ပကတိသဘောကို လက်ခံနိုင်ခဲ့တာကြောင့် တည်ငြိမ်မှုရလာပြီလို့ဆိုတဲ့ မော်ဒယ်/သရုပ်ဆောင် ဟံသာဇေ

ပကတိသဘောကို လက်ခံနိုင်ခဲ့တာကြောင့် တည်ငြိမ်မှုရလာပြီလို့ဆိုတဲ့ မော်ဒယ်/သရုပ်ဆောင် ဟံသာဇေ

မော်ဒယ်/သရုပ်ဆောင် ဟံသာဇေ က သူမအနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေအခက်အခဲတွေအပေါ် ရင်ဆိုင်ဖြတ်ကျော်တဲ့အခါ ပကတိသဘောကို လက်ခံနိုင်အောင် လေ့ကျင့်နိုင်ခဲ့တာကြောင့် အခုဆိုရင် တည်ငြိမ်မှုရလာပြီလို့ ဆိုပါတယ်။
 
“ဇေဇေ ဆိုရင် Stress တွေအရမ်းများခဲ့တယ်၊ Stress ကြောင့်ပေါ့၊ အခုလိုပိန်တာကလေ၊ တကယ်တော့ စိတ်နဲ့ပဲဆိုင်တယ်၊ ကျန်းမာရေးကလေ၊ အရမ်းပြောင်းလဲသွားတာ၊ စိတ်ချမ်းသာရင် တစ်လ၊ နှစ်လအတွင်းမှာ လေထိုးလိုက်သလိုပဲ၊ အရမ်းကြီး ၀ သွားတယ်၊ စိတ်ဓာတ်ကျတယ်ဆိုရင် ခဏလေးချင်းကို ပိန်သွားတယ်၊ ဆုံးရှုံးသွားတဲ့အရာတွေ၊ တန်ဖိုးထားတဲ့အရာတွေကို လက်ခံနိုင်အောင် စိတ်ကိုပြင်ဆင်နေရတယ်၊ အရင်က အမှန်တရားကိုလက်မခံနိုင်တဲ့အတွက် စိတ်ဖိစီးခဲ့တယ်၊ အိပ်မပျော်ခဲ့ဘူး၊ မစားနိုင်ဘူး၊ အခုတော့ အလုပ်တွေ အရင်အတိုင်းလုပ်နိုင်လာတယ်၊ အိပ်ပျော်စားဝင်လာတယ်၊ ရှုတင်တွေမှာ မျက်လုံး Mode မရလို့ မျက်မှန်တပ်ပြီး ရိုက်ရတဲ့ဟာမျိုးရှိခဲ့တယ်၊ အခုတော့ အဲ့လိုအခြေအနေတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီ၊ တကယ်တော့လေ ပကတိသဘောကို လက်ခံနိုင်ခဲ့တာကြောင့်လည်း ပါတယ်” လို့ သူမက ရှင်းပြပါတယ်။
 
သူမအနေနဲ့ အလျင်စလိုဆုံးဖြတ်ချက်ချမိတာတွေကြောင့်လည်း ဆုံးရှုံးမှုဖြစ်ခဲ့သလို စိတ်ဓာတ်ကျဆင်းမှုလည်း ကြုံခဲ့ရတယ်လို့ သိရပါတယ်။ခမ်းနားကြီးကျယ်တဲ့အိမ်ကြီးတစ်လုံးကို နှစ်ချုပ်ဖြင့်ငှားရမ်းခဲ့ပြီးနောက် အဲ့ဒီအိမ်မှာ နေစဉ်ကာလအတွင်း ပြဿနာအမျိုးမျိုးကြုံခဲ့ရတာတွေ၊ ဆုံးရှုံးမှုတွေကြုံရတာတွေဖြစ်ခဲ့ပြီး မကောင်းတဲ့ အိပ်မက်ဆိုးကဲ့သို့သော အခြေအနေတွေကြောင့် နှစ်လဝန်းကျင်သာနေထိုင်ကာ ပြန်ပိတ်ထားခဲ့ကြောင်း၊ အိမ်ရှင်ဖြစ်သူဘက်မှလည်း ငွေပြန်အမ်းခြင်းမျိုး အခြားသူတစ်ဦးထံ လက်လွှဲပြန်ငှားတာမျိုး ခွင့်မပြုတာကြောင့် စာချုပ်နှစ်ကာလပြည့်တဲ့အထိ ပိတ်ထားခဲ့ရကြောင်း၊ ဒါ့ကြောင့်လည်း ပရိသတ်တွေအနေနဲ့ သူမလိုအဖြစ်မျိုးမကြုံဖို့ အရာရာကို လွယ်လွယ်နဲ့ဆုံးဖြတ်ချက်မချသင့်သလို အဖြစ်အပျက်တွေအတွက် ပကတိတရားကိုလည်း လက်ခံနိုင်ဖို့ ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။
 
