဒ်၊ ဒီဇင်ဘာမှာ တစ်ပုဒ်ထွက်ပါမယ်၊ ကျွန်တော် ကတော့ ကြိုပြီးရိုက်ထားတယ်၊ ဘာလို့လဲဆိုတော့ ကားရိုက်တာတွေနဲ့ သွားပြီးထပ်နေမှာစိုးလို့ပါ၊ ဘဝမှာရှိတဲ့ အချိန်လေးမှာ အကောင်းဆုံးဖြစ်အောင် လုပ်သွားချင်လို့ ဒါတွေကိုလည်း စီစဉ်တာ ဖြစ်ပါတယ်”လို့ သရုပ်ဆောင်/တေးဆို ရဲလေးက ရှင်းပြပါတယ်။

ပရိသတ်များ၏ တောင်းဆိုမှုအရ ဖျော်ဖြေပွဲများကိုလည်းစီစဉ်ထားကာ တကိုယ်တော်ဖျော်ဖြေပွဲကို ယခုနှစ်အတွင်း လုပ်နိုင်အောင် လျာထားသော် လည်း မလုပ်နိုင်ပါက လာမယ့် ၂၀၂၀ နှစ်ဆန်းကာလထဲ လုပ်ဆောင်နိုင်ဖို့ မျှော်မှန်းထားကြောင်း၊ သူ့ရဲ့သီချင်းတွေသီးသန့် နားထောင် ချင်တဲ့ သူတွေအတွက် ယခုလိုရည်ရွယ်တာဖြစ်သလို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ လုပ်ဆောင်သွားဖို့ရှိကြောင်း၊ ယခုကတည်းက အစီအစဉ်တွေ ကို ကြိုတင်ရေးဆွဲနေတယ်လို့ သိရပါတယ်။

“သရုပ်ဆောင်တာနဲ့ပတ်သက်လို့ ဟာသကားလေးတွေရှိတယ်၊ ရိုက်ထားတာ တော်တော်များများရှိတယ်၊ ဒရမ်မာကားတွေလည်း ရှိတယ်၊ အချိန်တန်ရင်တော့ ရုံပေါ်ရောက်မယ်လို့ မျှော်လင့်တယ်၊ လောလောဆယ်က တန်းစီစနစ်ဆိုလားဘာလားပဲ စောင့်နေတုန်းပေါ့၊ အခုလက်ရှိ သီချင်းပွဲလေးတွေ လက်ခံထားတယ်၊ အဲ့ဒါလေးတွေဆိုမယ်၊ ၂၀၂၀ အတွက် Plan တွေ ချနေတယ်၊ သီချင်းအသစ်တွေ၊ ရုပ်ရှင်ကားအသစ်တွေ အတွက်လည်း ပြင်ဆင်နေတယ်”လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ နိုဝင်ဘာ ၁၉

(  Zawgyi  )

 ေတးသံရွင္အျဖစ္သာမကဘဲ သ႐ုပ္ေဆာင္အလုပ္ကိုပါ လုပ္ကိုင္ေနတဲ့ ရဲေလးဟာ သူ႔ရဲ႕ဘဝမွာ အႏုပညာမွတ္တမ္းတစ္ခုအေနနဲ႔ က်န္ေနေစဖို႔ ေတးအယ္လ္ဘမ္တစ္ခုကိုလည္း ထုတ္ႏိုင္ေအာင္ စီစဥ္ေနတယ္လို႔ ေျပာပါတယ္။

