စိတ်မွန်းကြပ်ရင် တောမှာသွားနေတဲ့ တေးသံရှင် မနော

စိတ်မွန်းကြပ်ရင် တောမှာသွားနေတဲ့ တေးသံရှင် မနော

အနုပညာအလုပ်တွေအပါအဝင် စီးပွားရေးအလုပ်တွေကိုလည်း လုပ်ကိုင်နေပြီး ပရိသတ်လက်ခံအားပေးမှုကို အခိုင်အမာရနေတဲ့ တေးသံရှင်မနောဟာ စိတ်မွန်းကြပ်မှုတွေကြုံတဲ့အခါ တောကိုသွားပြီးကျေးလက်သဘာ၀ တွေကြားမှာ နေထိုင်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

သူဟာ အဲ့ဒီလိုသွားရောက်ရင်း ကျေးလက်တောရွာတွေရဲ့လူနေမှုစရိုက်လေးတွေ၊ အလေ့အထကလေးတွေကို တေးသီချင်းထဲမှာ ရိုက်ကူးတဲ့အခါ ပီပြင်အောင် ဖန်တီးခဲ့တာတွေကြောင့်လည်း သူ့ကိုအားပေးသူတွေ များလာ တာတွေရှိတယ်လို့ သိရပါတယ်။“ကျေးလက်သဘာဝက လိမ်ပြီးသွားရိုက်လို့မရဘူး၊ အဲ့ဒီလိုလိမ်ရိုက်ရင် လက်မခံဘူး၊ ကျွန်တော်ကိုယ်တိုင်ကလည်း ကျေးလက် သဘာဝကို နှစ်သက်တယ်၊ စိတ်မွန်းကြပ်တာပဲ ဖြစ်ဖြစ် စိတ်ဖိစီးမှုတွေအရမ်းများရင် တောမှာသွားနေဖြစ်တယ်၊ ကျွန်တော်တို့က စီးပွားရေးလုပ်တာဆိုတော့ အနည်းနဲ့အများတော့ မုသားသုံးရတာ ရှိပါတယ်၊ တစ်ခါတလေ စိတ်မွန်းကြပ်တာတွေ၊ စိတ်ဓာတ် ကျတာတွေ လည်း ကြုံဖူးတယ်၊ တောသဘာဝက အရမ်းကို ရိုးရှင်းတယ်၊ အဖြူထည်ကြီးတွေ၊ အရမ်းစိတ်မွန်းကြပ်ရင် ရွာပြန်တယ်၊ တောင်သူတွေနဲ့တွေ့ပြီးတော့ သူတို့ရဲ့အေးချမ်းမှုတွေယူတယ်၊ သူတို့နဲ့စကားတွေ ဘာတွေ ပြောတာပေါ့နော်၊ တောမှာက ကိုယ့်လယ် ကိုယ်ကို ကောင်းအောင်လုပ်၊ အထွက်တိုးအောင်လုပ်ကြတယ်၊ ပြောရရင်ဗျာ ကိုယ့်အလုပ်ကိုယ်ကောင်းအောင်လုပ်ရင်း ဘဝကို ရှင်သန် ကြရတာပါ၊ တောသဘာဝရိုက်ရတာက လိမ်ပြီးရိုက်လို့မရဘူး၊ ဥပမာပြောရင် ထန်းတောက မိသားစုအကြောင်းသရုပ်ဆောင်ရင် အဲ့ဒီလိုအဝတ်အစား တွေ အလေ့အထတွေကအစ စနစ်တကျလုပ်တယ်၊ သူတို့ရဲ့တကယ့်သဘာဝကို မြင်ကြတော့ သူတို့လည်း လက်ခံတယ်၊ သူတို့ကလိမ်ရိုက်တာမျိုးဆိုရင် ဘယ်လက်ခံကြမလဲ၊ လောလောဆယ်တော့ ကျန်းမာရေးနဲ့ စီးပွားရေးနဲ့ ဆက်စပ် နေရင် တော့ ရွာမှာပြန်နေဖို့ခက်ခဲတယ်၊ အေးချမ်းမှု ရချင်ရင်တော့ ရွာမှာနေတာ ကောင်းတယ်၊ တောနေလူတန်းစား ၉၀ ရာခိုင်နှုန်းလောက်က အဖြူထည်တွေချည်းပဲ၊ ဒါတကယ့်ကိုအသေ အချာပါ”လို့ တေးသံရှင် မနောက ရှင်းပြပါတယ်။