“အခု COVID Second Wave မှာ ဇေဇေအနေနဲ့ ကိုယ့်ကိုယ်ကိုလည်း ကာကွယ်တယ်၊ ကိုယ့်ကိုယ်ကို ကာကွယ်တာဟာ ပတ်ဝန်းကျင်ကိုလည်း စောင့်ရှောက်ရာရောက်ပါတယ်လေ၊ ပရိသတ်ကြီးအနေနဲ့လည်း ကိုယ့်ကိုယ်ကို ကာကွယ်ဂရုစိုက်ပါ မပေါ့ဆဖို့ပဲ ပြောချင်တယ်၊ ဒီရောဂါကြီးပြီးရင် ပျော်ရွှင်စွာနဲ့ ပြန်ဆုံကြမယ်” လို့ သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။
 
 မင်းခေတ်လင်း 
(ဓာတ်ပုံ - ဟံသာဇေ)
ရန်ကုန်၊ စက်တင်ဘာ - ၁၄
 
( Zawgyi )
 
ေမာ္ဒယ္/သ႐ုပ္ေဆာင္ ဟံသာေဇ က သူမအေနနဲ႔ လက္ရွိႀကဳံေတြ႕ေနရတဲ့ အေျခအေနအခက္အခဲေတြအေပၚ ရင္ဆိုင္ျဖတ္ေက်ာ္တဲ့အခါ ပကတိသေဘာကို လက္ခံႏိုင္ေအာင္ ေလ့က်င့္ႏိုင္ခဲ့တာေၾကာင့္ အခုဆိုရင္ တည္ၿငိမ္မႈရလာၿပီလို႔ ဆိုပါတယ္။
 
“ေဇေဇ ဆိုရင္ Stress ေတြအရမ္းမ်ားခဲ့တယ္၊ Stress ေၾကာင့္ေပါ့၊ အခုလိုပိန္တာကေလ၊ တကယ္ေတာ့ စိတ္နဲ႔ပဲဆိုင္တယ္၊ က်န္းမာေရးကေလ၊ အရမ္းေျပာင္းလဲသြားတာ၊ စိတ္ခ်မ္းသာရင္ တစ္လ၊ ႏွစ္လအတြင္းမွာ ေလထိုးလိုက္သလိုပဲ၊ အရမ္းႀကီး ၀ သြားတယ္၊ စိတ္ဓာတ္က်တယ္ဆိုရင္ ခဏေလးခ်င္းကို ပိန္သြားတယ္၊ ဆုံးရႈံးသြားတဲ့အရာေတြ၊ တန္ဖိုးထားတဲ့အရာေတြကို လက္ခံႏိုင္ေအာင္ စိတ္ကိုျပင္ဆင္ေနရတယ္၊ အရင္က အမွန္တရားကိုလက္မခံႏိုင္တဲ့အတြက္ စိတ္ဖိစီးခဲ့တယ္၊ အိပ္မေပ်ာ္ခဲ့ဘူး၊ မစားႏိုင္ဘူး၊ အခုေတာ့ အလုပ္ေတြ အရင္အတိုင္းလုပ္ႏိုင္လာတယ္၊ အိပ္ေပ်ာ္စားဝင္လာတယ္၊ ရႈတင္ေတြမွာ မ်က္လုံး Mode မရလို႔ မ်က္မွန္တပ္ၿပီး ႐ိုက္ရတဲ့ဟာမ်ိဳးရွိခဲ့တယ္၊ အခုေတာ့ အဲ့လိုအေျခအေနေတြကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီ၊ တကယ္ေတာ့ေလ ပကတိသေဘာကို လက္ခံႏိုင္ခဲ့တာေၾကာင့္လည္း ပါတယ္” လို႔ သူမက ရွင္းျပပါတယ္။
 
