ဒုတိယမြောက် ကိုယ်ဝန်အတွက် ကျန်းမာရေးဂရုစိုက်နေရတယ်ဆိုတဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း

ဒုတိယမြောက် ကိုယ်ဝန်အတွက် ကျန်းမာရေးဂရုစိုက်နေရတယ်ဆိုတဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း

သားဦးလေး မွေးဖွားခဲ့တဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းဟာ တစ်နှစ်ကျော်အကြာမှာ ဒုတိယမြောက် ကိုယ်ဝန်ဆောင်ထားပြီး ယင်းကိုယ်ဝန်အတွက် ကျန်းမာရေးကိစ္စကိုသာ အလေးထားဂရုစိုက်နေတယ်လို့ သိရပါတယ်။

“ဖေဖော်ဝါရီလထဲမှာတော့ မွေးမယ့်ဒိတ်ပေးထားတယ်။ပထမရင်သွေးဖြစ်တဲ့ Jack Jack လေးတုန်းက ကိုယ်ဝန်ဆောင်တာနဲ့ ကွာတယ်၊ သူများတွေပြောကြတာတော့ မိန်းကလေးကိုယ်ဝန်က လေးပြီးတော့ ပေါ့ပေါ့ပါးပါးမရှိဘူးပေါ့နော်၊ အခုတော့ ဒါကို ကိုယ်ကိုယ်တိုင်ကြုံဖူးပါပြီ၊ ယောက်ျားလေးကိုယ်ဝန်ကို လွယ်ထားရတုန်းကဆိုရင် ခရီးတွေလည်းသွားနိုင်တယ်၊ ကိုယ်ဝန်ရှိမှန်းတောင် မေ့နေသလောက်အထိကို ပေါ့ပါးနေတာပါ၊ အခု သမီးလေးရဲ့ ကိုယ်ဝန်မှာတော့ အထိုင်အထတွေလေးလာတယ်၊ အသက်ရှုကြပ်တယ် အသက်အရွယ်ကြောင့်ပဲလား၊ ကိုယ်ဝန်ရဲ့ကွာခြားမှုကြောင့်လားတော့ မသိဘူး ကွာခြားမှုတွေကိုတော့ သတိထားမိနေတယ်၊ ကျန်းမာရေးကိုလည်း ပိုပြီးဂရုစိုက်နေရပါတယ်၊ လစဉ်အလိုက် လိုအပ်တဲ့စစ်ဆေးမှုလေးတွေကို OG နဲ့ တိုင်ပင်ပြီးတော့ စစ်ဆေးလုပ်ကိုင်နေပါတယ်” လို့ ၎င်းက ရှင်းပြပါတယ်။

သူမဟာ သရုပ်ဆောင်တစ်ဦးဖြစ်ပေမယ့် ဂီတကိုလည်း ဝါသနာပါသူဖြစ်သလို “Friend” လို့ နာမည်ရတဲ့ တေးသီချင်းခွေတစ်ခွေ ထွက်ရှိထားပြီး တီဗွီကြော်ငြာများစွာကိုလည်း လက်ခံရိုက်ကူးခဲ့ရသူဖြစ်သလို “ဖေ့စ်ဘွတ်ဘုရင်မ” လို့ နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေက သူမကို စတင်သတိထားမိခဲ့ကာ အခုဆိုရင် အားပေးသူတွေ အခိုင်အမာရှိခဲ့တယ်လို့ သိရပါတယ်။

သူမဟာ ၂၀၁၉ ခုနှစ်၊ ဧပြီလထဲမှာ သားဦးလေးတစ်ယောက်ကို မွေးဖွားခဲ့ပြီး အခုဆိုရင် ဒုတိယမြောက်ကိုယ်ဝန်ကို လွယ်ထားသလို လာမယ့် ဖေဖော်ဝါရီလထဲမွေးဖွားဖို့ ပြင်ဆင်နေကြောင်း၊ သူမဟာ ပထမဆုံးကိုယ်ဝန်အတွက် စတင်မွေးဖွားချိန်ကတည်းက အနုပညာအလုပ်တွေကိုရပ်နားထားပြီး အခုလည်း ကျန်းမာရေးကိုသာ အဓိကထားဂရုစိုက်နေထိုင်နေသလို ကောင်းမွန်စွာမွေးဖွားနိုင်ရေးအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ - ကိုနိုင် NG)
ရန်ကုန်၊ နိုဝင်ဘာ - ၂၀
( Zawgyi )
သားဦးေလး ေမြးဖြားခဲ့တဲ့ သ႐ုပ္ေဆာင္ နန္းျမတ္ၿဖိဳးသင္းဟာ တစ္ႏွစ္ေက်ာ္အၾကာမွာ ဒုတိယေျမာက္ ကိုယ္ဝန္ေဆာင္ထားၿပီး ယင္းကိုယ္ဝန္အတြက္ က်န္းမာေရးကိစၥကိုသာ အေလးထားဂ႐ုစိုက္ေနတယ္လို႔ သိရပါတယ္။

