ဆရာဝန်အလုပ် လုပ်ရင်း အနုပညာအလုပ်တွေပါ တွဲဖက်လုပ်ကိုင်ခဲ့တဲ့ သရုပ်ဆောင် ပိုးမမှီသာ

ဆရာဝန်အလုပ် လုပ်ရင်း အနုပညာအလုပ်တွေပါ တွဲဖက်လုပ်ကိုင်ခဲ့တဲ့ သရုပ်ဆောင် ပိုးမမှီသာ

သရုပ်ဆောင် ပိုးမမှီသာ ဟာ သူတာဝန်ကျတဲ့ ဆေးရုံမှာ ဟောက်စ်ဆာဂျင်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ရင်း အားလပ်ချိန်တွေမှာ အနုပညာအလုပ်တွေကို တွဲဖက်လုပ်ကိုင်ခဲ့ရတယ်လို့ ပြောပါတယ်။

အေးချမ်းတည်ငြိမ်ကာ ချစ်စရာကောင်းတဲ့ မျက်နှာထားလေးကို ပိုင်ဆိုင်ထားတဲ့ ပိုးမမှီသာ ဟာ အခုဆိုရင် "ပိတောက်ကတဲ့ဂီတ" လို့ နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အားလပ်ချိန်တွေမှာ ပွဲအခမ်းအနားတွေကို တက်ရောက်နေလျက်ရှိပါတယ်။

"ကိုစိုင်းနဲ့ ခင်လည်း ခင်တယ်လေ၊ အစတုန်းက ကြော်ငြာအတူရိုက်ရင်းနဲ့ ကိုစိုင်းက MTV ရိုက်ဖို့ရှိတယ်ဆိုတာနဲ့ အဲ့ဒီမှာရိုက်ဖြစ်ပါတယ်၊ ရုပ်ရှင်ကားကြီး ရိုက်ရမယ်ဆိုတော့ ကိုယ်ကလည်း ဝါသနာပါတယ်၊ စဉ်းစားကြည့်လိုက်တော့ အခွင့်အရေးက နှစ်ခါပြန်မရဘူးလေ၊ အိမ်နဲ့လည်း အတိုက်အခံဖြစ်ရတယ်၊ ကိုယ်တိုင်လည်း မချင့်မရဲဖြစ်တာပေါ့၊ နောက်တော့ ဇာတ်ညွှန်းဆရာရော၊ ဒါရိုက်တာ ဦးမီးပွားတို့ရော  တိုင်ပင်ပြီးတော့မှ ရိုက်ဖြစ်ခဲ့တာ" လို့ သရုပ်ဆောင် ပိုးမမှီသာ က ရှင်းပြပါတယ်။

လက်ရှိကာလမှာ ရန်ကုန်ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေပြီး အားလပ်ချိန်တွေမှာ အနုပညာအလုပ်တွေ လုပ်နေတာလည်း ဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ ဆရာဝန်မလေး ပိုးမမှီသာ ဟာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ “သိင်္ဂါရသီချင်းတစ်ပုဒ်” MTV မှာ စတင်သရုပ်ဆောင်ခဲ့ပြီး အခုနောက်ပိုင်းမှာ လူသိများပြီး အောင်မြင်လာခဲ့ကာ ပရိသတ်တွေ အခိုင်အမာရလာသူလည်း ဖြစ်ပါတယ်။

