ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ဇာတ်ကားကြီး မျှမျှတတ လက်ခံရိုက်ကူးနေတဲ့သရုပ်ဆောင် မေမြင့်မိုရ်

ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ဇာတ်ကားကြီး မျှမျှတတ လက်ခံရိုက်ကူးနေတဲ့သရုပ်ဆောင် မေမြင့်မိုရ်

အခုနောက်ပိုင်း သရုပ်ဆောင်သစ်တွေထဲမှာ လူသိများလာပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ရိုက်ကူးခွင့် ရလာတဲ့ သရုပ်ဆောင် မေမြင့်မိုရ်ဟာ လက်ရှိကလမှာ ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ကားကြီးတွေကို မျှမျှတတ လက်ခံ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

“လောလောဆယ်တော့ ဇာတ်လမ်းတွဲတွေရော ရုပ်ရှင်ကားကြီးတွေရော ရိုက်နေပါတယ်၊ မကြာသေးခင်ကပဲ ရုပ်ရှင်ကားကြီးတစ်ကားရိုက်ပြီးသွားပါပြီ၊ TV ကြော်ငြာတွေလည်း ရိုက်နေပါတယ်၊ MTV လည်း ရိုက်ဖြစ်တယ်၊ နောက်ထပ်လည်း ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ဖို့ရှိနေပါတယ်၊ အဲ့ဒီဇာတ်ကားက ပုဂံမှာ သွားပြီး ရိုက်ကူူးမှာပါ”လို့ သရုပ်ဆောင်  မေမြင့်မိုရ်က ပြောပါတယ်။

လတ်တလော ကြိုးစားနေဆဲကာလဖြစ်တာကြောင့် သူမအဖို့ ရိုက်ကူးရန်လာငှားတဲ့ ဇာတ်ကားမှန်သမျှကို လက်ခံရိုက်ကူးနေတာဖြစ်ပါတယ်။ “အခုအချိန်တွေက ကြိုးစားနေဆဲကာလဖြစ်တာကြောင့်လည်း ဇာတ်လမ်း ရွေးတာမျိုးတော့ မရှိပါဘူး၊ မေ့ အနေနဲ့က ဇာတ်လမ်းတွဲတွေချည်းပဲ ရွေးရိုက်တာမျိုးမဟုတ်သလို ရုပ်ရှင်ကားကြီးတွေကိုလည်း ရိုက်ပါတယ်၊ အကုန်လုံးတော့ မျှမျှတတဖြစ်အောင် လက်ခံ ရိုက်ကူးနေပါတယ်”လို့ သူက ရှင်းပြပါတယ်။

သရုပ်ဆောင်မှုနဲ့ပတ်သက်လို့ ဆက်လက်ပြီး“ရုပ်ရှင်ကားတွေမှာ သရုပ်ဆောင်ရတာလည်း ခက်ခဲပါတယ်၊ Stress များတယ်လေ၊ အတတ်နိုင်ဆုံးတော့ ကြိုးစားပြီး ဒါရိုက်တာလိုချင်တဲ့ ပုံစံမျိုးဖြစ်အောင် သရုပ်ဆောင် ပါတယ်၊ အားပေးတဲ့ ပရိသတ်တွေနဲ့ပတ်သက်လို့ ပြောရရင် ပရိသတ်တွေအကုန်လုံးကိုလည်း မေက ချစ်ပါတယ်၊ ပရိသတ်တွေကလည်း ချစ်ခင်ပြီး အားပေးကြပါလို့ ပြောချင်ပါတယ်”လို့လည်း သူက ပြောကြားပါတယ်။

လက်ရှိကာလမှာတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ မှော်ကျောက်စာလို့ နာမည်ရတဲ့ ရုပ်ရှင်ကားကြီးဟာ ပရိသတ်တွေရဲ့ ရှေ့မှောက်မှာ ပြသရောက်ရှိနေပြီလို့ သိရပါတယ်။

မင်းခေတ်လင်း

ရန်ကုန်၊ စက်တင်ဘာ ၃၀

( Zawgyi )

