တက်သစ်စသရုပ်ဆောင်ဘ၀ အနှိမ်ခံ အနင်းခံရတဲ့အဖြစ်များပြားဟု ရွှေပိုးအိမ်ဆို

 တက်သစ်စသရုပ်ဆောင်ဘ၀ အနှိမ်ခံ အနင်းခံရတဲ့အဖြစ်များပြားဟု ရွှေပိုးအိမ်ဆို

သရုပ်ဆောင်လောကထဲကို သရုပ်ဆောင်သစ်အဖြစ်နဲ့ စတင်ဝင်ရောက်တဲ့ကာလဟာ အနင်းခံရတဲ့ အဖြစ်မျိုးက များပြားလေ့ရှိပြီး အခက်အခဲတွေကြားကနေ ပရိသတ်သတိထားမိတဲ့ အခြေအနေမျိုးရောက် အောင် ကြိုးစားခဲ့ရတယ်လို့ သရုပ်ဆောင် ရွှေပိုးအိမ်က ပြောပါတယ်။“ထုတ်လုပ်ရေးတိုက်တစ်ခုနဲ့ ညီမစပြီးရိုက်စဉ်တုန်းက ရှုတင်မန်နေဂျာ တော်တော်ရိုင်းတယ်၊ တော်တော် လေး ပြောတာဆိုတာ ဆိုးတယ်၊ အဲ့ဒီတုန်းက ရန်ကင်းစင်တာမှာ သွားရိုက်တယ်၊ ညီမက အမြဲတမ်း မော်နီတာကြည့်တယ်၊ ကိုယ်မပါတဲ့အခန်းဆိုလည်း မော်နီတာကြည့်တယ်၊ ဘယ်လောက် အထိဆိုးသလဲဆိုရင် ကိုယ်ထိုင်ကြည့်နေတဲ့ အချိန်မှာ သူက ကိုယ့်နောက်ကျောမှာ မှတ်တမ်းလိုက်နေတယ်၊ ပရိသတ်တွေကလည်း ကြည့်နေတော့ ညီမလေ တော်တော်လေးကိုရှက်သွားမိတယ်၊ ရှုတင်ရောက် သွားရင်လည်း ဒီကောင်မလေးကို ဘာရုပ်နဲ့ရွေးတာလဲဆိုတဲ့ အနှိမ်ခံရတာမျိုးတွေ ရှိတာပေါ့”လို့လည်း သူက ပြောပါတယ်။

တက်သစ်စသရုပ်ဆောင်တစ်ယောက်ရဲ့ဘဝဟာ ပရိသတ်သိစေမယ့်အခြေအနေအတွက် အခက်အခဲတွေကြားကနေ ကြိုးစားနေရပြီး အများစုဟာ အနှိမ်ခံ အနင်းခံ အခြေအနေမျိုးကို ဖြတ်သန်း ကြရတယ်လို့ ဆိုပါတယ်။
“ကင်မရာနောက်ကွယ်မှာ အမှတ်တရတွေ အများကြီးရှိပါတယ်၊ လောကမှာ ကျတော့နင်းတဲ့သူတွေက အရမ်းများတယ်၊ ညီမတို့က Second ဘဝကနေ သရုပ်ဆောင်ခဲ့တယ်၊ တစ်ချို့တွဲခေါ်တဲ့ Actor ကြီးတွေ ရှိသလို တွဲမခေါ်တဲ့ Actor ကြီးတွေလည်း ရှိတယ်၊ ညီမတို့ပါလို့ မရိုက်ချင်ကြတဲ့သူတွေလည်း အများကြီး ရှိတယ်၊ မှားလို့ လက်မခံကြတဲ့သူတွေလည်း အများကြီးရှိတယ်၊ လက်တွဲမခေါ်ကြတဲ့သူတွေလည်း အများကြီး ရှိပါတယ်။ အခက်အခဲတွေအများကြီးကနေ ကြိုးစားခဲ့ရတာပေါ့နော်၊ အခု ရွှေပိုးအိမ်ဟာ နေရာတစ်ခုကို ရလာပြီ၊ ပရိသတ်တွေ သိလာပြီ၊ အဲ့ဒီအချိန်ကျမှ သြော် ရွှေပိုးအိမ်ပါလား ဆိုပြီးတော့ နေရာပြန်ပေးကြတယ်၊ ကြုံရတာကတော့ အများကြီးပါပဲ”လို့ သူက ဆိုပါတယ်။

သူမ အနေနဲ့ ပရိသတ်တွေအတွက် ပိုမိုကြိုးစားသွားဖို့ရှိနေပြီး အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစား လုပ်ကိုင်နေတာကြောင့် ပရိသတ်တွေအနေနဲ့လည်း အားပေးကြဖို့မျှော်လင့်လျက်ရှိပါတယ်။ “ညီမကို ချစ်ခင်တဲ့ ပရိသတ်တွေအနေနဲ့ ညီမလည်း ချစ်ခင်ပါတယ်၊ အားပေးကြပါ၊ ပိုပြီးကောင်းအောင် အမြဲကြိုးစားနေပါတယ်လို့ ပြောချင်ပါတယ်”လို့လည်း သူက ပြောကြားသွားခဲ့ပါတယ်။
 
မင်းခေတ်လင်း
ရန်ကုန်၊ အောက်တိုဘာ ၆

(  Zawgyi  )

