တစ်ကိုယ်တော်တေးစီးရီးခွေအတွက် ပြင်ဆင်နေတဲ့ တေးသံရှင် ထက်နေကြည်

တစ်ကိုယ်တော်တေးစီးရီးခွေအတွက် ပြင်ဆင်နေတဲ့ တေးသံရှင် ထက်နေကြည်

မျိုးဆက်သစ်တေးသံရှင်တွေထဲမှာ ပရိသတ်အားပေးမှုရလာတဲ့ တေးသံရှင် ထက်နေကြည်ဟာ သူ့ရဲ့တစ်ကိုယ်တော်တေးစီးရီးခွေအတွက် လိုအပ်သောပြင်ဆင်တာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဆိုပါတေးစီးရီးနဲ့ပတ်သက်ပြီးတော့ အခုရက်ပိုင်းထဲမှာပဲ အသံသွင်းတာတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

“ဒါက ကျွန်တော့်ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်စီးရီးအတွက် လုပ်နေတာဖြစ်ပါတယ်၊ Story Board Studio မှာတော့ လောလောဆယ်မှာ အသံသွင်းနေတယ်ပေါ့၊ ခက်တာက COVID ကလည်း ဒီရက်ပိုင်းမှာ ကူးစက်နှုန်းတအားမြင့်လာတော့ ကျွန်တော်တို့လည်းစိုးရိမ်ပါတယ်၊ တစ်ကိုယ်တော်ခွေအတွက် တခြားလုပ်ဖို့လိုအပ်တဲ့အလုပ်ကလေးတွေတော့ ရှိသေးပေမယ့် ခဏလေးတော့ အခြေအနေကိုစောင့်ကြည့်ရင်းနဲ့ပေ့ါ၊ ကျွန်တော့်ကိုအားပေးတဲ့ ပရိသတ်တွေအနေနဲ့လည်း နားဆင်နိုင်အောင်လို့ ဖေ့ဘွတ်ကနေ ဒီစီးရီးထဲက သီချင်းလေးတွေကို ဆိုပြဖို့လည်းရှိပါမယ်၊ အမြည်းလေးနားဆင်ခံစားနိုင်အောင်ပေါ့နော်၊ COVID ကြီးပြီးမှ ကျန်တာဆက်လုပ်ဖြစ်မယ်ထင်တယ်၊ အခုကတော့ ဘာလုပ်ရမှန်းကိုမသိတော့တာ၊ ဒီအချိန်မှာက လုပ်ရကိုင်ရတာ အခက်အခဲတွေရှိတယ်ဆိုပေမယ့် ရောဂါကူးစက်မခံရအောင်နေဖို့က ပိုအရေးကြီးပါတယ်၊ ပရိသတ်တွေအနေနဲ့လည်း ဒီအချိန်မှာ ကျန်းမာရေးကို ပိုပြီးအလေးထားနေထိုင်ကြပါလို့ ပြောလိုပါတယ်နော်၊ ဖြစ်နိုင်ရင် အိမ်ထဲမှာပဲနေကြပါ” လို့ သူကရှင်းပြပါတယ်။

အခုရက်ပိုင်းလေးထဲမှာပဲ သူ့ရဲ့ဒုတိယမြောက်တေးစီးရီးမှာပါဝင်မယ့် သီချင်းတွေထဲက အသုံးချခံလို့ နာမည်ပေးထားတဲ့သီချင်းနဲ့ လမင်းမရှိတဲ့ကောင်းကင်လို့ နာမည်ရတဲ့ သီချင်းတွေအတွက် အသံသွင်းထားပြီးလည်းဖြစ်သလို Music Video တွေအဖြစ်လည်း ဆက်လုပ်သွားဖို့ လျာထားတယ်လို့ သိရပါတယ်။

အခုရက်ပိုင်းထဲမှာ ပရိသတ်တွေနဲ့ တွေ့ဆုံစကားပြောတာတွေကို အွန်လိုင်းကနေလုပ်ဆောင်ဖို့ စီစဉ်ထားသလို ဖေ့ဘွတ်လူမှုကွန်ရက်ကနေ Live ထုတ်လွှင့်တာတွေ၊ တေးသီချင်းများ သီဆိုပြတာတွေကိုလည်း လုပ်ဆောင်သွားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ စက်တင်ဘာ - ၁၀

( Zawgyi )



“ဒါက ကျွန်တော့်ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်စီးရီးအတွက် လုပ်နေတာဖြစ်ပါတယ်၊ Story Board Studio မှာတော့ လောလောဆယ်မှာ အသံသွင်းနေတယ်ပေါ့၊ ခက်တာက COVID ကလည်း ဒီရက်ပိုင်းမှာ ကူးစက်နှုန်းတအားမြင့်လာတော့ ကျွန်တော်တို့လည်းစိုးရိမ်ပါတယ်၊ တစ်ကိုယ်တော်ခွေအတွက် တခြားလုပ်ဖို့လိုအပ်တဲ့အလုပ်ကလေးတွေတော့ ရှိသေးပေမယ့် ခဏလေးတော့ အခြေအနေကိုစောင့်ကြည့်ရင်းနဲ့ပေါ့၊ ကျွန်တော့်ကိုအားပေးတဲ့ ပရိသတ်တွေအနေနဲ့လည်း နားဆင်နိုင်အောင်လို့ ဖေ့ဘွတ်ကနေ ဒီစီးရီးထဲက သီချင်းလေးတွေကို ဆိုပြဖို့လည်းရှိပါမယ်၊ အမြည်းလေးနားဆင်ခံစားနိုင်အောင်ပေါ့နော်၊ COVID ကြီးပြီးမှ ကျန်တာဆက်လုပ်ဖြစ်မယ်ထင်တယ်၊ အခုကတော့ ဘာလုပ်ရမှန်းကိုမသိတော့တာ၊ ဒီအချိန်မှာက လုပ်ရကိုင်ရတာ အခက်အခဲတွေရှိတယ်ဆိုပေမယ့် ရောဂါကူးစက်မခံရအောင်နေဖို့က ပိုအရေးကြီးပါတယ်၊ ပရိသတ်တွေအနေနဲ့လည်း ဒီအချိန်မှာ ကျန်းမာရေးကို ပိုပြီးအလေးထားနေထိုင်ကြပါလို့ ပြောလိုပါတယ်နော်၊ ဖြစ်နိုင်ရင် အိမ်ထဲမှာပဲနေကြပါ” လို့ သူကရှင်းပြပါတယ်။



မင်းခေတ်လင်း
ရန်ကုန်၊ စက်တင်ဘာ - ၁၀