 အခုေနာက္ပိုင္း သ႐ုပ္ေဆာင္သစ္ေတြထဲမွာ လူသိမ်ားလာၿပီး ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာ ပါဝင္႐ိုက္ကူးခြင့္ ရလာတဲ့ သ႐ုပ္ေဆာင္ ေမျမင့္မိုရ္ဟာ လက္ရွိကလမွာ ဇာတ္လမ္းတြဲေတြနဲ႔ ႐ုပ္ရွင္ကားႀကီးေတြကို မွ်မွ်တတ လက္ခံ ႐ိုက္ကူးေနတယ္လို႔ သိရပါတယ္။

“ေလာေလာဆယ္ေတာ့ ဇာတ္လမ္းတြဲေတြေရာ ႐ုပ္ရွင္ကားႀကီးေတြေရာ ႐ိုက္ေနပါတယ္၊ မၾကာေသးခင္ကပဲ ႐ုပ္ရွင္ကားႀကီးတစ္ကား႐ိုက္ၿပီးသြားပါၿပီ၊ TV ေၾကာ္ျငာေတြလည္း ႐ိုက္ေနပါတယ္၊ MTV လည္း ႐ိုက္ျဖစ္တယ္၊ ေနာက္ထပ္လည္း ႐ုပ္ရွင္ကားႀကီးတစ္ကား ႐ိုက္ဖို႔ရွိေနပါတယ္၊ အဲ့ဒီဇာတ္ကားက ပုဂံမွာ သြားၿပီး ႐ိုက္ကူူးမွာပါ”လို႔ သ႐ုပ္ေဆာင္ ေမျမင့္မိုရ္က ေျပာပါတယ္။

လတ္တေလာ ႀကိဳးစားေနဆဲကာလျဖစ္တာေၾကာင့္ သူမအဖို႔ ႐ိုက္ကူးရန္လာငွားတဲ့ ဇာတ္ကားမွန္သမွ်ကို လက္ခံ႐ိုက္ကူးေနတာျဖစ္ပါတယ္။ “အခုအခ်ိန္ေတြက ႀကိဳးစားေနဆဲကာလျဖစ္တာေၾကာင့္လည္း ဇာတ္လမ္း ေ႐ြးတာမ်ိဳးေတာ့ မရွိပါဘူး၊ ေမ့ အေနနဲ႔က ဇာတ္လမ္းတြဲေတြခ်ည္းပဲ ေ႐ြး႐ိုက္တာမ်ိဳးမဟုတ္သလို ႐ုပ္ရွင္ကားႀကီးေတြကိုလည္း ႐ိုက္ပါတယ္၊ အကုန္လုံးေတာ့ မွ်မွ်တတျဖစ္ေအာင္ လက္ခံ ႐ိုက္ကူးေနပါတယ္”လို႔ သူက ရွင္းျပပါတယ္။

သ႐ုပ္ေဆာင္မႈနဲ႔ပတ္သက္လို႔ ဆက္လက္ၿပီး“႐ုပ္ရွင္ကားေတြမွာ သ႐ုပ္ေဆာင္ရတာလည္း ခက္ခဲပါတယ္၊ Stress မ်ားတယ္ေလ၊ အတတ္ႏိုင္ဆုံးေတာ့ ႀကိဳးစားၿပီး ဒါ႐ိုက္တာလိုခ်င္တဲ့ ပုံစံမ်ိဳးျဖစ္ေအာင္ သ႐ုပ္ေဆာင္ ပါတယ္၊ အားေပးတဲ့ ပရိသတ္ေတြနဲ႔ပတ္သက္လို႔ ေျပာရရင္ ပရိသတ္ေတြအကုန္လုံးကိုလည္း ေမက ခ်စ္ပါတယ္၊ ပရိသတ္ေတြကလည္း ခ်စ္ခင္ၿပီး အားေပးၾကပါလို႔ ေျပာခ်င္ပါတယ္”လို႔လည္း သူက ေျပာၾကားပါတယ္။

လက္ရွိကာလမွာေတာ့ သူပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ေမွာ္ေက်ာက္စာလို႔ နာမည္ရတဲ့ ႐ုပ္ရွင္ကားႀကီးဟာ ပရိသတ္ေတြရဲ႕ ေရွ႕ေမွာက္မွာ ျပသေရာက္ရွိေနၿပီလို႔ သိရပါတယ္။

မင္းေခတ္လင္း

ရန္ကုန္၊ စက္တင္ဘာ ၃၀