သူမအေနနဲ႔ အလ်င္စလိုဆုံးျဖတ္ခ်က္ခ်မိတာေတြေၾကာင့္လည္း ဆုံးရႈံးမႈျဖစ္ခဲ့သလို စိတ္ဓာတ္က်ဆင္းမႈလည္း ႀကဳံခဲ့ရတယ္လို႔ သိရပါတယ္။ခမ္းနားႀကီးက်ယ္တဲ့အိမ္ႀကီးတစ္လုံးကို ႏွစ္ခ်ဳပ္ျဖင့္ငွားရမ္းခဲ့ၿပီးေနာက္ အဲ့ဒီအိမ္မွာ ေနစဥ္ကာလအတြင္း ျပႆနာအမ်ိဳးမ်ိဳးႀကဳံခဲ့ရတာေတြ၊ ဆုံးရႈံးမႈေတြႀကဳံရတာေတြျဖစ္ခဲ့ၿပီး မေကာင္းတဲ့ အိပ္မက္ဆိုးကဲ့သို႔ေသာ အေျခအေနေတြေၾကာင့္ ႏွစ္လဝန္းက်င္သာေနထိုင္ကာ ျပန္ပိတ္ထားခဲ့ေၾကာင္း၊ အိမ္ရွင္ျဖစ္သူဘက္မွလည္း ေငြျပန္အမ္းျခင္းမ်ိဳး အျခားသူတစ္ဦးထံ လက္လႊဲျပန္ငွားတာမ်ိဳး ခြင့္မျပဳတာေၾကာင့္ စာခ်ဳပ္ႏွစ္ကာလျပည့္တဲ့အထိ ပိတ္ထားခဲ့ရေၾကာင္း၊ ဒါ့ေၾကာင့္လည္း ပရိသတ္ေတြအေနနဲ႔ သူမလိုအျဖစ္မ်ိဳးမႀကဳံဖို႔ အရာရာကို လြယ္လြယ္နဲ႔ဆုံးျဖတ္ခ်က္မခ်သင့္သလို အျဖစ္အပ်က္ေတြအတြက္ ပကတိတရားကိုလည္း လက္ခံႏိုင္ဖို႔ ႀကိဳးစားခဲ့ရတယ္လို႔ သိရပါတယ္။
 
“အခု COVID Second Wave မွာ ေဇေဇအေနနဲ႔ ကိုယ့္ကိုယ္ကိုလည္း ကာကြယ္တယ္၊ ကိုယ့္ကိုယ္ကို ကာကြယ္တာဟာ ပတ္ဝန္းက်င္ကိုလည္း ေစာင့္ေရွာက္ရာေရာက္ပါတယ္ေလ၊ ပရိသတ္ႀကီးအေနနဲ႔လည္း ကိုယ့္ကိုယ္ကို ကာကြယ္ဂ႐ုစိုက္ပါ မေပါ့ဆဖို႔ပဲ ေျပာခ်င္တယ္၊ ဒီေရာဂါႀကီးၿပီးရင္ ေပ်ာ္႐ႊင္စြာနဲ႔ ျပန္ဆုံၾကမယ္” လို႔ သူမက ဆက္လက္ေျပာၾကားခဲ့ပါတယ္။
 
 မင္းေခတ္လင္း 
(ဓာတ္ပုံ - ဟံသာေဇ)
ရန္ကုန္၊ စက္တင္ဘာ - ၁၄