“ေတးအယ္လ္ဘမ္ထြက္ဖို႔ရွိပါတယ္၊ ဘယ္ေန႔လည္းဆိုတာ မေျပာေသးဘူး၊ ကြၽန္ေတာ္ သုံးလေလာက္ ႀကိဳေျပာပါ့မယ္၊ ၉ ေခြေျမာက္ အယ္လ္ ဘမ္ အေနနဲ႔ထြက္မွာပါ၊ နားေထာင္ခဲ့ဖူးလို႔ အားေပးခဲ့ၾကတဲ့သီခ်င္း ေတြလည္း ျပန္ပါမယ္၊ အသစ္ေတြလည္းပါမယ္၊ အခုက ကြၽန္ေတာ္တို႔ လုပ္ေနတာက Digital ပလက္ေဖာင္းမွာ လုပ္ေနရတဲ့ အေျခအေနေတြဆိုေတာ့ ေခတ္ရဲ႕တိုးတက္မႈကို မလိုက္လို႔မရဘူး၊ ဒါေပမဲ့လည္း ကြၽန္ေတာ္ တို႔က Record ဆိုတာကိုလည္း လိုခ်င္တဲ့ အတြက္ ေတးအယ္လ္ဘမ္ကေတာ့ ထြက္မွာပါ၊ ထြက္ျဖစ္ေအာင္လည္း လုပ္မွာပါ၊ Digital ပလက္ေဖာင္းအေနနဲ႔ Single Song သီခ်င္းအသစ္ေတြလည္း ႏိုဝင္ဘာမွာ တစ္ပုဒ္၊ ဒီဇင္ဘာမွာ တစ္ပုဒ္ထြက္ပါမယ္၊ ကြၽန္ေတာ္ ကေတာ့ ႀကိဳၿပီး႐ိုက္ထားတယ္၊ ဘာလို႔လဲဆိုေတာ့ ကား႐ိုက္တာေတြနဲ႔ သြားၿပီးထပ္ေနမွာစိုးလို႔ပါ၊ ဘဝမွာရွိတဲ့ အခ်ိန္ေလးမွာ အေကာင္းဆုံးျဖစ္ေအာင္ လုပ္သြားခ်င္လို႔ ဒါေတြကိုလည္း စီစဥ္တာ ျဖစ္ပါတယ္”လို႔ သ႐ုပ္ေဆာင္/ေတးဆို ရဲေလးက ရွင္းျပပါတယ္။

ပရိသတ္မ်ား၏ ေတာင္းဆိုမႈအရ ေဖ်ာ္ေျဖပြဲမ်ားကိုလည္းစီစဥ္ထားကာ တကိုယ္ေတာ္ေဖ်ာ္ေျဖပြဲကို ယခုႏွစ္အတြင္း လုပ္ႏိုင္ေအာင္ လ်ာထားေသာ္ လည္း မလုပ္ႏိုင္ပါက လာမယ့္ ၂၀၂၀ ႏွစ္ဆန္းကာလထဲ လုပ္ေဆာင္ႏိုင္ဖို႔ ေမွ်ာ္မွန္းထားေၾကာင္း၊ သူ႔ရဲ႕သီခ်င္းေတြသီးသန႔္ နားေထာင္ ခ်င္တဲ့ သူေတြအတြက္ ယခုလိုရည္႐ြယ္တာျဖစ္သလို ရန္ကုန္နဲ႔ မႏၲေလးၿမိဳ႕ေတြမွာ လုပ္ေဆာင္သြားဖို႔ရွိေၾကာင္း၊ ယခုကတည္းက အစီအစဥ္ေတြ ကို ႀကိဳတင္ေရးဆြဲေနတယ္လို႔ သိရပါတယ္။

“သ႐ုပ္ေဆာင္တာနဲ႔ပတ္သက္လို႔ ဟာသကားေလးေတြရွိတယ္၊ ႐ိုက္ထားတာ ေတာ္ေတာ္မ်ားမ်ားရွိတယ္၊ ဒရမ္မာကားေတြလည္း ရွိတယ္၊ အခ်ိန္တန္ရင္ေတာ့ ႐ုံေပၚေရာက္မယ္လို႔ ေမွ်ာ္လင့္တယ္၊ ေလာေလာဆယ္က တန္းစီစနစ္ဆိုလားဘာလားပဲ ေစာင့္ေနတုန္းေပါ့၊ အခုလက္ရွိ သီခ်င္းပြဲေလးေတြ လက္ခံထားတယ္၊ အဲ့ဒါေလးေတြဆိုမယ္၊ ၂၀၂၀ အတြက္ Plan ေတြ ခ်ေနတယ္၊ သီခ်င္းအသစ္ေတြ၊ ႐ုပ္ရွင္ကားအသစ္ေတြ အတြက္လည္း ျပင္ဆင္ေနတယ္”လို႔ သူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ႏိုဝင္ဘာ ၁၉