"ဆေးကျောင်း စတက်ခါစတုန်းကတော့ ခုနစ်နှစ်တောင်ဆိုပြီး ကြောက်ခဲ့တယ်၊ ပင်ပန်းတဲ့ရက်တွေလည်း အများကြီးပဲ၊ ကျောင်းအလုပ်တင်မကဘူး ဒီဘက်မှာလည်း အနုပညာအလုပ်အတွက် အချိန်တွေမျှပေးလိုက်တဲ့အခါမှာ မိဘတွေကလည်း ဒီတစ်နှစ်တည်းနဲ့ စာမေးပွဲမအောင်မှာ စိုးရိမ်တာပေါ့နော်၊ လုပ်နိုင်ပါ့မလားလို့ စိုးရိမ်နေတဲ့ဟာကို လုပ်နိုင်ခဲ့တော့ ကိုယ်ကိုယ်တိုင်ကလည်း ပီတိဖြစ်သလို မိဘတွေကလည်း အရမ်းပျော်ရွှင်ကြတော့ ပီတိက နှစ်ဆတက်တာပေါ့နော်၊ ဘယ်ဟာပဲဖြစ်ဖြစ် လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုတိုးလာစေပါတယ်၊ ညီမအတွက် ခက်ခဲမယ်ဆိုရင်တောင် အခွင့်အရေးကောင်းတွေရှိရင် ကြိုးစားသွားဦးမယ်၊ ကျောင်းတစ်ခုပဲတက်ရမယ် တခြားဟာတွေမလုပ်ရဘူး၊ လုပ်ရင် ကျောင်းစာထိခိုက်မယ်ဆိုတာက ကိုယ့်ရဲ့ လုပ်နိုင်စွမ်းအားတွေကို ယုတ်လျော့အောင်လုပ်တယ်လို့ ထင်တယ်၊ လူငယ်တွေအနေနဲ့လည်း ကိုယ်ဖြစ်ချင်တာဘာလဲ၊ ကိုယ်ဖြစ်ချင်တာကိုရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သိဖို့လည်း အရေးကြီးတယ်၊ အချိန်ကို စီမံခန့်ခွဲနိုင်ဖို့ မလျှော့တဲ့ ဇွဲလုံ့လလည်း လိုပါတယ်" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇန်နဝါရီ - ၂၉

( Zawgyi )

သ႐ုပ္ေဆာင္ ပိုးမမွီသာ ဟာ သူတာဝန္က်တဲ့ ေဆး႐ုံမွာ ေဟာက္စ္ဆာဂ်င္တစ္ေယာက္အျဖစ္ တာဝန္ထမ္းေဆာင္ရင္း အားလပ္ခ်ိန္ေတြမွာ အႏုပညာအလုပ္ေတြကို တြဲဖက္လုပ္ကိုင္ခဲ့ရတယ္လို႔ ေျပာပါတယ္။

ေအးခ်မ္းတည္ၿငိမ္ကာ ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာထားေလးကို ပိုင္ဆိုင္ထားတဲ့ ပိုးမမွီသာ ဟာ အခုဆိုရင္ "ပိေတာက္ကတဲ့ဂီတ" လို႔ နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး အားလပ္ခ်ိန္ေတြမွာ ပြဲအခမ္းအနားေတြကို တက္ေရာက္ေနလ်က္ရွိပါတယ္။

"ကိုစိုင္းနဲ႔ ခင္လည္း ခင္တယ္ေလ၊ အစတုန္းက ေၾကာ္ျငာအတူ႐ိုက္ရင္းနဲ႔ ကိုစိုင္းက MTV ႐ိုက္ဖို႔ရွိတယ္ဆိုတာနဲ႔ အဲ့ဒီမွာ႐ိုက္ျဖစ္ပါတယ္၊ ႐ုပ္ရွင္ကားႀကီး ႐ိုက္ရမယ္ဆိုေတာ့ ကိုယ္ကလည္း ဝါသနာပါတယ္၊ စဥ္းစားၾကည့္လိုက္ေတာ့ အခြင့္အေရးက ႏွစ္ခါျပန္မရဘူးေလ၊ အိမ္နဲ႔လည္း အတိုက္အခံျဖစ္ရတယ္၊ ကိုယ္တိုင္လည္း မခ်င့္မရဲျဖစ္တာေပါ့၊ ေနာက္ေတာ့ ဇာတ္ၫႊန္းဆရာေရာ၊ ဒါ႐ိုက္တာ ဦးမီးပြားတို႔ေရာ  တိုင္ပင္ၿပီးေတာ့မွ ႐ိုက္ျဖစ္ခဲ့တာ" လို႔ သ႐ုပ္ေဆာင္ ပိုးမမွီသာ က ရွင္းျပပါတယ္။

