တရားဝင်ကွာရှင်းပြတ်စဲဖို့လုပ်နေတဲ့ လီယမ်နဲ့ မိုင်လေးတို့စုံတွဲ

တရားဝင်ကွာရှင်းပြတ်စဲဖို့လုပ်နေတဲ့ လီယမ်နဲ့ မိုင်လေးတို့စုံတွဲ

ပေါ့ပ်ကြယ်ပွင့်မိုင်လေး-ဆားရပ်စ်နဲ့ ခင်ပွန်းဖြစ်သူ လီယမ်-ဟမ်းစ်ဝပ်သ်တို့ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်။ အိမ်ထောင်သက် တစ်နှစ်တောင်မပြည့်သေးခင် အခုလို ကွာရှင်းမယ့်အစီအစဉ်ဖြစ်လာခဲ့တာပါ။ ‘သူတို့နှစ်ဦး အခုချိန်မှာ ကွာရှင်းဖို့ သဘောတူလိုက်ပါပြီ။

သူတို့ရဲ့ဆက်ဆံရေးကလည်း အမြဲဆိုသလို လမ်းခွဲလိုက် ပြန်တွဲလိုက်နဲ့ နေလာခဲ့တာပါ။ အနုပညာ အလုပ်ကိုယ်စီရှိတဲ့ နှစ်ယောက်စလုံးအနေနဲ့ကလည်း သူတို့အတွက်အကောင်းဆုံးဖြစ်မယ့်အရာကို ဆုံးဖြတ်ခဲ့တာပါ။

အိမ်မွေးတိရစ္ဆာန်လေးတွေကိုတော့ နှစ်ယောက်စလုံးကပဲ ဆက်ပြီးစောင့်ရှောက်သွားမယ်’လို့ မိုင်လေးရဲ့ကိုယ်စားလှယ်တစ်ဦးက People မဂ္ဂဇင်းကို ပြောပါတယ်။ မိုင်လေးနဲ့ လီယမ် ဟာ ၂၀၀၉ ခုနှစ်က The Last Song ဇာတ်ကားရိုက်ကူးနေစဉ်အတွင်း တွေ့ဆုံခဲ့တာဖြစ်ပြီး၊ ၂၀၁၂မှာ စေ့စပ်ကြောင်းလမ်းခဲ့ပါတယ်။

နောက်တစ်နှစ်မှာပဲ ဖျက်သိမ်းကြောင်းသတင်းထွက်ပေါ်လာခဲ့ပြီး၊ ၂၀၁၆ခုနှစ်မှာမှ နောက်တစ်ကြိမ်ပြန်လည်စေ့စပ်ပြီး၊ ၂၀၁၈ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ နှစ်ရှည်လများတွဲလာခဲ့ပေမဲ့ ဒီလိုပဲ ရန်ဖြစ် လိုက်၊ ပြန်ချစ်လိုက်ဆက်ဆံရေး ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အင်စတာဂရမ်မှာတင်တဲ့ မိုင်လေးဓာတ်ပုံမှာတော့ လက်ထပ်လက်စွပ် ဝတ်တာ မတွေ့ရတော့ပါဘူး။ Elle မဂ္ဂဇင်းနဲ့ တွေ့ဆုံမေးမြန်းခန်းအစီအစဉ်မှာ မိုင်လေးက ‘မိန်းမလို့ အခေါ်ခံရတာ ကျွန်မ မကြိုက်ဘူး။ သိပ်စိတ်ရှုပ်စရာကောင်းတယ်။ ဇနီးမယား တစ်ယောက် ပုံစံဖြစ်အောင် နေလည်းမနေတတ်ဘူး’လို့ ဖြေသွားပါတယ်။

နောက်ပြီး သူဟာ မိန်းမချင်း ဆွဲဆောင်အားကောင်းတဲ့ သူတစ်ယောက်လို့လည်း ဖွင့်ဟခဲ့ပါတယ်။ မိုင်လေးဟာ အရင်ကလည်း လိင်တူစိတ်ဝင်စားသူအဖြစ် သတင်းထွက်ခဲ့ဖူးပါတယ်။

ရည်မွန်
Ref: AFP
နယူးယောက်၊ သြဂုတ် ၁၂

(  Zawgyi  )

