ခွဲစိတ်မှုကြောင့် သီဆိုမှုအနားယူနေပေမဲ့ ချစ်သူသစ်နဲ့ ပျော်ရွှင်နေတဲ့ မိုင်လေးဆားရပ်စ်

ခွဲစိတ်မှုကြောင့် သီဆိုမှုအနားယူနေပေမဲ့ ချစ်သူသစ်နဲ့ ပျော်ရွှင်နေတဲ့ မိုင်လေးဆားရပ်စ်

မိုင်လေးဆားရပ်စ်တစ်ယောက် အာသီးခွဲစိတ်မှုပြုလုပ်ပြီး အသံပိုင်းဆိုင်ရာဖျော်ဖြေလေ့ကျင့်ရေးနားထားတယ်လို့ပြောပေမဲ့ အသံကိုသာ အနားပေးပြီး ခန္ဓာကိုယ်ကိုတော့ အနားပေးလို့မရဘူးလို့ ဆိုပါတယ်။ On Vocal rest not bodyဆိုတဲ့ Captionနဲ့အတူ ကာယလေ့ကျင့်ခန်း ဆရာနဲ့ workoutလုပ်နေပုံတွေကို မိုင်လေးက အင်စတာဂရမ်မှာ တင်ထားပါတယ်။

မိုင်လေးနဲ့ပတ်သက်လို့ လတ်တလောလူတွေစိတ်ဝင်စားက သူ့ကျန်းမာရေးထက် Relationship အကြောင်းပါ။ ခင်ပွန်းသည် Liam Hemsworthနဲ့ကွာရှင်းပြီးသိပ်မကြာခင် ဒီလထဲမှာ သြစတြေးလျအဆိုတော် Cody Simpson နဲ့ တွဲနေတဲ့သတင်းတွေ ထွက်လာခဲ့တာပါ။ လူမှုကွန်ရက်မှာ ဒီနောက်ပိုင်း သူတို့လှုပ်ရှားမှုတွေကို အမြဲဆိုသလို မြင်တွေ့နေရပါတယ်။

အားသီးခွဲစိတ်မှုအတွက် တစ်ရက်ကြာဆေးရုံတက်နေစဉ်အတွင်း မိုင်လေးကို ချစ်သူ Simpson ကပဲ အနီးကပ်ပြုစုခဲ့တာပါ။ ခွဲစိတ်မှုကြောင့် မိုင်လေးနားနေရတယ်ဆိုပေမဲ့ Simpson ရဲ့ Golden Thing သီချင်းသစ်ထွက်လာဖို့ သူကပဲ တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီသီချင်း ကလည်း မိုင်လေးနဲ့ သူတို့နှစ်ယောက်ရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ Relation အကြောင်း ရည်ညွန်းစပ်ဆိုထားတာ ဖြစ်ပါတယ်။

ဒီသီချင်းထွက်ရှိဖို့ မိုင်လေးက အပြည့်အဝပံ့ပိုးပေးခဲ့တယ်ဆိုတဲ့အကြောင်း၊ ခွဲစိတ်ကုသမှုအပြီး နေမကောင်းဖြစ်နေတဲ့ကြားက သူ့အပေါ် ဘယ်လိုအင်တိုက်အားတိုက် အားပေးခဲ့တယ်ဆိုတဲ့အကြောင်းတွေကို Simpson က ပြောပါတယ်။ ‘ကျွန်တော် ခု သိပ်ပျော်ရွှင်သလို၊ ကျွန်တော်တို့နှစ်ယောက် သိပ်ပျော်နေပါတယ်’လို့လည်း သူက ဖွင့်ဟခဲ့ပါတယ်။

မိုင်လေးနဲ့ Simpsonချစ်သူရည်စားဘဝ အခုမှ ရောက်တယ်ဆိုပေမဲ့ ဒီမတိုင်ခင် သူတို့နှစ်ဦးဟာ နှစ်ပေါင်းများစွာ ခင်မင်လာခဲ့တဲ့ သူငယ်ချင်းတွေ ဖြစ်ပါတယ်။ ‘သူငယ်ချင်းအဖြစ်ခင်မင်ရင်းနှီးမှုက ကြာရှည်တည်မြဲသလို၊ လူတွေသိတာထက် ပိုနက်ရှိုင်းတယ်’လို့ Simpsonရဲ့မန်နေဂျာက Peopleကို ပြောပါတယ်။

