တေးအယ်လ်ဘမ်သစ်ထုတ်လုပ်နိုင်ဖို့ကြိုးပမ်းနေတဲ့ တေးသံရှင် ကော်နီ

တေးအယ်လ်ဘမ်သစ်ထုတ်လုပ်နိုင်ဖို့ကြိုးပမ်းနေတဲ့ တေးသံရှင် ကော်နီ

ဂီတလောကမှာ ဝါရင့်တေးသံရှင်တစ်ဦးလည်းဖြစ်တဲ့အပြင် မကြာသေးခင်ကလည်း “ဆေး”လို့နာမည်ရတဲ့ သီချင်းနဲ့ ပရိသတ်ရဲ့ အားပေးမှုတွေနဲ့ ပြန်လည်ပေါ်ထွက်လာခဲ့တဲ့ တေးသံရှင် ကော်နီဟာ တေးအယ်လ်ဘမ်အသစ်တစ်ခု ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

အဆိုပါ တေးအယ်လ်ဘမ်မှာ သူမကိုယ်တိုင်သီဆိုထားတဲ့ သီချင်းတွေအပြင် တင်ဇာမော်၊ မီမီဝင်းဖေ၊ ချောစုခင်၊ ဆုန်သင်းပါရ် တို့နဲ့အတူ သီဆိုထားတဲ့ သီချင်းတွေလည်းပါဝင်မှာဖြစ်ပြီး ယင်းတေးအယ်လ်ဘမ် ထုတ်ပြီးတဲ့နောက်မှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲ One Lady Show အဖြစ်လည်း လုပ်ဆောင်သွားဖို့ စီစဉ် နေတယ်လို့ သိရပါတယ်။ “တေးအယ်လ်ဘမ်သစ်ကတော့ အရင်ထွက်မယ်၊ ပြီးရင် One Lady Show အနေနဲ့ လုပ်မယ်၊ ဘယ်တော့လောက်လုပ်ဖြစ်မယ်လို့တော့ မပြောနိုင်သေးဘူး၊ အခုလောလောဆယ်တော့ စီစဉ်နေဆဲ အခြေအနေဖြစ်သလို အမြန်ဆုံးဖြစ်အောင်လည်း လုပ်နေပါတယ်”လို့ တေးသံရှင် ကော်နီက ပြောပါတယ်။

ဒါ့အပြင် အရင်က မိခင်ဖြစ်သူရွေးချယ်ပေးတဲ့ သီချင်းတွေကိုသီဆိုဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ သူမနဲ့လိုက်တဲ့ သီချင်းတွေ၊ သူမ အာဘော်နဲ့ ကိုက်ညီလိုက်ဖက်တဲ့သီချင်းတွေကို ရွေးချယ်ကာ သီဆိုဖြစ်ခဲ့တယ် လို့လည်း သိရပါတယ်။ ယခုအချိန်အထိ ပရိသတ်ပါးစပ် ဖျားမှာ ရေပန်းစားနေတဲ့ “ဆေး” သီချင်းနဲ့ပတ်သက်ပြီးတော့ “မကော်က သီချင်းရွေးရင် ခေတ်လွန်တယ်၊ သူများနဲ့မတူတာ ကို ရွေးဖြစ်တယ်၊ ခေတ်လွန်ကိုကြိုက်တော့ ဆယ်စုနှစ်မှာမှ အခုကျတော့မှပဲ အတော်ပဲလာဖြစ်နေတယ်၊ တေးရေးဆရာ တစ်ယောက်ဆီ သွားရင် သီချင်း လေး၊ ငါး ပုဒ်လောက်ပြတယ်၊ ကိုယ်ကြိုက်ရင် ဒါငါ့ဟာနဲ့လိုက်တယ်၊ ဆိုတဲ့ဟာမျိုးဆိုရင် ရွေးချယ်ဖြစ်တယ်၊ ဝေကြီးဆိုရင် မကော်ကို သီချင်းတွေအများကြီးပြတယ်၊ မကော်က သူပြတဲ့သီချင်း တစ်ပုဒ်မှမကြိုက်ဘူး၊ အဲ့ဒီတော့ သူက တင်းလာ ရော၊ အဲ့ဒီမှာကျမှ သူ့ရဲ့ ဝှက်ဖဲလည်း ဖြစ်မှာပေါ့လေ၊ ဆေး သီချင်းကို ပြတယ်၊ တစ်ခါပဲ ကြည့်လိုက်တော့ အဲ့ဒီသီချင်းယူမယ်ပေါ့၊ ကိုယ့် အာဘော်နဲ့လိုက်တဲ့သီချင်းလည်းဖြစ်တော့ အဲ့ဒီသီချင်းကိုပဲ ယူဖြစ်သွားတာဖြစ်ပါတယ်”လို့ တေးသံရှင် ကော်နီက ရှင်းပြပါတယ်။

လက်ရှိမှာလည်း သူမဟာ ပရိသတ်ကိုဖမ်းစားနိုင်တဲ့ တေးသံရှင်တစ်ယောက်ဖြစ်သလို သူမအနေနဲ့ စီစဉ်နေတဲ့ တေးအယ်လ်ဘမ် မှာလည်း လူငယ်အကြိုက်သီချင်းတွေပါဝင်မှာဖြစ်သလို အရင်နဲ့ မတူတဲ့ ပုံစံမျိုးလေးဖြစ်အောင် ဖန်တီးနေတာတွေလည်းရှိတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇန်နဝါရီ ၂၃

(  Zawgyi  )

