ဆေးပေါင်းခတဲ့ ရန်ကုန်ည ဂီတဖျော်ဖြေပွဲ ကျင်းပမည်

ဆေးပေါင်းခတဲ့ ရန်ကုန်ည ဂီတဖျော်ဖြေပွဲ ကျင်းပမည်

ဆေးပေါင်းခတဲ့ ရန်ကုန်ညလို့ နာမည်ရတဲ့ ဂီတဖျော်ဖြေပွဲတစ်ရပ်ကို လာမယ့် တန်ဆောင်တိုင်ပွဲတော် ပိတ်ရက်တွေနဲ့အတူ နိုဝင်ဘာ ၁၁ ရက် ည ၆ နာရီတွင် သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပဖို့ စီစဉ်ထားကြောင်း ပွဲစီစဉ်တဲ့ Stellar Seven Entertainment မှ သိရပါတယ်။

အဆိုပါပွဲမှာ ပရိသတ်အကြိုက်တွေ့စေမယ့် တေးသံရှင်တွေဖြစ်တဲ့ ဇော်ဝင်းထွဋ်၊ ဂျေမောင်မောင်၊ ရင်ဂို၊ Big Bag, Idiots, ဝေလ၊ EXTANT, Eternal Gosh အစရှိသော တေးသံရှင်တွေ သီဆိုကြမှာဖြစ်သလို ယခုကတည်းက ကြိုတင်လက်မှတ် ရောင်းချတာတွေကို လုပ်ဆောင်နေကြောင်း၊ ပရိုမိုးရှင်းအစီအစဉ်တွေနဲ့ ရောင်းချနေတာကြောင့် ရောင်းအားကောင်းတဲ့ အခြေအနေမျိုးလည်းဖြစ်တယ်လို့ သိရပါတယ်။

ထိုပွဲအတွက် လက်မှတ်တွေအနေနဲ့ GA လက်မှတ်တစ်စောင်လျှင် (၇၀၀၀) ကျပ်နှုန်း ရောင်းချနေပြီး VIP2 လက်မှတ် ငါးစောင် ဝယ်ယူပါက T-Shirt တစ်ထည်၊ VIP1 လက်မှတ် ငါးစောင်ဝယ်ယူသူတွေအတွက် T-Shirt တစ်ထည်၊ VVIP CarPass တစ်ခု၊ VIP1A လက်မှတ်ငါးစောင် ဝယ်ယူပါက T-Shirt နှစ်ထည်၊ VVIP CarPass တစ်ခုတို့ကိုလည်း လက်ဆောင်အနေနဲ့ ပြန်ပေးနေတယ်လို့ သိရပါတယ်။

တန်ဆောင်တိုင်ကာလဟာ ပွင့်လင်းရာသီ ပွဲတော်ကာလတစ်ခုလည်းဖြစ်သလို သီတင်းကျွတ်ကာလက မိုးများရွာသွန်းခဲ့ပေမယ့် တန်ဆောင်တိုင်ပွဲတော်ကာလမှာ မိုးလည်းပါးသွားမယ့် အခြေအနေမျိုးဖြစ်နိုင်ဖို့ မျှော်မှန်းထားကြသလို ပိုမိုစည်ကားစေရန်လည်း လုပ်ဆောင်နေကြောင်း၊ ပါဝင်သီဆိုကြမယ့် တေးသံရှင်တွေအနေနဲ့လည်း လိုအပ်သော ကြိုတင်ပြင်ဆင်တာတွေကို လုပ်ဆောင်နေသလို ပရိသတ်ကြိုက်မယ့် ဂီတတွေနဲ့ သီဆိုသွားနိုင်ဖို့လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ထိုဖျော်ဖြေပွဲအတွက် ကံထူးရှင်သုံးဦးကို ရွေးချယ်ကာ ဆုလက်ဆောင်တွေ ပေးအပ်သွားဖို့ စီစဉ်ထားပြီး ကံထူးသူသုံးဦးကို လာမယ့် အောက်တိုဘာ ၂၂ ရက်မှာ ကြေညာသွားဖို့လည်း စီစဉ်နေကြပါတယ်။           

မင်းခေတ်လင်း
ရန်ကုန်၊ အောက်တိုဘာ - ၁၈

( Zawgyi )