သူ့အနေနဲ့ ကျေးလက်တောသဘာဝကိုနှစ်သက်တာကြောင့်လည်း တေးသီချင်းတွေကိုဖန်တီးတဲ့အခါ တောသဘာဝ အငွေ့အသက် တွေကိုသာ အလေးထားလုပ်ဆောင်နေပြီး တောဓလေ့တွေပျောက်ကွယ် သွားမှာကိုလည်း စိုးရိမ်သူတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း အောင်မြင်မှုရနေတဲ့ အနေအထားကို ထိန်းထားနိုင်သူလည်းဖြစ်သလို အခုလို COVID ကာလမှာ စီးပွားရေးအလုပ်တွေတစ်ဖက် တေးသီချင်း တွေ တစ်ဖက်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

“တကယ်တော့လေ အောင်မြင်မှုဆိုတာ ရေရှည်တည်တံ့ဖို့ခဲယဉ်းကြပါတယ်၊ အောင်မြင်မှုကြုံချိန်မှာ လမ်းကြောင်း မမှားအောင် ကြိုးစားရတယ်၊ အခွေထုတ်ပေးမယ့်သူတွေ၊ အောင်မြင်မှုကို မြတ်နိုးလို့လာတဲ့ သူတွေ၊ တစ်ချို့က အောင်မြင်ချင်လို့ လာတာ တွေ ရှိတယ်၊ ကျွန်တော်က နဂိုကတည်းက စီးပွားရေးသမား တစ်ယောက်ဆိုတော့ ဒီလိုအောင်မြင်မှုကရတဲ့ငွေလည်း သိပ်ပြီးဘာမှမဖြစ်ဘူး၊ ပြောရရင် ရင်မခုန်ဘူးပေါ့နော်၊ ဘဝပျက်သွားအောင် ရင်ခုန်မှုမဖြစ်သွားဘူး၊ အောင်မြင်မှုကို ရေရှည်တည်တံ့အောင် ဘယ်လိုထိန်းရမလဲ ဆိုတာကလည်း ကျွန်တော်တို့ အသက်အရွယ်နဲ့လည်း သက်ဆိုင်သွားပြီ၊ ကျွန်တော်တို့ ဆောင်ရန် ရှောင်ရန်လေးတွေ နားလည်ထားတယ်၊ ဘဝကိုအဲ့ဒီလိုဖြတ်သန်းနေတယ်ပေါ့နော်”လို့ သူက ဆက်လက် ရှင်းပြပါတယ်။

အခုလက်ရှိကြုံနေရတဲ့ COVID ကာလဟာ ရှည်ကြာဦးမယ်လို့ မှန်းထားကြတာကြောင့် ပရိသတ်တွေ အနေနဲ့လည်း ရှိတဲ့ငွေလေးတွေ၊ ကိုယ်သုံးမယ့်ဟာလေးတွေကို ချွေတာပြီး ဆင်ခြင်သုံးစွဲသင့်ကြောင်း၊ ယခုလို ကာလမှာ စိတ်မွန်းကြပ်မှုကြောင့် အပြင်ထွက် သွားလာ ရင်းလုပ်ကိုင်တဲ့အခါ ပေါ့ဆနေထိုင်မှုများမဖြစ်အောင် ဆင်ခြင်သင့်ကြောင်း၊ မြန်မာနိုင်ငံဟာ အရမ်းကံကောင်းတဲ့ အခြေအနေ မျိုး ကြုံတာရယ်၊ အုပ်ချုပ်ရေးအပိုင်းရဲ့ စီမံခန့်ခွဲမှုကောင်းမွန်တာတွေကြောင့် ဆေးဝါးပစ္စည်းတွေ၊ စက်ကိရိယာတွေ မပြည့်စုံပေမယ့် COVID 19 ရောဂါကို တခြားနိုင်ငံတွေလို ထိခိုက်ဆုံးရှုံးမှုမဖြစ်အောင် ထိန်းထားနိုင်ခဲ့တယ်လို့လည်း ယူဆမိကြောင်း သူက ဆက်လက် ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ-ကိုနိုင် NG)

(  Zawgyi  )

 အႏုပညာအလုပ္ေတြအပါအဝင္ စီးပြားေရးအလုပ္ေတြကိုလည္း လုပ္ကိုင္ေနၿပီး ပရိသတ္လက္ခံအားေပးမႈကို အခိုင္အမာရေနတဲ့ ေတးသံရွင္မေနာဟာ စိတ္မြန္းၾကပ္မႈေတြႀကဳံတဲ့အခါ ေတာကိုသြားၿပီးေက်းလက္သဘာ၀ ေတြၾကားမွာ ေနထိုင္ျဖစ္ခဲ့တယ္လို႔ ေျပာပါတယ္။

