ဆန်ရောင်းနေတဲ့ လူရွှင်တော် ကံပွင့်

ဆန်ရောင်းနေတဲ့ လူရွှင်တော် ကံပွင့်

အခုလိုကာလမှာ အနုပညာရှင်တွေအဖို့ အခက်အခဲတွေကြုံရသလို ဇာတ်ပို့ဇာတ်ရန်တွေနဲ့ လူရွှင်တော်တွေဟာလည်း နာမည်ကြီးသရုပ်ဆောင်တွေထက်ပိုပြီးတော့ အခက်အခဲတွေကြုံရတာဖြစ်ပြီး လူရွှင်တော် ကံပွင့်တစ်ယောက်ဟာတော့ ဆန်ရောင်းတဲ့အလုပ်ကိုလုပ်ကိုင်ရင်း အခုလိုကာလမှာ စားဝတ်နေရေးဖြေရှင်းနေတယ်လို့ သိရပါတယ်။
 
“အနုပညာအလုပ်ကလည်း လုပ်ခဲ့ရစဉ်ကာလတုန်းကလည်း ငွေရတာနည်းတယ်၊ အခု COVID ကြောင့် အနုပညာအလုပ် မလုပ်ဖြစ်တာ ခုနစ်လလောက်ရှိပြီလေ၊ ကာလလေးတွေကလည်းရှည်လာတော့ ကိုယ်လည်း ရှိတာလေးတွေ ထုတ်သုံးရတဲ့အချိန်မှာ အိမ်ကလည်း မတတ်နိုင်တော့ဘူး။စားဝတ်နေရေးအတွက် လုပ်ရတာပဲ” လို့ သူက ရှင်းပြပါတယ်။
 
သူဟာ သဘင်အစည်းအရုံးရဲ့ EC အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်နေပြီး ဝမ်းရေးအတွက် ကြိုးပမ်းလုပ်ကိုင်ရင်း တစ်ဖက်ကလည်း သဘင်လောကသားတွေအတွက် လုပ်ဆောင်နေလျက်ရှိပါတယ်။သူဟာ ဟာသဇာတ်ကားတွေလည်း ပါဝင်ရိုက်ကူးလျက်ရှိပြီး ဟာသပြိုင်ပွဲတွေမှာ အကဲဖြတ်ဒိုင်တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။
 
“မလှူတတ်ရင် ဈေးရောင်းဆိုတဲ့ စကားလည်းရှိတာပေါ့၊ အခုလိုလေး စားဝတ်နေရေးအတွက် လုပ်ရင်းကိုင်ရင်း ရောင်းရင်းနဲ့ ကိုယ့်စားဖို့လေးတော့ ရလာတာပေ့ါ၊ COVID ပထမလှိုင်းကတည်းမှာတည်းက ဆန်ရောင်းတာ အခုအထိပဲ၊ သိပ်ရောင်းရတာမျိုးတော့မရှိပါဘူး၊ စားဖို့လောက်ပါပဲ၊ အရင်ကတော့ စိုစိုပြေပြေဖြစ်တာပေါ့၊ အခုတော့လည်း စုထားဆောင်းထားတာလေးတွေကို ထုတ်ပြီးစားနေရတယ်၊ ဒီဟာကြီးက ဘယ်တော့များမှ ပြီးမလဲမသိဘူး၊ စိတ်တွေလည်း တော်တော်လေးညစ်နေပြီလေ၊ ဘာလုပ်ကိုင်စားရမှန်းကို မသိတော့ဘူး” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
 
အခုလိုကပ်ဆိုးကြီးဘေးကနေ ကင်းဝေးစေဖို့အတွက်လည်း ပြည်သူအားလုံးက တညီတညွတ်တည်း လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်သလို ကျန်းမာရေးစနစ် သတ်မှတ်ချက်တွေအတိုင်း ကိုယ်စီကိုယ်စီတိုင်းက လိုက်နာလုပ်ဆောင်ရင်းဖြင့် COVID ကို တိုက်ထုတ်နိုင်ဖို့ မျှော်လင့်မိတယ်လို့လည်း ဆိုပါတယ်။
 
မင်းခေတ်လင်း 
(ဓာတ်ပုံ - ကံပွင့်)
ရန်ကုန်၊ စက်တင်ဘာ - ၂၉
 
( Zawgyi )
 
