ဇာတ်လမ်းတွဲတွေ ရိုက်ဖြစ်လာတယ်ဆိုတဲ့ သရုပ်ဆောင် ဖူးပွင့်သခင်

ဇာတ်လမ်းတွဲတွေ ရိုက်ဖြစ်လာတယ်ဆိုတဲ့ သရုပ်ဆောင် ဖူးပွင့်သခင်

မျိုးဆက်သစ် အနုပညာရှင်တွေရဲ့ကြားမှာ လူသိများလာသလို ဇာတ်ကားတော်တော်များများမှာ တွေ့လာရတဲ့ သရုပ်ဆောင် ဖူးပွင့်သခင် ကတော့ လက်ရှိမှာ ဇာတ်လမ်းတွဲတွေရိုက်ကူးဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

အလှဓာတ်ပုံတွေ၊ ကြော်ငြာအတွက် ရိုက်ကူးတာတွေကိုလည်း လုပ်ဆောင်နေရသလို သူမလုပ်ဖူးသေးတဲ့ ဇာတ်ရုပ်မျိုးနဲ့ သရုပ်ဆောင်သွားရမှာ ဖြစ်တာကြောင့် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်တာတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“အခုရိုက်မယ့် ဇာတ်လမ်းတွဲမှာက တစ္ဆေသရဲနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းမျိုးဖြစ်တာကြောင့် ပြင်ဆင်နေတာပေါ့၊ ကိုယ်လည်း မလုပ်ဖူးသေးဘူးလေ၊ ကိုယ်မလုပ်ဖူးသေးတဲ့ ကာရိုက်တာဖြစ်နေတော့ အချိန်ယူပြီးတော့ ပြင်ဆင်နေရတာ ဖြစ်ပါတယ်၊ အကောင်းဆုံးသရုပ်ဆောင်သွားမှာပါ၊ ဒီဇာတ်လမ်းတွဲတစ်ခုပြီးရင်လည်း နောက်ထပ် ဇာတ်လမ်းတွဲတစ်ခုလည်း ပြောထားတာတွေရှိပါတယ်၊ ရုပ်ရှင်ကားကြီးတစ်ကားလည်း ဒီနှစ်ထဲပြောထားတာ ရှိပါတယ်” လို့ သူမရဲ့ အနုပညာလှုပ်ရှားမှုအတွက် ပြောပြပါတယ်။

ဇာတ်ကောင်စရိုက်အသီးသီးကို ပီပြင်အောင် သရုပ်ဆောင်နိုင်ဖို့အတွက် ရိုက်ကူးမှုမပြုခင် တစ်လနှစ်လလောက် ကြိုတင်ပြင်ဆင်ကာ အချိန်ယူရတာတွေ ရှိသလို ဇာတ်လမ်းမျိုးစုံကို ရိုက်ကူးပေမယ့် ဟာသဇာတ်လမ်းတွေတော့ ရိုက်ကူးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

မကြာခင် ဝါကျွတ်တော့မှာဖြစ်သလို အနုပညာရှင်တွေကြားမှာလည်း လက်ထပ်ဖို့ ပြင်ဆင်နေသူတွေ ရှိကြတာကြောင့် လက်ရှိမှာ သူမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ “ချစ်သူဆိုတာ ကိုယ်ထားချင်လည်းရတယ်၊ မထားချင်လည်းရတယ်၊ အဓိက ကတော့ စိတ်နဲ့ဆိုင်တယ်၊ လောလောဆယ်တော့ လွတ်လွတ်လပ်လပ်နေတာပေါ့၊ အရင်က အသည်းကွဲဖူးတာကြောင့် နောက်ထပ်အသည်းကွဲတဲ့ဒဏ်ကို မခံနိုင်တော့ဘူး၊ အဲ့ဒါကြောင့်လည်း ဘယ်လိုပြောရမလဲပေါ့ အချစ်ရေးထက် အနုပညာအလုပ်တွေပဲ ပိုပြီးလုပ်ဖြစ်မှာပါ” လို့ သူက ဆိုပါတယ်။

မြန်မာဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးခဲ့ပေမယ့် ဗီဒီယိုဈေးကွက်ပျက်ချိန်မှာ ကြော်ငြာတွေကို ရိုက်ကူးခဲ့ပြီး ယခုတစ်ဖန် ဇာတ်လမ်းတွဲတွေ ခေတ်စားလာချိန်မှာတော့ ဇာတ်လမ်းတွဲအများအပြားမှာ ရိုက်ကူးလာရသလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်ရိုက်ကူးလာရတာ ဖြစ်ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ စက်တင်ဘာ - ၁၉

( Zawgyi )

