တေးသီချင်းတွေကို ကိုယ်တိုင်ဖန်တီး သရုပ်ဆောင်တော့မယ့် မိုးထက်မြင့်

တေးသီချင်းတွေကို ကိုယ်တိုင်ဖန်တီး သရုပ်ဆောင်တော့မယ့် မိုးထက်မြင့်

သူ့ရဲ့တေးသီချင်းတွေကို MTV ရိုက်တဲ့အခါ သူကိုယ်တိုင် သရုပ်ဆောင်သွားဖို့ စီစဉ်ထားသလို ဇာတ်ကားတွေထဲ ပါဝင်ရိုက်ကူးဖို့ ပြင်ဆင်နေတယ်လို့ တေးဆို/သရုပ်ဆောင် မိုးထက်မြင့် က ပြောပါတယ်။

“အရင်ကလည်း တစ်ပုဒ်နှစ်ပုဒ် ကျွန်တော်ပါဝင် သရုပ်ဆောင်ထားပါတယ်၊ အခုကတော့ ဇာတ်လမ်းတွဲပေါ့၊ အဲ့ဒီမှာ ပါဝင်ပြီးသရုပ်ဆောင်မယ်၊ ကျွန်တော်တို့ အနုပညာမောင်နှမတွေအချင်းချင်း တစ်ယောက်ကို တစ်ယောက် ဖေးမကူညီရင်းနဲ့ ဇာတ်လမ်းတွဲထဲမှာ လုပ်ဆောင်သွားကြမယ်” လို့ သူက ရှင်းပြပါတယ်။

သူဟာ မကြာခင်မှာ ရိုက်ကူးမယ့် ရုပ်သံဇာတ်လမ်းတွဲအတွက် ပြင်ဆင်နေတာတွေရှိသလို လာမယ့် ပွင့်လင်းရာသီကာလထဲမှာ နယ်ပွဲတွေ သီဆိုဖျော်ဖြေဖို့ ပြင်ဆင်နေတာတွေလည်းရှိတယ်လို့ သိရပါတယ်။

သူ့ရဲ့ မြန်မာသံစဉ် တေးသီချင်းတွေကို နှစ်သက်သူတွေလည်း အများအပြားရှိပြီး “ရွှေဘလာပြီ” လို့ နာမည်ရတဲ့ DVD ကာရာအိုကေခွေကိုလည်း ထုတ်လုပ်ထားပါတယ်။

“သရုပ်ဆောင်အလုပ်ကိုကူးပြီး သရုပ်ဆောင်ပဲလုပ်တော့မှာမျိုးတော့ မဟုတ်ပါဘူး၊ အနုပညာတစ်ခုအနေနဲ့ လုပ်ဖြစ်တာဖြစ်ပါတယ်၊ သီချင်းတွေလည်း ပရိသတ်တွေအတွက် ပြင်ဆင်ထားတယ်၊ Single Song တွေလည်း လုပ်သွားမှာပါ၊ လောလောဆယ်က ဇာတ်လမ်းတွဲအတွက် ပြင်ဆင်နေတာကလည်း တစ်ပိုင်းပေါ့နော်၊ ခွေအတွက်လည်း ပြင်ဆင်နေတာတွေ ရှိပါတယ်၊ ကျွန်တော် အမြဲကြိုးစားနေပါတယ်၊ ကျွန်တော့်ရဲ့ အနုပညာနဲ့ပတ်သက်ပြီး ပရိသတ်ကြီးအနေနဲ့ ဝေဖန်အကြံပြုပါနော်၊ ကျွန်တော့်ရဲ့ အနုပညာကိုလည်း အားပေးပါလို့ ပြောချင်ပါတယ်” လို့လည်း သူက ဆိုပါတယ်။

မကြာသေးခင်ကလည်း မြင်းခြံမြို့မှာ သွားရောက်ဖျော်ဖြေခဲ့တဲ့အခါ အားပေးသူတွေ အများအပြားနဲ့ သူ့ကိုချစ်ခင်တဲ့ ပရိသတ်တွေ တိုးလာခဲ့ပါတယ်။

သူ့အနေနဲ့ နယ်ပွဲတွေမှာ သွားရောက်ဖျော်ဖြေဖို့ ပြင်ဆင်နေတာတွေရှိသလို လတ်တလောမှာလည်း ပရိသတ်တွေနားဆင်နိုင်ဖို့ “အသည်းနင့်အောင် ချစ်ရသူ” လို့ နာမည်ရတဲ့ တေးသီချင်းကို အွန်လိုင်းပေါ်ကနေ ဖြန့်ချီထားပြီး သူ့ရဲ့ အနုပညာတွေကို ပရိသတ်တွေခံစားနိုင်အောင် ယခုလို တေးသီချင်းတွေ တင်တာကို မကြာမကြာလုပ်ဆောင်သွားဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ စက်တင်ဘာ - ၁၈

( Zawgyi )

