ပဉ္စမအကြိမ်မြောက် ကမ္ဘာ့အင်တာနက်ညီလာခံ တရုတ် လက်ခံကျင်းပမည်

ပဉ္စမအကြိမ်မြောက် ကမ္ဘာ့အင်တာနက်ညီလာခံ တရုတ် လက်ခံကျင်းပမည်

အာဏာပိုင်တွေရဲ့ သောကြာနေ့က ပြောကြားချက်အရ တရုတ်နိုင်ငံဟာ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့အင်တာနက်ညီလာခံ (WIC) ကို နိုဝင်ဘာလမှာ ဝူကျင်းမြို့မှာ လက်ခံကျင်းပသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ် ဆိုင်ဘာကွပ်ကွဲေရေးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူး လျူ လဲဟွန်း က နိုင်ငံတော်ကောင်စီ သတင်းအချက်အလက်ရုံးရဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုကြေညာလိုက်တာပဲ ဖြစ်တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

ဒီနှစ်ရဲ့ ကမ္ဘာ့အင်တာနက်ညီလာခံကိုတော့ ဆိုင်ဘာနယ်ပယ်မှာ ဘုံအနာဂတ်နဲ့ လူ့အသိုင်းအဝိုင်းကို ဦးတည်တဲ့ အပြန်အလှန်ယုံကြည်မှုနဲ့ စုပေါင်းအုပ်ချုပ်တဲ့ ဒစ်ဂျစ်တယ်ကမ္ဘာ ဖန်တီးထူထောင်ရေးဆိုတဲ့ ခေါင်းစဉ်အေောက်မှာ တရုတ်နိုင်ငံရဲ့ ကျဲ့ကျန်းပြည်နယ်မှာ ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။

နိုဝင်ဘာ ၇ ရက်ကနေ ၉ ရက်အထိ ကျင်းပသွားမယ့် ဒီညီလာခံံကို အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ နည်းပညာလောကသားများနဲ့ အစိုးမဟုတ်တဲ့ အဖွဲ့အစည်းများမှ ဧည့်သည်တော်များကို ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။

“ကမ္ဘာနဲ့အဝန်းက နိုင်ငံတွေကြားမှာ အပြန်အလှန်ယုံကြည်မှုနဲ့ စုပေါင်းအုပ်ချုပ်တဲ့ သဘောလက္ခဏာပါတဲ့ အင်တာနက်ဖွံံ့ဖြိုးရေး အမြင်ကို ရင့်သန်တိုးတက်လာစေမှာ ဖြစ်တယ်” လို့လည်း လျူ က ပြောပါတယ်။

ဒီညီလာခံက ဖလှယ်မှုတွေ၊ အပြန်အလှန်အသိပေးပြီး ပူးပေါင်းဆောင်ရွက်တာတွေ၊ ဒစ်ဂျစ်တယ်နယ်ပယ်ထဲမှာ မျှဝေတာတွေနဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို တွန်းအားပေးတာတွေကို ထောက်ခံမြှင့်တင်မှာပဲ ဖြစ်ပါတယ်။

Internet Tip
Gadgetsnow
အောက်တိုဘာ - ၁

( Zawgyi )

အာဏာပိုင္ေတြရဲ႕ ေသာၾကာေန႔က ေျပာၾကားခ်က္အရ တ႐ုတ္ႏိုင္ငံဟာ ပၪၥမအႀကိမ္ေျမာက္ ကမာၻ႔အင္တာနက္ညီလာခံ (WIC) ကို ႏိုဝင္ဘာလမွာ ဝူက်င္းၿမိဳ႕မွာ လက္ခံက်င္းပသြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

တ႐ုတ္ ဆိုင္ဘာကြပ္ကြဲေေရးဌာနရဲ႕ လက္ေထာက္ၫႊန္ၾကားေရးမႉး လ်ဴ လဲဟြန္း က ႏိုင္ငံေတာ္ေကာင္စီ သတင္းအခ်က္အလက္႐ုံးရဲ႕ သတင္းစာရွင္းလင္းပြဲမွာ အခုလိုေၾကညာလိုက္တာပဲ ျဖစ္တယ္လို႔ ဆင္ဟြာသတင္းမွာ ေဖာ္ျပထားပါတယ္။

ဒီႏွစ္ရဲ႕ ကမာၻ႔အင္တာနက္ညီလာခံကိုေတာ့ ဆိုင္ဘာနယ္ပယ္မွာ ဘုံအနာဂတ္နဲ႔ လူ႔အသိုင္းအဝိုင္းကို ဦးတည္တဲ့ အျပန္အလွန္ယုံၾကည္မႈနဲ႔ စုေပါင္းအုပ္ခ်ဳပ္တဲ့ ဒစ္ဂ်စ္တယ္ကမာၻ ဖန္တီးထူေထာင္ေရးဆိုတဲ့ ေခါင္းစဥ္ေအောက္မွာ တ႐ုတ္ႏိုင္ငံရဲ႕ က်ဲ႕က်န္းျပည္နယ္မွာ က်င္းပသြားမွာပဲ ျဖစ္ပါတယ္။

ႏိုဝင္ဘာ ၇ ရက္ကေန ၉ ရက္အထိ က်င္းပသြားမယ့္ ဒီညီလာခံံကို အစိုးရမ်ား၊ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၊ ကုမၸဏီမ်ား၊ နည္းပညာေလာကသားမ်ားနဲ႔ အစိုးမဟုတ္တဲ့ အဖြဲ႕အစည္းမ်ားမွ ဧည့္သည္ေတာ္မ်ားကို ဖိတ္ၾကားထားတယ္လို႔ ဆိုပါတယ္။

“ကမာၻနဲ႔အ၀န္းက ႏိုင္ငံေတြၾကားမွာ အျပန္အလွန္ယံုၾကည္မႈနဲ႔ စုေပါင္းအုပ္ခ်ဳပ္တဲ့ သေဘာလကၡဏာပါတဲ့ အင္တာနက္ဖြံံ႕ၿဖိဳးေရး အျမင္ကို ရင့္သန္တိုးတက္လာေစမွာ ျဖစ္တယ္” လို႔လည္း လ်ဴ က ေျပာပါတယ္။

ဒီညီလာခံက ဖလွယ္မႈေတြ၊ အျပန္အလွန္အသိေပးၿပီး ပူးေပါင္းေဆာင္ရြက္တာေတြ၊ ဒစ္ဂ်စ္တယ္နယ္ပယ္ထဲမွာ မွ်ေ၀တာေတြနဲ႔ ၿငိမ္းခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးေရးကို တြန္းအားေပးတာေတြကို ေထာက္ခံျမွင့္တင္မွာပဲ ျဖစ္ပါတယ္။

Internet Tip
Gadgetsnow
ေအာက္တိုဘာ - ၁