ငယ်ငယ်ကတည်းက ရန်ရန်ချန်းပရိသတ်ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ မေမြတ်နိုးခိုင်

ငယ်ငယ်ကတည်းက ရန်ရန်ချန်းပရိသတ်ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ မေမြတ်နိုးခိုင်

The Voice Myanmar (Season-3) ရဲ့ Blind Auditions မှာ ဝင်ပြိုင်ရင်း လူသိပိုများခဲ့တဲ့ မေမြတ်နိုးခိုင်ဟာ သူမအနေနဲ့ ငယ်ငယ်ကတည်းက ရန်ရန်ချန်းရဲ့ ပရိသတ်ဖြစ်ခဲ့ဖူးတယ်လို့ ပြောပြပါတယ်။
 
သူမဟာ The Voice Myanmar (Season-3)ရဲ့ Blind Auditions ပြိုင်ပွဲမှာ “ဆေး” လို့ နာမည်ရတဲ့သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီပြိုင်ပွဲကနေတစ်ဆင့် သူမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေပိုများလာခဲ့သလို လက်ရှိအချိန်မှာတော့ The Voice Myanmar(Season-3) ပြိုင်ပွဲရဲ့ ရန်ရန်ချန်း ဦးဆောင်သော YC Team Member တစ်ယောက်အဖြစ်နဲ့ ကြိုးစားယှဉ်ပြိုင်နေတယ်လို့ သိရပါတယ်။ 
 
“ညီမက ကိုရန်ရန်ချမ်းရဲ့ သီချင်းတွေကို ငယ်ငယ် ကတည်းက ကြိုက်ခဲ့တာပါ။သူ့ရဲ့ သီချင်းတွေကိုရော၊ သူ့ရဲ့ Rap ရွတ်တာတွေကိုရော သဘောကျတယ်။ကိုယ်က သူ့လိုအမြန်မရွတ်တတ်တော့ အားပေးဖြစ်တယ်။ကိုယ့်ရဲ့ idol တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ကိုရန်ရန်ချမ်းရဲ့ Rap ရွတ်ပုံတွေကို ညီမသင်ယူချင်တယ်။ဖြစ်နိုင်ရင် The Voice Myanmar က ဒိုင်တွေအကုန်လုံးဆီက ပညာတွေသင်ယူချင်ခဲ့တာပါ။ဒါပေမဲ့ တစ်ဦးတည်းစီဆိုတော့ ကိုရန်ရန်ချမ်းအဖွဲ့ကို ရွေးချယ်ဖြစ်ခဲ့တာပါ၊ သူကလည်း သေသေချာချာလေး သင်ပေးပါတယ်၊ ဒီဂီတနဲ့ပတ်သက်ပြီးတော့ ညီမက အရင်ကတည်းက အတွေ့အကြုံတွေရှိပါတယ်။ငယ်ငယ်ကတည်းက သီချင်းတွေလိုက်ဆိုခဲ့ဖူးပါတယ်။အခု The Voice Myanmar မပြိုင်ခင်တုန်းက အိပ်မက်ဆုံရာမှာ ပြိုင်ခဲ့ဖူးတယ်” လို့ သူမက ရှင်းပြပါတယ်။
 
ဂီတနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေရှိနေပေမယ့် အခုလို ပါဝင်ယှဉ်ပြိုင်တာဟာ ပြိုင်ပွဲရဲ့အတွေ့အကြုံတွေ၊ သူမသင်ယူချင်တာတွေကိုလည်း အနီးကပ်သင်ယူဖြည့်ဆည်းခွင့်ရမယ့် အခြေအနေမျိုးဖြစ်တာကြောင့် ဝင်ပြိုင်ဖြစ်တာလို့ သိရပါတယ်။ 
 
