နာ/ကူ အသင်းမှာ ပရဟိတအလုပ်တွေလုပ်ကိုင်နေတဲ့ သရုပ်ဆောင် ထွန်းကိုကို

နာ/ကူ အသင်းမှာ ပရဟိတအလုပ်တွေလုပ်ကိုင်နေတဲ့ သရုပ်ဆောင် ထွန်းကိုကို

ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ အများအပြားပါဝင်ရိုက်ကူးလာရသလို ပရိသတ်အားပေးမှုများလာတဲ့ သရုပ်ဆောင် ထွန်းကိုကိုဟာ အခုလို COVID ကာလထဲ နာရေးကူညီမှုအသင်း (ရန်ကုန်) နဲ့အတူ ပရဟိတအလုပ်တွေကို လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

“ဒီ COVID ကာလထဲမှာ နာရေးကူညီမှုအသင်းရဲ့ ဈာပနသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ မီးငြိမ်းသတ်တဲ့လမ်းကြောင်းတွေနဲ့ COVID-19 ရောဂါ ပိုးတွေ့လူနာတွေကို သက်ဆိုင်ရာဆေးကုသရေးနေရာတွေကို ပို့ဆောင်ပေးတာတွေကို လုပ်ဆောင်နေပါတယ်၊ ဒီလိုကာလမှာ တန်ဖိုးရှိတဲ့အချိန်တွေကို ကိုယ်ဝါသနာပါတဲ့ ပရဟိတအလုပ်တွေ လုပ်ကိုင်ရင်း အကျိုးရှိရှိနဲ့ ကျော်ဖြတ်လုပ်ဆောင်နေတာဖြစ်ပါတယ်” လို့ ၎င်းက ရှင်းပြပါတယ်။

သူဟာ ၂၀၁၃ ခုနှစ်က ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asia New Star Model Contest ပြိုင်ပွဲမှာ Winner ဆု ရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံက ပရိသတ်တွေ စတင်သတိထားမိခဲ့သူဖြစ်သလို အဲ့ဒီနောက်ပိုင်းမှာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာဓာတ်ပုံတွေ အများအပြားရိုက်ကူးလာရပြီး မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုပိုမိုရရှိလာသူတစ်ဦးလည်း ဖြစ်ပါတယ်။လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ရိုက်ကူးလာရပြီး ဇာတ်ရုပ်နေရာမရွေး ပီပြင်အောင် သရုပ်ဆောင်နိုင်ဖို့အတွက် ကြိုးစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိကာလမှာတော့ COVID 19 ရောဂါ ကူးစက်ခံရတဲ့ ဦးကျော်သူ ကို အနီးကပ်ပြုစုပေးကာ ဝေယျာဝစ္စတွေ လုပ်ဆောင်ပေးနိုင်ဖို့ ဝေဘာဂီဆေးရုံသို့ ရောက်ရှိနေတယ်လို့လည်း သိရပါတယ်။

“အခုကတော့ လိုအပ်တာလေးတွေ လုပ်ပေးနေလို့ အလုပ်တွေရှုပ်ပြီး မအားသေးလို့ပါ၊ နောက်ကျရင် ပြန်ဆက်သွယ်ပါ့မယ်” လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ အောက်တိုဘာ - ၂၄

( Zawgyi )

႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာ အမ်ားအျပားပါဝင္႐ိုက္ကူးလာရသလို ပရိသတ္အားေပးမႈမ်ားလာတဲ့ သ႐ုပ္ေဆာင္ ထြန္းကိုကိုဟာ အခုလို COVID ကာလထဲ နာေရးကူညီမႈအသင္း (ရန္ကုန္) နဲ႔အတူ ပရဟိတအလုပ္ေတြကို လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

“ဒီ COVID ကာလထဲမွာ နာေရးကူညီမႈအသင္းရဲ႕ ဈာပနသယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္းေတြ မီးၿငိမ္းသတ္တဲ့လမ္းေၾကာင္းေတြနဲ႔ COVID-19 ေရာဂါ ပိုးေတြ႕လူနာေတြကို သက္ဆိုင္ရာေဆးကုသေရးေနရာေတြကို ပို႔ေဆာင္ေပးတာေတြကို လုပ္ေဆာင္ေနပါတယ္၊ ဒီလိုကာလမွာ တန္ဖိုးရွိတဲ့အခ်ိန္ေတြကို ကိုယ္ဝါသနာပါတဲ့ ပရဟိတအလုပ္ေတြ လုပ္ကိုင္ရင္း အက်ိဳးရွိရွိနဲ႔ ေက်ာ္ျဖတ္လုပ္ေဆာင္ေနတာျဖစ္ပါတယ္” လို႔ ၎က ရွင္းျပပါတယ္။

သူဟာ ၂၀၁၃ ခုႏွစ္က ကိုရီးယားႏိုင္ငံမွာ က်င္းပျပဳလုပ္တဲ့ Asia New Star Model Contest ၿပိဳင္ပြဲမွာ Winner ဆု ရရွိခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံက ပရိသတ္ေတြ စတင္သတိထားမိခဲ့သူျဖစ္သလို အဲ့ဒီေနာက္ပိုင္းမွာ တီဗီေၾကာ္ျငာေတြ၊ မဂၢဇင္းကာဗာဓာတ္ပုံေတြ အမ်ားအျပား႐ိုက္ကူးလာရၿပီး မိန္းကေလးပရိသတ္ေတြရဲ႕ အားေပးမႈပိုမိုရရွိလာသူတစ္ဦးလည္း ျဖစ္ပါတယ္။လက္ရွိမွာလည္း ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ၊ ႐ုပ္သံဇာတ္လမ္းတြဲေတြမွာ ႐ိုက္ကူးလာရၿပီး ဇာတ္႐ုပ္ေနရာမေ႐ြး ပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္ဖို႔အတြက္ ႀကိဳးစားေနသူတစ္ဦးလည္း ျဖစ္ပါတယ္။

လက္ရွိကာလမွာေတာ့ COVID 19 ေရာဂါ ကူးစက္ခံရတဲ့ ဦးေက်ာ္သူ ကို အနီးကပ္ျပဳစုေပးကာ ေဝယ်ာဝစၥေတြ လုပ္ေဆာင္ေပးႏိုင္ဖို႔ ေဝဘာဂီေဆး႐ုံသို႔ ေရာက္ရွိေနတယ္လို႔လည္း သိရပါတယ္။

“အခုကေတာ့ လိုအပ္တာေလးေတြ လုပ္ေပးေနလို႔ အလုပ္ေတြရႈပ္ၿပီး မအားေသးလို႔ပါ၊ ေနာက္က်ရင္ ျပန္ဆက္သြယ္ပါ့မယ္” လို႔လည္း ၎က ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေအာက္တိုဘာ - ၂၄