“ေဖေဖာ္ဝါရီလထဲမွာေတာ့ ေမြးမယ့္ဒိတ္ေပးထားတယ္။ပထမရင္ေသြးျဖစ္တဲ့ Jack Jack ေလးတုန္းက ကိုယ္ဝန္ေဆာင္တာနဲ႔ ကြာတယ္၊ သူမ်ားေတြေျပာၾကတာေတာ့ မိန္းကေလးကိုယ္ဝန္က ေလးၿပီးေတာ့ ေပါ့ေပါ့ပါးပါးမရွိဘူးေပါ့ေနာ္၊ အခုေတာ့ ဒါကို ကိုယ္ကိုယ္တိုင္ႀကဳံဖူးပါၿပီ၊ ေယာက္်ားေလးကိုယ္ဝန္ကို လြယ္ထားရတုန္းကဆိုရင္ ခရီးေတြလည္းသြားႏိုင္တယ္၊ ကိုယ္ဝန္ရွိမွန္းေတာင္ ေမ့ေနသေလာက္အထိကို ေပါ့ပါးေနတာပါ၊ အခု သမီးေလးရဲ႕ ကိုယ္ဝန္မွာေတာ့ အထိုင္အထေတြေလးလာတယ္၊ အသက္ရႈၾကပ္တယ္ အသက္အ႐ြယ္ေၾကာင့္ပဲလား၊ ကိုယ္ဝန္ရဲ႕ကြာျခားမႈေၾကာင့္လားေတာ့ မသိဘူး ကြာျခားမႈေတြကိုေတာ့ သတိထားမိေနတယ္၊ က်န္းမာေရးကိုလည္း ပိုၿပီးဂ႐ုစိုက္ေနရပါတယ္၊ လစဥ္အလိုက္ လိုအပ္တဲ့စစ္ေဆးမႈေလးေတြကို OG နဲ႔ တိုင္ပင္ၿပီးေတာ့ စစ္ေဆးလုပ္ကိုင္ေနပါတယ္” လို႔ ၎က ရွင္းျပပါတယ္။

သူမဟာ သ႐ုပ္ေဆာင္တစ္ဦးျဖစ္ေပမယ့္ ဂီတကိုလည္း ဝါသနာပါသူျဖစ္သလို “Friend” လို႔ နာမည္ရတဲ့ ေတးသီခ်င္းေခြတစ္ေခြ ထြက္ရွိထားၿပီး တီဗြီေၾကာ္ျငာမ်ားစြာကိုလည္း လက္ခံ႐ိုက္ကူးခဲ့ရသူျဖစ္သလို “ေဖ့စ္ဘြတ္ဘုရင္မ” လို႔ နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးကေနတဆင့္ ပရိသတ္ေတြက သူမကို စတင္သတိထားမိခဲ့ကာ အခုဆိုရင္ အားေပးသူေတြ အခိုင္အမာရွိခဲ့တယ္လို႔ သိရပါတယ္။

သူမဟာ ၂၀၁၉ ခုႏွစ္၊ ဧၿပီလထဲမွာ သားဦးေလးတစ္ေယာက္ကို ေမြးဖြားခဲ့ၿပီး အခုဆိုရင္ ဒုတိယေျမာက္ကိုယ္ဝန္ကို လြယ္ထားသလို လာမယ့္ ေဖေဖာ္ဝါရီလထဲေမြးဖြားဖို႔ ျပင္ဆင္ေနေၾကာင္း၊ သူမဟာ ပထမဆုံးကိုယ္ဝန္အတြက္ စတင္ေမြးဖြားခ်ိန္ကတည္းက အႏုပညာအလုပ္ေတြကိုရပ္နားထားၿပီး အခုလည္း က်န္းမာေရးကိုသာ အဓိကထားဂ႐ုစိုက္ေနထိုင္ေနသလို ေကာင္းမြန္စြာေမြးဖြားႏိုင္ေရးအတြက္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ - ကိုႏိုင္ NG)
ရန္ကုန္၊ ႏိုဝင္ဘာ - ၂၀