ေဆးေပါင္းခတဲ့ ရန္ကုန္ညလို႔ နာမည္ရတဲ့ ဂီတေဖ်ာ္ေျဖပြဲတစ္ရပ္ကို လာမယ့္ တန္ေဆာင္တိုင္ပြဲေတာ္ ပိတ္ရက္ေတြနဲ႔အတူ ႏိုဝင္ဘာ ၁၁ ရက္ ည ၆ နာရီတြင္ သုဝဏၰဘူမိ Event Park မွာ က်င္းပဖို႔ စီစဥ္ထားေၾကာင္း ပြဲစီစဥ္တဲ့ Stellar Seven Entertainment မွ သိရပါတယ္။

အဆိုပါပြဲမွာ ပရိသတ္အႀကိဳက္ေတြ႕ေစမယ့္ ေတးသံရွင္ေတြျဖစ္တဲ့ ေဇာ္ဝင္းထြဋ္၊ ေဂ်ေမာင္ေမာင္၊ ရင္ဂို၊ Big Bag, Idiots, ေဝလ၊ EXTANT, Eternal Gosh အစရွိေသာ ေတးသံရွင္ေတြ သီဆိုၾကမွာျဖစ္သလို ယခုကတည္းက ႀကိဳတင္လက္မွတ္ ေရာင္းခ်တာေတြကို လုပ္ေဆာင္ေနေၾကာင္း၊ ပ႐ိုမိုးရွင္းအစီအစဥ္ေတြနဲ႔ ေရာင္းခ်ေနတာေၾကာင့္ ေရာင္းအားေကာင္းတဲ့ အေျခအေနမ်ိဳးလည္းျဖစ္တယ္လို႔ သိရပါတယ္။

ထိုပြဲအတြက္ လက္မွတ္ေတြအေနနဲ႔ GA လက္မွတ္တစ္ေစာင္လွ်င္ (၇၀၀၀) က်ပ္ႏႈန္း ေရာင္းခ်ေနၿပီး VIP2 လက္မွတ္ ငါးေစာင္ ဝယ္ယူပါက T-Shirt တစ္ထည္၊ VIP1 လက္မွတ္ ငါးေစာင္ဝယ္ယူသူေတြအတြက္ T-Shirt တစ္ထည္၊ VVIP CarPass တစ္ခု၊ VIP1A လက္မွတ္ငါးေစာင္ ဝယ္ယူပါက T-Shirt ႏွစ္ထည္၊ VVIP CarPass တစ္ခုတို႔ကိုလည္း လက္ေဆာင္အေနနဲ႔ ျပန္ေပးေနတယ္လို႔ သိရပါတယ္။

တန္ေဆာင္တိုင္ကာလဟာ ပြင့္လင္းရာသီ ပြဲေတာ္ကာလတစ္ခုလည္းျဖစ္သလို သီတင္းကြၽတ္ကာလက မိုးမ်ား႐ြာသြန္းခဲ့ေပမယ့္ တန္ေဆာင္တိုင္ပြဲေတာ္ကာလမွာ မိုးလည္းပါးသြားမယ့္ အေျခအေနမ်ိဳးျဖစ္ႏိုင္ဖို႔ ေမွ်ာ္မွန္းထားၾကသလို ပိုမိုစည္ကားေစရန္လည္း လုပ္ေဆာင္ေနေၾကာင္း၊ ပါဝင္သီဆိုၾကမယ့္ ေတးသံရွင္ေတြအေနနဲ႔လည္း လိုအပ္ေသာ ႀကိဳတင္ျပင္ဆင္တာေတြကို လုပ္ေဆာင္ေနသလို ပရိသတ္ႀကိဳက္မယ့္ ဂီတေတြနဲ႔ သီဆိုသြားႏိုင္ဖို႔လည္း လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

ထိုေဖ်ာ္ေျဖပြဲအတြက္ ကံထူးရွင္သုံးဦးကို ေ႐ြးခ်ယ္ကာ ဆုလက္ေဆာင္ေတြ ေပးအပ္သြားဖို႔ စီစဥ္ထားၿပီး ကံထူးသူသုံးဦးကို လာမယ့္ ေအာက္တိုဘာ ၂၂ ရက္မွာ ေၾကညာသြားဖို႔လည္း စီစဥ္ေနၾကပါတယ္။           

မင္းေခတ္လင္း
ရန္ကုန္၊ ေအာက္တိုဘာ - ၁၈