 သ႐ုပ္ေဆာင္ေလာကထဲကို သ႐ုပ္ေဆာင္သစ္အျဖစ္နဲ႔ စတင္ဝင္ေရာက္တဲ့ကာလဟာ အနင္းခံရတဲ့ အျဖစ္မ်ိဳးက မ်ားျပားေလ့ရွိၿပီး အခက္အခဲေတြၾကားကေန ပရိသတ္သတိထားမိတဲ့ အေျခအေနမ်ိဳးေရာက္ ေအာင္ ႀကိဳးစားခဲ့ရတယ္လို႔ သ႐ုပ္ေဆာင္ ေ႐ႊပိုးအိမ္က ေျပာပါတယ္။“ထုတ္လုပ္ေရးတိုက္တစ္ခုနဲ႔ ညီမစၿပီး႐ိုက္စဥ္တုန္းက ရႈတင္မန္ေနဂ်ာ ေတာ္ေတာ္႐ိုင္းတယ္၊ ေတာ္ေတာ္ ေလး ေျပာတာဆိုတာ ဆိုးတယ္၊ အဲ့ဒီတုန္းက ရန္ကင္းစင္တာမွာ သြား႐ိုက္တယ္၊ ညီမက အၿမဲတမ္း ေမာ္နီတာၾကည့္တယ္၊ ကိုယ္မပါတဲ့အခန္းဆိုလည္း ေမာ္နီတာၾကည့္တယ္၊ ဘယ္ေလာက္ အထိဆိုးသလဲဆိုရင္ ကိုယ္ထိုင္ၾကည့္ေနတဲ့ အခ်ိန္မွာ သူက ကိုယ့္ေနာက္ေက်ာမွာ မွတ္တမ္းလိုက္ေနတယ္၊ ပရိသတ္ေတြကလည္း ၾကည့္ေနေတာ့ ညီမေလ ေတာ္ေတာ္ေလးကိုရွက္သြားမိတယ္၊ ရႈတင္ေရာက္ သြားရင္လည္း ဒီေကာင္မေလးကို ဘာ႐ုပ္နဲ႔ေ႐ြးတာလဲဆိုတဲ့ အႏွိမ္ခံရတာမ်ိဳးေတြ ရွိတာေပါ့”လို႔လည္း သူက ေျပာပါတယ္။

တက္သစ္စသ႐ုပ္ေဆာင္တစ္ေယာက္ရဲ႕ဘဝဟာ ပရိသတ္သိေစမယ့္အေျခအေနအတြက္ အခက္အခဲေတြၾကားကေန ႀကိဳးစားေနရၿပီး အမ်ားစုဟာ အႏွိမ္ခံ အနင္းခံ အေျခအေနမ်ိဳးကို ျဖတ္သန္း ၾကရတယ္လို႔ ဆိုပါတယ္။
“ကင္မရာေနာက္ကြယ္မွာ အမွတ္တရေတြ အမ်ားႀကီးရွိပါတယ္၊ ေလာကမွာ က်ေတာ့နင္းတဲ့သူေတြက အရမ္းမ်ားတယ္၊ ညီမတို႔က Second ဘဝကေန သ႐ုပ္ေဆာင္ခဲ့တယ္၊ တစ္ခ်ိဳ႕တြဲေခၚတဲ့ Actor ႀကီးေတြ ရွိသလို တြဲမေခၚတဲ့ Actor ႀကီးေတြလည္း ရွိတယ္၊ ညီမတို႔ပါလို႔ မ႐ိုက္ခ်င္ၾကတဲ့သူေတြလည္း အမ်ားႀကီး ရွိတယ္၊ မွားလို႔ လက္မခံၾကတဲ့သူေတြလည္း အမ်ားႀကီးရွိတယ္၊ လက္တြဲမေခၚၾကတဲ့သူေတြလည္း အမ်ားႀကီး ရွိပါတယ္။ အခက္အခဲေတြအမ်ားႀကီးကေန ႀကိဳးစားခဲ့ရတာေပါ့ေနာ္၊ အခု ေ႐ႊပိုးအိမ္ဟာ ေနရာတစ္ခုကို ရလာၿပီ၊ ပရိသတ္ေတြ သိလာၿပီ၊ အဲ့ဒီအခ်ိန္က်မွ ေၾသာ္ ေ႐ႊပိုးအိမ္ပါလား ဆိုၿပီးေတာ့ ေနရာျပန္ေပးၾကတယ္၊ ႀကဳံရတာကေတာ့ အမ်ားႀကီးပါပဲ”လို႔ သူက ဆိုပါတယ္။

သူမ အေနနဲ႔ ပရိသတ္ေတြအတြက္ ပိုမိုႀကိဳးစားသြားဖို႔ရွိေနၿပီး အေကာင္းဆုံးျဖစ္ေအာင္ အၿမဲႀကိဳးစား လုပ္ကိုင္ေနတာေၾကာင့္ ပရိသတ္ေတြအေနနဲ႔လည္း အားေပးၾကဖို႔ေမွ်ာ္လင့္လ်က္ရွိပါတယ္။ “ညီမကို ခ်စ္ခင္တဲ့ ပရိသတ္ေတြအေနနဲ႔ ညီမလည္း ခ်စ္ခင္ပါတယ္၊ အားေပးၾကပါ၊ ပိုၿပီးေကာင္းေအာင္ အၿမဲႀကိဳးစားေနပါတယ္လို႔ ေျပာခ်င္ပါတယ္”လို႔လည္း သူက ေျပာၾကားသြားခဲ့ပါတယ္။
 
မင္းေခတ္လင္း
ရန္ကုန္၊ ေအာက္တိုဘာ ၆