 ေပါ့ပ္ၾကယ္ပြင့္မိုင္ေလး-ဆားရပ္စ္နဲ႔ ခင္ပြန္းျဖစ္သူ လီယမ္-ဟမ္းစ္ဝပ္သ္တို႔ ႏွစ္ဦးသေဘာတူ ကြာရွင္းျပတ္စဲဖို႔ သေဘာတူလိုက္ၿပီျဖစ္ပါတယ္။ အိမ္ေထာင္သက္ တစ္ႏွစ္ေတာင္မျပည့္ေသးခင္ အခုလို ကြာရွင္းမယ့္အစီအစဥ္ျဖစ္လာခဲ့တာပါ။ ‘သူတို႔ႏွစ္ဦး အခုခ်ိန္မွာ ကြာရွင္းဖို႔ သေဘာတူလိုက္ပါၿပီ။

သူတို႔ရဲ႕ဆက္ဆံေရးကလည္း အၿမဲဆိုသလို လမ္းခြဲလိုက္ ျပန္တြဲလိုက္နဲ႔ ေနလာခဲ့တာပါ။ အႏုပညာ အလုပ္ကိုယ္စီရွိတဲ့ ႏွစ္ေယာက္စလုံးအေနနဲ႔ကလည္း သူတို႔အတြက္အေကာင္းဆုံးျဖစ္မယ့္အရာကို ဆုံးျဖတ္ခဲ့တာပါ။

အိမ္ေမြးတိရစာၦန္ေလးေတြကိုေတာ့ ႏွစ္ေယာက္စလုံးကပဲ ဆက္ၿပီးေစာင့္ေရွာက္သြားမယ္’လို႔ မိုင္ေလးရဲ႕ကိုယ္စားလွယ္တစ္ဦးက People မဂၢဇင္းကို ေျပာပါတယ္။ မိုင္ေလးနဲ႔ လီယမ္ ဟာ ၂၀၀၉ ခုႏွစ္က The Last Song ဇာတ္ကား႐ိုက္ကူးေနစဥ္အတြင္း ေတြ႕ဆုံခဲ့တာျဖစ္ၿပီး၊ ၂၀၁၂မွာ ေစ့စပ္ေၾကာင္းလမ္းခဲ့ပါတယ္။

ေနာက္တစ္ႏွစ္မွာပဲ ဖ်က္သိမ္းေၾကာင္းသတင္းထြက္ေပၚလာခဲ့ၿပီး၊ ၂၀၁၆ခုႏွစ္မွာမွ ေနာက္တစ္ႀကိမ္ျပန္လည္ေစ့စပ္ၿပီး၊ ၂၀၁၈ခုႏွစ္မွာ လက္ထပ္ခဲ့ပါတယ္။ ႏွစ္ရွည္လမ်ားတြဲလာခဲ့ေပမဲ့ ဒီလိုပဲ ရန္ျဖစ္ လိုက္၊ ျပန္ခ်စ္လိုက္ဆက္ဆံေရး ျဖစ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း အင္စတာဂရမ္မွာတင္တဲ့ မိုင္ေလးဓာတ္ပုံမွာေတာ့ လက္ထပ္လက္စြပ္ ဝတ္တာ မေတြ႕ရေတာ့ပါဘူး။ Elle မဂၢဇင္းနဲ႔ ေတြ႕ဆုံေမးျမန္းခန္းအစီအစဥ္မွာ မိုင္ေလးက ‘မိန္းမလို႔ အေခၚခံရတာ ကြၽန္မ မႀကိဳက္ဘူး။ သိပ္စိတ္ရႈပ္စရာေကာင္းတယ္။ ဇနီးမယား တစ္ေယာက္ ပုံစံျဖစ္ေအာင္ ေနလည္းမေနတတ္ဘူး’လို႔ ေျဖသြားပါတယ္။

ေနာက္ၿပီး သူဟာ မိန္းမခ်င္း ဆြဲေဆာင္အားေကာင္းတဲ့ သူတစ္ေယာက္လို႔လည္း ဖြင့္ဟခဲ့ပါတယ္။ မိုင္ေလးဟာ အရင္ကလည္း လိင္တူစိတ္ဝင္စားသူအျဖစ္ သတင္းထြက္ခဲ့ဖူးပါတယ္။

ရည္မြန္
Ref: AFP
နယူးေယာက္၊ ၾသဂုတ္ ၁၂