တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက်ပြင်ဆင်နေတဲ့ မိုရီဆာကီဝင်း

တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက်ပြင်ဆင်နေတဲ့ မိုရီဆာကီဝင်း

မြန်မာပြည်ဖွားတစ်ယောက်ဖြစ်ပေမယ့် ဂျပန်နိုင်ငံမှာပဲအနေများကာ ဂျပန်နာမည်ကျော်အဆိုတော် တစ်ဦးလည်း ဖြစ်ခဲ့တဲ့ မိုရီဆာကီဝင်းဟာ သူ့ရဲ့ တစ်ကိုယ်တော်ဂီတဖျော်ဖြေပွဲကို COVID အလွန်ကာလထဲ မြန်မာနိုင်ငံမှာ ကျင်းပသွားနိုင်ဖို့ ပြင်ဆင်ထား တယ်လို့ သိရပါတယ်။

“ကျွန်တော့်ရဲ့ အဓိကပွဲဦးထွက်ပွဲအတွက် ပြင်ဆင်နေပါတယ်၊ ခဏတော့ စောင့်ပေးပါဦးနော်၊ မြန်မာပြည်မှာ အနုပညာအလုပ်တွေ ကိုလုပ်မှာပါ”လို့ သူကဆိုပါတယ်။ သူဟာ "ဇာတိမြေ" ရုပ်ရှင်ဇာတ်ကားကြီးကနေ တဆင့် မြန်မာ ပရိသတ်တွေရဲ့ အားပေးမှုကို ရခဲ့သူဖြစ်သလို ပြည်တွင်းရှိ ရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်တဲ့ အစီအစဉ် တွေမှာလည်း ပါဝင်ခွင့်ရလာသူဖြစ်ခဲ့ပြီး ဂျပန်နိုင်ငံမှာ အနေများသလို သီချင်းတွေ သီဆိုမှုတွေနဲ့ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

“မြန်မာပရိသတ်နဲ့ တွေ့ချင်ပါသေးတယ်၊ အခုကာလလွန်မြောက်တဲ့အခါ ကျွန်တော်တို့ ပြန်ဆုံကြပါမယ်၊ ပျော်ပျော်ပါးပါးနဲ့ပေါ့၊ ပရိသတ်အားလုံးကိုလည်း သတိရပါတယ်”လို့ သူက ပြောပါတယ်။သူဟာ ဂျပန်နိုင်ငံက J Pop Boyband တစ်ခုဖြစ်တဲ့ PRIZMAX အဖွဲ့မှာ မြန်မာလူမျိုးအနုပညာရှင်အဖြစ် ပါဝင်ခဲ့သလို ကျန်ရှိသော အဖွဲ့ဝင်တွေဖြစ်တဲ့ ဂျပန်နိုင်ငံသားတွေနဲ့အတူ ဖျော်ဖြေတာ တွေကိုလည်း လုပ်ကိုင်ခဲ့ကြောင်း၊ ထို PRIZMAX အဖွဲ့ကို ၂၀၀၂ ခုနှစ်မှာ Stardust Promotion ကုမ္ပဏီက ဖွဲ့စည်းပေးခဲ့တာဖြစ်သလို ယခု ၂၀၂၀ မတ်လ ၂၇ ရက်မှာတော့ အဲ့ဒီအဖွဲ့ကို ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ပြည်တွင်းက ကြော်ငြာအများအပြားမှာ နေရာယူထားသူလည်းဖြစ်ခဲ့ပြီး သီချင်းသီဆိုမှုအပိုင်း သာမက သရုပ်ဆောင်တဲ့ အပိုင်းမှာလည်း အမျိုးသမီးပရိသတ်တွေရဲ့ အသည်းစွဲသရုပ်ဆောင်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ - ကိုနိုင် NG)

(  Zawgyi  )