မ်ိဳးဆက္သစ္ အႏုပညာရွင္ေတြရဲ႕ၾကားမွာ လူသိမ်ားလာသလို ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕လာရတဲ့ သ႐ုပ္ေဆာင္ ဖူးပြင့္သခင္ ကေတာ့ လက္ရွိမွာ ဇာတ္လမ္းတြဲေတြ႐ိုက္ကူးဖို႔ ျပင္ဆင္ေနတယ္လို႔ ေျပာပါတယ္။

အလွဓာတ္ပုံေတြ၊ ေၾကာ္ျငာအတြက္ ႐ိုက္ကူးတာေတြကိုလည္း လုပ္ေဆာင္ေနရသလို သူမလုပ္ဖူးေသးတဲ့ ဇာတ္႐ုပ္မ်ိဳးနဲ႔ သ႐ုပ္ေဆာင္သြားရမွာ ျဖစ္တာေၾကာင့္ လိုအပ္တဲ့ ႀကိဳတင္ျပင္ဆင္တာေတြကို လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

“အခု႐ိုက္မယ့္ ဇာတ္လမ္းတြဲမွာက တေစၦသရဲနဲ႔ ပတ္သက္တဲ့ ဇာတ္လမ္းမ်ိဳးျဖစ္တာေၾကာင့္ ျပင္ဆင္ေနတာေပါ့၊ ကိုယ္လည္း မလုပ္ဖူးေသးဘူးေလ၊ ကိုယ္မလုပ္ဖူးေသးတဲ့ ကာ႐ိုက္တာျဖစ္ေနေတာ့ အခ်ိန္ယူၿပီးေတာ့ ျပင္ဆင္ေနရတာ ျဖစ္ပါတယ္၊ အေကာင္းဆုံးသ႐ုပ္ေဆာင္သြားမွာပါ၊ ဒီဇာတ္လမ္းတြဲတစ္ခုၿပီးရင္လည္း ေနာက္ထပ္ ဇာတ္လမ္းတြဲတစ္ခုလည္း ေျပာထားတာေတြရွိပါတယ္၊ ႐ုပ္ရွင္ကားႀကီးတစ္ကားလည္း ဒီႏွစ္ထဲေျပာထားတာ ရွိပါတယ္” လို႔ သူမရဲ႕ အႏုပညာလႈပ္ရွားမႈအတြက္ ေျပာျပပါတယ္။

ဇာတ္ေကာင္စ႐ိုက္အသီးသီးကို ပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္ဖို႔အတြက္ ႐ိုက္ကူးမႈမျပဳခင္ တစ္လႏွစ္လေလာက္ ႀကိဳတင္ျပင္ဆင္ကာ အခ်ိန္ယူရတာေတြ ရွိသလို ဇာတ္လမ္းမ်ိဳးစုံကို ႐ိုက္ကူးေပမယ့္ ဟာသဇာတ္လမ္းေတြေတာ့ ႐ိုက္ကူးတာမ်ိဳးမရွိဘူးလို႔ ဆိုပါတယ္။

မၾကာခင္ ဝါကြၽတ္ေတာ့မွာျဖစ္သလို အႏုပညာရွင္ေတြၾကားမွာလည္း လက္ထပ္ဖို႔ ျပင္ဆင္ေနသူေတြ ရွိၾကတာေၾကာင့္ လက္ရွိမွာ သူမရဲ႕ အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ေမးျမန္းတဲ့အခါ “ခ်စ္သူဆိုတာ ကိုယ္ထားခ်င္လည္းရတယ္၊ မထားခ်င္လည္းရတယ္၊ အဓိက ကေတာ့ စိတ္နဲ႔ဆိုင္တယ္၊ ေလာေလာဆယ္ေတာ့ လြတ္လြတ္လပ္လပ္ေနတာေပါ့၊ အရင္က အသည္းကြဲဖူးတာေၾကာင့္ ေနာက္ထပ္အသည္းကြဲတဲ့ဒဏ္ကို မခံႏိုင္ေတာ့ဘူး၊ အဲ့ဒါေၾကာင့္လည္း ဘယ္လိုေျပာရမလဲေပါ့ အခ်စ္ေရးထက္ အႏုပညာအလုပ္ေတြပဲ ပိုၿပီးလုပ္ျဖစ္မွာပါ” လို႔ သူက ဆိုပါတယ္။

ျမန္မာဗီဒီယိုဇာတ္ကားေတြမွာ ပါဝင္႐ိုက္ကူးခဲ့ေပမယ့္ ဗီဒီယိုေဈးကြက္ပ်က္ခ်ိန္မွာ ေၾကာ္ျငာေတြကို ႐ိုက္ကူးခဲ့ၿပီး ယခုတစ္ဖန္ ဇာတ္လမ္းတြဲေတြ ေခတ္စားလာခ်ိန္မွာေတာ့ ဇာတ္လမ္းတြဲအမ်ားအျပားမွာ ႐ိုက္ကူးလာရသလို ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာလည္း ပါဝင္႐ိုက္ကူးလာရတာ ျဖစ္ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ စက္တင္ဘာ - ၁၉