သူဟာ အဲ့ဒီလိုသြားေရာက္ရင္း ေက်းလက္ေတာ႐ြာေတြရဲ႕လူေနမႈစ႐ိုက္ေလးေတြ၊ အေလ့အထကေလးေတြကို ေတးသီခ်င္းထဲမွာ ႐ိုက္ကူးတဲ့အခါ ပီျပင္ေအာင္ ဖန္တီးခဲ့တာေတြေၾကာင့္လည္း သူ႔ကိုအားေပးသူေတြ မ်ားလာ တာေတြရွိတယ္လို႔ သိရပါတယ္။“ေက်းလက္သဘာဝက လိမ္ၿပီးသြား႐ိုက္လို႔မရဘူး၊ အဲ့ဒီလိုလိမ္႐ိုက္ရင္ လက္မခံဘူး၊ ကြၽန္ေတာ္ကိုယ္တိုင္ကလည္း ေက်းလက္ သဘာဝကို ႏွစ္သက္တယ္၊ စိတ္မြန္းၾကပ္တာပဲ ျဖစ္ျဖစ္ စိတ္ဖိစီးမႈေတြအရမ္းမ်ားရင္ ေတာမွာသြားေနျဖစ္တယ္၊ ကြၽန္ေတာ္တို႔က စီးပြားေရးလုပ္တာဆိုေတာ့ အနည္းနဲ႔အမ်ားေတာ့ မုသားသုံးရတာ ရွိပါတယ္၊ တစ္ခါတေလ စိတ္မြန္းၾကပ္တာေတြ၊ စိတ္ဓာတ္ က်တာေတြ လည္း ႀကဳံဖူးတယ္၊ ေတာသဘာဝက အရမ္းကို ႐ိုးရွင္းတယ္၊ အျဖဴထည္ႀကီးေတြ၊ အရမ္းစိတ္မြန္းၾကပ္ရင္ ႐ြာျပန္တယ္၊ ေတာင္သူေတြနဲ႔ေတြ႕ၿပီးေတာ့ သူတို႔ရဲ႕ေအးခ်မ္းမႈေတြယူတယ္၊ သူတို႔နဲ႔စကားေတြ ဘာေတြ ေျပာတာေပါ့ေနာ္၊ ေတာမွာက ကိုယ့္လယ္ ကိုယ္ကို ေကာင္းေအာင္လုပ္၊ အထြက္တိုးေအာင္လုပ္ၾကတယ္၊ ေျပာရရင္ဗ်ာ ကိုယ့္အလုပ္ကိုယ္ေကာင္းေအာင္လုပ္ရင္း ဘဝကို ရွင္သန္ ၾကရတာပါ၊ ေတာသဘာဝ႐ိုက္ရတာက လိမ္ၿပီး႐ိုက္လို႔မရဘူး၊ ဥပမာေျပာရင္ ထန္းေတာက မိသားစုအေၾကာင္းသ႐ုပ္ေဆာင္ရင္ အဲ့ဒီလိုအဝတ္အစား ေတြ အေလ့အထေတြကအစ စနစ္တက်လုပ္တယ္၊ သူတို႔ရဲ႕တကယ့္သဘာဝကို ျမင္ၾကေတာ့ သူတို႔လည္း လက္ခံတယ္၊ သူတို႔ကလိမ္႐ိုက္တာမ်ိဳးဆိုရင္ ဘယ္လက္ခံၾကမလဲ၊ ေလာေလာဆယ္ေတာ့ က်န္းမာေရးနဲ႔ စီးပြားေရးနဲ႔ ဆက္စပ္ ေနရင္ ေတာ့ ႐ြာမွာျပန္ေနဖို႔ခက္ခဲတယ္၊ ေအးခ်မ္းမႈ ရခ်င္ရင္ေတာ့ ႐ြာမွာေနတာ ေကာင္းတယ္၊ ေတာေနလူတန္းစား ၉၀ ရာခိုင္ႏႈန္းေလာက္က အျဖဴထည္ေတြခ်ည္းပဲ၊ ဒါတကယ့္ကိုအေသ အခ်ာပါ”လို႔ ေတးသံရွင္ မေနာက ရွင္းျပပါတယ္။