သူမဟာ The Voice Myanmar (Season 3) Blind Auditions ပြိုင်ပွဲမှာ ဒိုင်လေးဦးစလုံးရဲ့ လှည့်ကြည့်တာကို ခံခဲ့ရသူဖြစ်ပြီး ရန်ရန်ချမ်းရဲ့ Team ကို ရွေးချယ်လိုက်တဲ့အပေါ် ဝေဖန်ခံရတာတွေကိုလည်း ကြုံရသူတစ်ဦးဖြစ်ပါတယ်။
 
“ဆက်ပြီးတော့လည်း ကြိုးစားသွားမှာပါ၊ ငယ်ငယ်ကတည်းက ကိုရန်ရန်ချန်းရဲ့ ပရိသတ်ပါ၊ အခုလိုအနီးကပ် သူ့ဆီကနေသင်ခွင့်ရတော့ အရမ်းလည်း ဝမ်းသာမိပါတယ်၊ အများကြီးလည်း ဆက်ကြိုးစားပါ့မယ်၊ အခုလည်းကြိုးစားနေပါတယ်၊ ညီမရဲ့ ရည်ရွယ်ချက်က ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်ချင်ပါတယ်၊ ဒါကြောင့်လည်း ကိုယ့်ရဲ့အချိန်တွေ တော်တော်များများကို ဂီတအတွက် အသုံးပြုရင်း ကိုယ်မသိသေးတာတွေ လိုအပ်ချက်ရှိတာတွေကို ဖြည့်ဆည်းလုပ်ကိုင်နေတာ ဖြစ်ပါတယ်” လို့ သူမက ဆက်လက်ရှင်းပြခဲ့ပါတယ်။ 
 
မင်းခေတ်လင်း 
(ဓာတ်ပုံ - ကိုနိုင် NG)
ရန်ကုန်၊ အောက်တိုဘာ - ၂
 
( Zawgyi )
 
The Voice Myanmar (Season-3) ရဲ႕ Blind Auditions မွာ ဝင္ၿပိဳင္ရင္း လူသိပိုမ်ားခဲ့တဲ့ ေမျမတ္ႏိုးခိုင္ဟာ သူမအေနနဲ႔ ငယ္ငယ္ကတည္းက ရန္ရန္ခ်န္းရဲ႕ ပရိသတ္ျဖစ္ခဲ့ဖူးတယ္လို႔ ေျပာျပပါတယ္။
 
သူမဟာ The Voice Myanmar (Season-3)ရဲ႕ Blind Auditions ၿပိဳင္ပြဲမွာ “ေဆး” လို႔ နာမည္ရတဲ့သီခ်င္းနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး အဲ့ဒီၿပိဳင္ပြဲကေနတစ္ဆင့္ သူမကို ခ်စ္ခင္အားေပးၾကတဲ့ ပရိသတ္ေတြပိုမ်ားလာခဲ့သလို လက္ရွိအခ်ိန္မွာေတာ့ The Voice Myanmar(Season-3) ၿပိဳင္ပြဲရဲ႕ ရန္ရန္ခ်န္း ဦးေဆာင္ေသာ YC Team Member တစ္ေယာက္အျဖစ္နဲ႔ ႀကိဳးစားယွဥ္ၿပိဳင္ေနတယ္လို႔ သိရပါတယ္။ 
 