သူ႔ရဲ႕ေတးသီခ်င္းေတြကို MTV ႐ိုက္တဲ့အခါ သူကိုယ္တိုင္ သ႐ုပ္ေဆာင္သြားဖို႔ စီစဥ္ထားသလို ဇာတ္ကားေတြထဲ ပါဝင္႐ိုက္ကူးဖို႔ ျပင္ဆင္ေနတယ္လို႔ ေတးဆို/သ႐ုပ္ေဆာင္ မိုးထက္ျမင့္ က ေျပာပါတယ္။

“အရင္ကလည္း တစ္ပုဒ္ႏွစ္ပုဒ္ ကြၽန္ေတာ္ပါဝင္ သ႐ုပ္ေဆာင္ထားပါတယ္၊ အခုကေတာ့ ဇာတ္လမ္းတြဲေပါ့၊ အဲ့ဒီမွာ ပါဝင္ၿပီးသ႐ုပ္ေဆာင္မယ္၊ ကြၽန္ေတာ္တို႔ အႏုပညာေမာင္ႏွမေတြအခ်င္းခ်င္း တစ္ေယာက္ကို တစ္ေယာက္ ေဖးမကူညီရင္းနဲ႔ ဇာတ္လမ္းတြဲထဲမွာ လုပ္ေဆာင္သြားၾကမယ္” လို႔ သူက ရွင္းျပပါတယ္။

သူဟာ မၾကာခင္မွာ ႐ိုက္ကူးမယ့္ ႐ုပ္သံဇာတ္လမ္းတြဲအတြက္ ျပင္ဆင္ေနတာေတြရွိသလို လာမယ့္ ပြင့္လင္းရာသီကာလထဲမွာ နယ္ပြဲေတြ သီဆိုေဖ်ာ္ေျဖဖို႔ ျပင္ဆင္ေနတာေတြလည္းရွိတယ္လို႔ သိရပါတယ္။

သူ႔ရဲ႕ ျမန္မာသံစဥ္ ေတးသီခ်င္းေတြကို ႏွစ္သက္သူေတြလည္း အမ်ားအျပားရွိၿပီး “ေ႐ႊဘလာၿပီ” လို႔ နာမည္ရတဲ့ DVD ကာရာအိုေကေခြကိုလည္း ထုတ္လုပ္ထားပါတယ္။

“သ႐ုပ္ေဆာင္အလုပ္ကိုကူးၿပီး သ႐ုပ္ေဆာင္ပဲလုပ္ေတာ့မွာမ်ိဳးေတာ့ မဟုတ္ပါဘူး၊ အႏုပညာတစ္ခုအေနနဲ႔ လုပ္ျဖစ္တာျဖစ္ပါတယ္၊ သီခ်င္းေတြလည္း ပရိသတ္ေတြအတြက္ ျပင္ဆင္ထားတယ္၊ Single Song ေတြလည္း လုပ္သြားမွာပါ၊ ေလာေလာဆယ္က ဇာတ္လမ္းတြဲအတြက္ ျပင္ဆင္ေနတာကလည္း တစ္ပိုင္းေပါ့ေနာ္၊ ေခြအတြက္လည္း ျပင္ဆင္ေနတာေတြ ရွိပါတယ္၊ ကြၽန္ေတာ္ အၿမဲႀကိဳးစားေနပါတယ္၊ ကြၽန္ေတာ့္ရဲ႕ အႏုပညာနဲ႔ပတ္သက္ၿပီး ပရိသတ္ႀကီးအေနနဲ႔ ေဝဖန္အႀကံျပဳပါေနာ္၊ ကြၽန္ေတာ့္ရဲ႕ အႏုပညာကိုလည္း အားေပးပါလို႔ ေျပာခ်င္ပါတယ္” လို႔လည္း သူက ဆိုပါတယ္။

မၾကာေသးခင္ကလည္း ျမင္းၿခံၿမိဳ႕မွာ သြားေရာက္ေဖ်ာ္ေျဖခဲ့တဲ့အခါ အားေပးသူေတြ အမ်ားအျပားနဲ႔ သူ႔ကိုခ်စ္ခင္တဲ့ ပရိသတ္ေတြ တိုးလာခဲ့ပါတယ္။

သူ႔အေနနဲ႔ နယ္ပြဲေတြမွာ သြားေရာက္ေဖ်ာ္ေျဖဖို႔ ျပင္ဆင္ေနတာေတြရွိသလို လတ္တေလာမွာလည္း ပရိသတ္ေတြနားဆင္ႏိုင္ဖို႔ “အသည္းနင့္ေအာင္ ခ်စ္ရသူ” လို႔ နာမည္ရတဲ့ ေတးသီခ်င္းကို အြန္လိုင္းေပၚကေန ျဖန႔္ခ်ီထားၿပီး သူ႔ရဲ႕ အႏုပညာေတြကို ပရိသတ္ေတြခံစားႏိုင္ေအာင္ ယခုလို ေတးသီခ်င္းေတြ တင္တာကို မၾကာမၾကာလုပ္ေဆာင္သြားဖို႔လည္း စီစဥ္ထားတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ စက္တင္ဘာ - ၁၈