လက္ရွိကာလမွာ ရန္ကုန္ေဆး႐ုံႀကီးမွာ တာဝန္ထမ္းေဆာင္ေနၿပီး အားလပ္ခ်ိန္ေတြမွာ အႏုပညာအလုပ္ေတြ လုပ္ေနတာလည္း ျဖစ္ပါတယ္။ခ်စ္စရာေကာင္းတဲ့ ဆရာဝန္မေလး ပိုးမမွီသာ ဟာ စိုင္းစိုင္းခမ္းလႈိင္ရဲ႕ “သိဂၤါရသီခ်င္းတစ္ပုဒ္” MTV မွာ စတင္သ႐ုပ္ေဆာင္ခဲ့ၿပီး အခုေနာက္ပိုင္းမွာ လူသိမ်ားၿပီး ေအာင္ျမင္လာခဲ့ကာ ပရိသတ္ေတြ အခိုင္အမာရလာသူလည္း ျဖစ္ပါတယ္။

"ေဆးေက်ာင္း စတက္ခါစတုန္းကေတာ့ ခုနစ္ႏွစ္ေတာင္ဆိုၿပီး ေၾကာက္ခဲ့တယ္၊ ပင္ပန္းတဲ့ရက္ေတြလည္း အမ်ားႀကီးပဲ၊ ေက်ာင္းအလုပ္တင္မကဘူး ဒီဘက္မွာလည္း အႏုပညာအလုပ္အတြက္ အခ်ိန္ေတြမွ်ေပးလိုက္တဲ့အခါမွာ မိဘေတြကလည္း ဒီတစ္ႏွစ္တည္းနဲ႔ စာေမးပြဲမေအာင္မွာ စိုးရိမ္တာေပါ့ေနာ္၊ လုပ္ႏိုင္ပါ့မလားလို႔ စိုးရိမ္ေနတဲ့ဟာကို လုပ္ႏိုင္ခဲ့ေတာ့ ကိုယ္ကိုယ္တိုင္ကလည္း ပီတိျဖစ္သလို မိဘေတြကလည္း အရမ္းေပ်ာ္႐ႊင္ၾကေတာ့ ပီတိက ႏွစ္ဆတက္တာေပါ့ေနာ္၊ ဘယ္ဟာပဲျဖစ္ျဖစ္ လုပ္ႏိုင္တယ္ဆိုတဲ့ ယုံၾကည္မႈတိုးလာေစပါတယ္၊ ညီမအတြက္ ခက္ခဲမယ္ဆိုရင္ေတာင္ အခြင့္အေရးေကာင္းေတြရွိရင္ ႀကိဳးစားသြားဦးမယ္၊ ေက်ာင္းတစ္ခုပဲတက္ရမယ္ တျခားဟာေတြမလုပ္ရဘူး၊ လုပ္ရင္ ေက်ာင္းစာထိခိုက္မယ္ဆိုတာက ကိုယ့္ရဲ႕ လုပ္ႏိုင္စြမ္းအားေတြကို ယုတ္ေလ်ာ့ေအာင္လုပ္တယ္လို႔ ထင္တယ္၊ လူငယ္ေတြအေနနဲ႔လည္း ကိုယ္ျဖစ္ခ်င္တာဘာလဲ၊ ကိုယ္ျဖစ္ခ်င္တာကိုရေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာကို သိဖို႔လည္း အေရးႀကီးတယ္၊ အခ်ိန္ကို စီမံခန႔္ခြဲႏိုင္ဖို႔ မေလွ်ာ့တဲ့ ဇြဲလုံ႔လလည္း လိုပါတယ္" လို႔ ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇန္နဝါရီ - ၂၉