 ဂီတေလာကမွာ ဝါရင့္ေတးသံရွင္တစ္ဦးလည္းျဖစ္တဲ့အျပင္ မၾကာေသးခင္ကလည္း “ေဆး”လို႔နာမည္ရတဲ့ သီခ်င္းနဲ႔ ပရိသတ္ရဲ႕ အားေပးမႈေတြနဲ႔ ျပန္လည္ေပၚထြက္လာခဲ့တဲ့ ေတးသံရွင္ ေကာ္နီဟာ ေတးအယ္လ္ဘမ္အသစ္တစ္ခု ထုတ္လုပ္ႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ ေျပာပါတယ္။

အဆိုပါ ေတးအယ္လ္ဘမ္မွာ သူမကိုယ္တိုင္သီဆိုထားတဲ့ သီခ်င္းေတြအျပင္ တင္ဇာေမာ္၊ မီမီဝင္းေဖ၊ ေခ်ာစုခင္၊ ဆုန္သင္းပါရ္ တို႔နဲ႔အတူ သီဆိုထားတဲ့ သီခ်င္းေတြလည္းပါဝင္မွာျဖစ္ၿပီး ယင္းေတးအယ္လ္ဘမ္ ထုတ္ၿပီးတဲ့ေနာက္မွာ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲ One Lady Show အျဖစ္လည္း လုပ္ေဆာင္သြားဖို႔ စီစဥ္ ေနတယ္လို႔ သိရပါတယ္။ “ေတးအယ္လ္ဘမ္သစ္ကေတာ့ အရင္ထြက္မယ္၊ ၿပီးရင္ One Lady Show အေနနဲ႔ လုပ္မယ္၊ ဘယ္ေတာ့ေလာက္လုပ္ျဖစ္မယ္လို႔ေတာ့ မေျပာႏိုင္ေသးဘူး၊ အခုေလာေလာဆယ္ေတာ့ စီစဥ္ေနဆဲ အေျခအေနျဖစ္သလို အျမန္ဆုံးျဖစ္ေအာင္လည္း လုပ္ေနပါတယ္”လို႔ ေတးသံရွင္ ေကာ္နီက ေျပာပါတယ္။

ဒါ့အျပင္ အရင္က မိခင္ျဖစ္သူေ႐ြးခ်ယ္ေပးတဲ့ သီခ်င္းေတြကိုသီဆိုျဖစ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ သူမနဲ႔လိုက္တဲ့ သီခ်င္းေတြ၊ သူမ အာေဘာ္နဲ႔ ကိုက္ညီလိုက္ဖက္တဲ့သီခ်င္းေတြကို ေ႐ြးခ်ယ္ကာ သီဆိုျဖစ္ခဲ့တယ္ လို႔လည္း သိရပါတယ္။ ယခုအခ်ိန္အထိ ပရိသတ္ပါးစပ္ ဖ်ားမွာ ေရပန္းစားေနတဲ့ “ေဆး” သီခ်င္းနဲ႔ပတ္သက္ၿပီးေတာ့ “မေကာ္က သီခ်င္းေ႐ြးရင္ ေခတ္လြန္တယ္၊ သူမ်ားနဲ႔မတူတာ ကို ေ႐ြးျဖစ္တယ္၊ ေခတ္လြန္ကိုႀကိဳက္ေတာ့ ဆယ္စုႏွစ္မွာမွ အခုက်ေတာ့မွပဲ အေတာ္ပဲလာျဖစ္ေနတယ္၊ ေတးေရးဆရာ တစ္ေယာက္ဆီ သြားရင္ သီခ်င္း ေလး၊ ငါး ပုဒ္ေလာက္ျပတယ္၊ ကိုယ္ႀကိဳက္ရင္ ဒါငါ့ဟာနဲ႔လိုက္တယ္၊ ဆိုတဲ့ဟာမ်ိဳးဆိုရင္ ေ႐ြးခ်ယ္ျဖစ္တယ္၊ ေဝႀကီးဆိုရင္ မေကာ္ကို သီခ်င္းေတြအမ်ားႀကီးျပတယ္၊ မေကာ္က သူျပတဲ့သီခ်င္း တစ္ပုဒ္မွမႀကိဳက္ဘူး၊ အဲ့ဒီေတာ့ သူက တင္းလာ ေရာ၊ အဲ့ဒီမွာက်မွ သူ႔ရဲ႕ ဝွက္ဖဲလည္း ျဖစ္မွာေပါ့ေလ၊ ေဆး သီခ်င္းကို ျပတယ္၊ တစ္ခါပဲ ၾကည့္လိုက္ေတာ့ အဲ့ဒီသီခ်င္းယူမယ္ေပါ့၊ ကိုယ့္ အာေဘာ္နဲ႔လိုက္တဲ့သီခ်င္းလည္းျဖစ္ေတာ့ အဲ့ဒီသီခ်င္းကိုပဲ ယူျဖစ္သြားတာျဖစ္ပါတယ္”လို႔ ေတးသံရွင္ ေကာ္နီက ရွင္းျပပါတယ္။

လက္ရွိမွာလည္း သူမဟာ ပရိသတ္ကိုဖမ္းစားႏိုင္တဲ့ ေတးသံရွင္တစ္ေယာက္ျဖစ္သလို သူမအေနနဲ႔ စီစဥ္ေနတဲ့ ေတးအယ္လ္ဘမ္ မွာလည္း လူငယ္အႀကိဳက္သီခ်င္းေတြပါဝင္မွာျဖစ္သလို အရင္နဲ႔ မတူတဲ့ ပုံစံမ်ိဳးေလးျဖစ္ေအာင္ ဖန္တီးေနတာေတြလည္းရွိတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇန္နဝါရီ ၂၃