 ျမန္မာျပည္ဖြားတစ္ေယာက္ျဖစ္ေပမယ့္ ဂ်ပန္ႏိုင္ငံမွာပဲအေနမ်ားကာ ဂ်ပန္နာမည္ေက်ာ္အဆိုေတာ္ တစ္ဦးလည္း ျဖစ္ခဲ့တဲ့ မိုရီဆာကီဝင္းဟာ သူ႔ရဲ႕ တစ္ကိုယ္ေတာ္ဂီတေဖ်ာ္ေျဖပြဲကို COVID အလြန္ကာလထဲ ျမန္မာႏိုင္ငံမွာ က်င္းပသြားႏိုင္ဖို႔ ျပင္ဆင္ထား တယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ့္ရဲ႕ အဓိကပြဲဦးထြက္ပြဲအတြက္ ျပင္ဆင္ေနပါတယ္၊ ခဏေတာ့ ေစာင့္ေပးပါဦးေနာ္၊ ျမန္မာျပည္မွာ အႏုပညာအလုပ္ေတြ ကိုလုပ္မွာပါ”လို႔ သူကဆိုပါတယ္။ သူဟာ "ဇာတိေျမ" ႐ုပ္ရွင္ဇာတ္ကားႀကီးကေန တဆင့္ ျမန္မာ ပရိသတ္ေတြရဲ႕ အားေပးမႈကို ရခဲ့သူျဖစ္သလို ျပည္တြင္းရွိ ႐ုပ္သံလိုင္းေတြမွာ ထုတ္လႊင့္တဲ့ အစီအစဥ္ ေတြမွာလည္း ပါဝင္ခြင့္ရလာသူျဖစ္ခဲ့ၿပီး ဂ်ပန္ႏိုင္ငံမွာ အေနမ်ားသလို သီခ်င္းေတြ သီဆိုမႈေတြနဲ႔ လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

“ျမန္မာပရိသတ္နဲ႔ ေတြ႕ခ်င္ပါေသးတယ္၊ အခုကာလလြန္ေျမာက္တဲ့အခါ ကြၽန္ေတာ္တို႔ ျပန္ဆုံၾကပါမယ္၊ ေပ်ာ္ေပ်ာ္ပါးပါးနဲ႔ေပါ့၊ ပရိသတ္အားလုံးကိုလည္း သတိရပါတယ္”လို႔ သူက ေျပာပါတယ္။သူဟာ ဂ်ပန္ႏိုင္ငံက J Pop Boyband တစ္ခုျဖစ္တဲ့ PRIZMAX အဖြဲ႕မွာ ျမန္မာလူမ်ိဳးအႏုပညာရွင္အျဖစ္ ပါဝင္ခဲ့သလို က်န္ရွိေသာ အဖြဲ႕ဝင္ေတြျဖစ္တဲ့ ဂ်ပန္ႏိုင္ငံသားေတြနဲ႔အတူ ေဖ်ာ္ေျဖတာ ေတြကိုလည္း လုပ္ကိုင္ခဲ့ေၾကာင္း၊ ထို PRIZMAX အဖြဲ႕ကို ၂၀၀၂ ခုႏွစ္မွာ Stardust Promotion ကုမၸဏီက ဖြဲ႕စည္းေပးခဲ့တာျဖစ္သလို ယခု ၂၀၂၀ မတ္လ ၂၇ ရက္မွာေတာ့ အဲ့ဒီအဖြဲ႕ကို ဖ်က္သိမ္းခဲ့တယ္လို႔ သိရပါတယ္။

လက္ရွိမွာ ျပည္တြင္းက ေၾကာ္ျငာအမ်ားအျပားမွာ ေနရာယူထားသူလည္းျဖစ္ခဲ့ၿပီး သီခ်င္းသီဆိုမႈအပိုင္း သာမက သ႐ုပ္ေဆာင္တဲ့ အပိုင္းမွာလည္း အမ်ိဳးသမီးပရိသတ္ေတြရဲ႕ အသည္းစြဲသ႐ုပ္ေဆာင္တစ္ဦးလည္း ျဖစ္ခဲ့ပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ - ကိုႏိုင္ NG)