“ညီမက ကိုရန္ရန္ခ်မ္းရဲ႕ သီခ်င္းေတြကို ငယ္ငယ္ ကတည္းက ႀကိဳက္ခဲ့တာပါ။သူ႔ရဲ႕ သီခ်င္းေတြကိုေရာ၊ သူ႔ရဲ႕ Rap ႐ြတ္တာေတြကိုေရာ သေဘာက်တယ္။ကိုယ္က သူ႔လိုအျမန္မ႐ြတ္တတ္ေတာ့ အားေပးျဖစ္တယ္။ကိုယ့္ရဲ႕ idol တစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။ကိုရန္ရန္ခ်မ္းရဲ႕ Rap ႐ြတ္ပုံေတြကို ညီမသင္ယူခ်င္တယ္။ျဖစ္ႏိုင္ရင္ The Voice Myanmar က ဒိုင္ေတြအကုန္လုံးဆီက ပညာေတြသင္ယူခ်င္ခဲ့တာပါ။ဒါေပမဲ့ တစ္ဦးတည္းစီဆိုေတာ့ ကိုရန္ရန္ခ်မ္းအဖြဲ႕ကို ေ႐ြးခ်ယ္ျဖစ္ခဲ့တာပါ၊ သူကလည္း ေသေသခ်ာခ်ာေလး သင္ေပးပါတယ္၊ ဒီဂီတနဲ႔ပတ္သက္ၿပီးေတာ့ ညီမက အရင္ကတည္းက အေတြ႕အႀကဳံေတြရွိပါတယ္။ငယ္ငယ္ကတည္းက သီခ်င္းေတြလိုက္ဆိုခဲ့ဖူးပါတယ္။အခု The Voice Myanmar မၿပိဳင္ခင္တုန္းက အိပ္မက္ဆုံရာမွာ ၿပိဳင္ခဲ့ဖူးတယ္” လို႔ သူမက ရွင္းျပပါတယ္။
 
ဂီတနဲ႔ပတ္သက္တဲ့ အေတြ႕အႀကဳံေတြရွိေနေပမယ့္ အခုလို ပါဝင္ယွဥ္ၿပိဳင္တာဟာ ၿပိဳင္ပြဲရဲ႕အေတြ႕အႀကဳံေတြ၊ သူမသင္ယူခ်င္တာေတြကိုလည္း အနီးကပ္သင္ယူျဖည့္ဆည္းခြင့္ရမယ့္ အေျခအေနမ်ိဳးျဖစ္တာေၾကာင့္ ဝင္ၿပိဳင္ျဖစ္တာလို႔ သိရပါတယ္။ 
 
သူမဟာ The Voice Myanmar (Season 3) Blind Auditions ၿပိဳင္ပြဲမွာ ဒိုင္ေလးဦးစလုံးရဲ႕ လွည့္ၾကည့္တာကို ခံခဲ့ရသူျဖစ္ၿပီး ရန္ရန္ခ်မ္းရဲ႕ Team ကို ေ႐ြးခ်ယ္လိုက္တဲ့အေပၚ ေဝဖန္ခံရတာေတြကိုလည္း ႀကဳံရသူတစ္ဦးျဖစ္ပါတယ္။
 
“ဆက္ၿပီးေတာ့လည္း ႀကိဳးစားသြားမွာပါ၊ ငယ္ငယ္ကတည္းက ကိုရန္ရန္ခ်န္းရဲ႕ ပရိသတ္ပါ၊ အခုလိုအနီးကပ္ သူ႔ဆီကေနသင္ခြင့္ရေတာ့ အရမ္းလည္း ဝမ္းသာမိပါတယ္၊ အမ်ားႀကီးလည္း ဆက္ႀကိဳးစားပါ့မယ္၊ အခုလည္းႀကိဳးစားေနပါတယ္၊ ညီမရဲ႕ ရည္႐ြယ္ခ်က္က ဂီတလမ္းေၾကာင္းေပၚမွာ ေအာင္ျမင္တဲ့သူတစ္ေယာက္ ျဖစ္ခ်င္ပါတယ္၊ ဒါေၾကာင့္လည္း ကိုယ့္ရဲ႕အခ်ိန္ေတြ ေတာ္ေတာ္မ်ားမ်ားကို ဂီတအတြက္ အသုံးျပဳရင္း ကိုယ္မသိေသးတာေတြ လိုအပ္ခ်က္ရွိတာေတြကို ျဖည့္ဆည္းလုပ္ကိုင္ေနတာ ျဖစ္ပါတယ္” လို႔ သူမက ဆက္လက္ရွင္းျပခဲ့ပါတယ္။ 
 
မင္းေခတ္လင္း 
(ဓာတ္ပုံ - ကိုႏိုင္ NG)
ရန္ကုန္၊ ေအာက္တိုဘာ - ၂