သူ႔အေနနဲ႔ ေက်းလက္ေတာသဘာဝကိုႏွစ္သက္တာေၾကာင့္လည္း ေတးသီခ်င္းေတြကိုဖန္တီးတဲ့အခါ ေတာသဘာဝ အေငြ႕အသက္ ေတြကိုသာ အေလးထားလုပ္ေဆာင္ေနၿပီး ေတာဓေလ့ေတြေပ်ာက္ကြယ္ သြားမွာကိုလည္း စိုးရိမ္သူတစ္ဦးျဖစ္ပါတယ္။ လက္ရွိမွာလည္း ေအာင္ျမင္မႈရေနတဲ့ အေနအထားကို ထိန္းထားႏိုင္သူလည္းျဖစ္သလို အခုလို COVID ကာလမွာ စီးပြားေရးအလုပ္ေတြတစ္ဖက္ ေတးသီခ်င္း ေတြ တစ္ဖက္လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

“တကယ္ေတာ့ေလ ေအာင္ျမင္မႈဆိုတာ ေရရွည္တည္တံ့ဖို႔ခဲယဥ္းၾကပါတယ္၊ ေအာင္ျမင္မႈႀကဳံခ်ိန္မွာ လမ္းေၾကာင္း မမွားေအာင္ ႀကိဳးစားရတယ္၊ အေခြထုတ္ေပးမယ့္သူေတြ၊ ေအာင္ျမင္မႈကို ျမတ္ႏိုးလို႔လာတဲ့ သူေတြ၊ တစ္ခ်ိဳ႕က ေအာင္ျမင္ခ်င္လို႔ လာတာ ေတြ ရွိတယ္၊ ကြၽန္ေတာ္က နဂိုကတည္းက စီးပြားေရးသမား တစ္ေယာက္ဆိုေတာ့ ဒီလိုေအာင္ျမင္မႈကရတဲ့ေငြလည္း သိပ္ၿပီးဘာမွမျဖစ္ဘူး၊ ေျပာရရင္ ရင္မခုန္ဘူးေပါ့ေနာ္၊ ဘဝပ်က္သြားေအာင္ ရင္ခုန္မႈမျဖစ္သြားဘူး၊ ေအာင္ျမင္မႈကို ေရရွည္တည္တံ့ေအာင္ ဘယ္လိုထိန္းရမလဲ ဆိုတာကလည္း ကြၽန္ေတာ္တို႔ အသက္အ႐ြယ္နဲ႔လည္း သက္ဆိုင္သြားၿပီ၊ ကြၽန္ေတာ္တို႔ ေဆာင္ရန္ ေရွာင္ရန္ေလးေတြ နားလည္ထားတယ္၊ ဘဝကိုအဲ့ဒီလိုျဖတ္သန္းေနတယ္ေပါ့ေနာ္”လို႔ သူက ဆက္လက္ ရွင္းျပပါတယ္။

အခုလက္ရွိႀကဳံေနရတဲ့ COVID ကာလဟာ ရွည္ၾကာဦးမယ္လို႔ မွန္းထားၾကတာေၾကာင့္ ပရိသတ္ေတြ အေနနဲ႔လည္း ရွိတဲ့ေငြေလးေတြ၊ ကိုယ္သုံးမယ့္ဟာေလးေတြကို ေခြၽတာၿပီး ဆင္ျခင္သုံးစြဲသင့္ေၾကာင္း၊ ယခုလို ကာလမွာ စိတ္မြန္းၾကပ္မႈေၾကာင့္ အျပင္ထြက္ သြားလာ ရင္းလုပ္ကိုင္တဲ့အခါ ေပါ့ဆေနထိုင္မႈမ်ားမျဖစ္ေအာင္ ဆင္ျခင္သင့္ေၾကာင္း၊ ျမန္မာႏိုင္ငံဟာ အရမ္းကံေကာင္းတဲ့ အေျခအေန မ်ိဳး ႀကဳံတာရယ္၊ အုပ္ခ်ဳပ္ေရးအပိုင္းရဲ႕ စီမံခန႔္ခြဲမႈေကာင္းမြန္တာေတြေၾကာင့္ ေဆးဝါးပစၥည္းေတြ၊ စက္ကိရိယာေတြ မျပည့္စုံေပမယ့္ COVID 19 ေရာဂါကို တျခားႏိုင္ငံေတြလို ထိခိုက္ဆုံးရႈံးမႈမျဖစ္ေအာင္ ထိန္းထားႏိုင္ခဲ့တယ္လို႔လည္း ယူဆမိေၾကာင္း သူက ဆက္လက္ ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ-ကိုႏိုင္ NG)