အခုလိုကာလမွာ အႏုပညာရွင္ေတြအဖို႔ အခက္အခဲေတြႀကဳံရသလို ဇာတ္ပို႔ဇာတ္ရန္ေတြနဲ႔ လူ႐ႊင္ေတာ္ေတြဟာလည္း နာမည္ႀကီးသ႐ုပ္ေဆာင္ေတြထက္ပိုၿပီးေတာ့ အခက္အခဲေတြႀကဳံရတာျဖစ္ၿပီး လူ႐ႊင္ေတာ္ ကံပြင့္တစ္ေယာက္ဟာေတာ့ ဆန္ေရာင္းတဲ့အလုပ္ကိုလုပ္ကိုင္ရင္း အခုလိုကာလမွာ စားဝတ္ေနေရးေျဖရွင္းေနတယ္လို႔ သိရပါတယ္။
 
“အႏုပညာအလုပ္ကလည္း လုပ္ခဲ့ရစဥ္ကာလတုန္းကလည္း ေငြရတာနည္းတယ္၊ အခု COVID ေၾကာင့္ အႏုပညာအလုပ္ မလုပ္ျဖစ္တာ ခုနစ္လေလာက္ရွိၿပီေလ၊ ကာလေလးေတြကလည္းရွည္လာေတာ့ ကိုယ္လည္း ရွိတာေလးေတြ ထုတ္သုံးရတဲ့အခ်ိန္မွာ အိမ္ကလည္း မတတ္ႏိုင္ေတာ့ဘူး။စားဝတ္ေနေရးအတြက္ လုပ္ရတာပဲ” လို႔ သူက ရွင္းျပပါတယ္။
 
သူဟာ သဘင္အစည္းအ႐ုံးရဲ႕ EC အဖြဲ႕ဝင္တစ္ေယာက္အျဖစ္ ပါဝင္ေနၿပီး ဝမ္းေရးအတြက္ ႀကိဳးပမ္းလုပ္ကိုင္ရင္း တစ္ဖက္ကလည္း သဘင္ေလာကသားေတြအတြက္ လုပ္ေဆာင္ေနလ်က္ရွိပါတယ္။သူဟာ ဟာသဇာတ္ကားေတြလည္း ပါဝင္႐ိုက္ကူးလ်က္ရွိၿပီး ဟာသၿပိဳင္ပြဲေတြမွာ အကဲျဖတ္ဒိုင္တစ္ေယာက္အျဖစ္ ပါဝင္ေဆာင္႐ြက္ေနသူလည္း ျဖစ္ပါတယ္။
 
“မလႉတတ္ရင္ ေဈးေရာင္းဆိုတဲ့ စကားလည္းရွိတာေပါ့၊ အခုလိုေလး စားဝတ္ေနေရးအတြက္ လုပ္ရင္းကိုင္ရင္း ေရာင္းရင္းနဲ႔ ကိုယ့္စားဖို႔ေလးေတာ့ ရလာတာေပ့ါ၊ COVID ပထမလႈိင္းကတည္းမွာတည္းက ဆန္ေရာင္းတာ အခုအထိပဲ၊ သိပ္ေရာင္းရတာမ်ိဳးေတာ့မရွိပါဘူး၊ စားဖို႔ေလာက္ပါပဲ၊ အရင္ကေတာ့ စိုစိုေျပေျပျဖစ္တာေပါ့၊ အခုေတာ့လည္း စုထားေဆာင္းထားတာေလးေတြကို ထုတ္ၿပီးစားေနရတယ္၊ ဒီဟာႀကီးက ဘယ္ေတာ့မ်ားမွ ၿပီးမလဲမသိဘူး၊ စိတ္ေတြလည္း ေတာ္ေတာ္ေလးညစ္ေနၿပီေလ၊ ဘာလုပ္ကိုင္စားရမွန္းကို မသိေတာ့ဘူး” လို႔ သူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။
 
အခုလိုကပ္ဆိုးႀကီးေဘးကေန ကင္းေဝးေစဖို႔အတြက္လည္း ျပည္သူအားလုံးက တညီတၫြတ္တည္း လိုက္နာေဆာင္႐ြက္ၾကဖို႔ လိုအပ္သလို က်န္းမာေရးစနစ္ သတ္မွတ္ခ်က္ေတြအတိုင္း ကိုယ္စီကိုယ္စီတိုင္းက လိုက္နာလုပ္ေဆာင္ရင္းျဖင့္ COVID ကို တိုက္ထုတ္ႏိုင္ဖို႔ ေမွ်ာ္လင့္မိတယ္လို႔လည္း ဆိုပါတယ္။
 
မင္းေခတ္လင္း 
(ဓာတ္ပုံ - ကံပြင့္)
ရန္ကုန္၊ စက္တင္ဘာ - ၂၉