Hemsworthနဲ့ ကွာရှင်းပြတ်စဲအပြီးမှာ မိုင်လေးက Influencerတစ်ယောက်ဖြစ်တဲ့ Kaithlynn Carterနဲ့ တွဲခဲ့တာပါ။ သူနဲ့ပြတ်ပြီးမကြာခင်မှာပဲ သူငယ်ချင်းSimpsonနဲ့ ချစ်ကြိုက်ခဲ့တာဖြစ်ပါတယ်။  

ရည်မွန်
Ref: People

(  Zawgyi  )

 မိုင္ေလးဆားရပ္စ္တစ္ေယာက္ အာသီးခြဲစိတ္မႈျပဳလုပ္ၿပီး အသံပိုင္းဆိုင္ရာေဖ်ာ္ေျဖေလ့က်င့္ေရးနားထားတယ္လို႔ေျပာေပမဲ့ အသံကိုသာ အနားေပးၿပီး ခႏၶာကိုယ္ကိုေတာ့ အနားေပးလို႔မရဘူးလို႔ ဆိုပါတယ္။ On Vocal rest not bodyဆိုတဲ့ Captionနဲ႔အတူ ကာယေလ့က်င့္ခန္း ဆရာနဲ႔ workoutလုပ္ေနပုံေတြကို မိုင္ေလးက အင္စတာဂရမ္မွာ တင္ထားပါတယ္။

မိုင္ေလးနဲ႔ပတ္သက္လို႔ လတ္တေလာလူေတြစိတ္ဝင္စားက သူ႔က်န္းမာေရးထက္ Relationship အေၾကာင္းပါ။ ခင္ပြန္းသည္ Liam Hemsworthနဲ႔ကြာရွင္းၿပီးသိပ္မၾကာခင္ ဒီလထဲမွာ ၾသစေၾတးလ်အဆိုေတာ္ Cody Simpson နဲ႔ တြဲေနတဲ့သတင္းေတြ ထြက္လာခဲ့တာပါ။ လူမႈကြန္ရက္မွာ ဒီေနာက္ပိုင္း သူတို႔လႈပ္ရွားမႈေတြကို အၿမဲဆိုသလို ျမင္ေတြ႕ေနရပါတယ္။

အားသီးခြဲစိတ္မႈအတြက္ တစ္ရက္ၾကာေဆး႐ုံတက္ေနစဥ္အတြင္း မိုင္ေလးကို ခ်စ္သူ Simpson ကပဲ အနီးကပ္ျပဳစုခဲ့တာပါ။ ခြဲစိတ္မႈေၾကာင့္ မိုင္ေလးနားေနရတယ္ဆိုေပမဲ့ Simpson ရဲ႕ Golden Thing သီခ်င္းသစ္ထြက္လာဖို႔ သူကပဲ တြန္းအားေပးခဲ့တာ ျဖစ္ပါတယ္။ အဲဒီသီခ်င္း ကလည္း မိုင္ေလးနဲ႔ သူတို႔ႏွစ္ေယာက္ရဲ႕ ရင္ခုန္စိတ္လႈပ္ရွားစရာ Relation အေၾကာင္း ရည္ၫြန္းစပ္ဆိုထားတာ ျဖစ္ပါတယ္။

ဒီသီခ်င္းထြက္ရွိဖို႔ မိုင္ေလးက အျပည့္အဝပံ့ပိုးေပးခဲ့တယ္ဆိုတဲ့အေၾကာင္း၊ ခြဲစိတ္ကုသမႈအၿပီး ေနမေကာင္းျဖစ္ေနတဲ့ၾကားက သူ႔အေပၚ ဘယ္လိုအင္တိုက္အားတိုက္ အားေပးခဲ့တယ္ဆိုတဲ့အေၾကာင္းေတြကို Simpson က ေျပာပါတယ္။ ‘ကြၽန္ေတာ္ ခု သိပ္ေပ်ာ္႐ႊင္သလို၊ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ သိပ္ေပ်ာ္ေနပါတယ္’လို႔လည္း သူက ဖြင့္ဟခဲ့ပါတယ္။

မိုင္ေလးနဲ႔ Simpsonခ်စ္သူရည္စားဘဝ အခုမွ ေရာက္တယ္ဆိုေပမဲ့ ဒီမတိုင္ခင္ သူတို႔ႏွစ္ဦးဟာ ႏွစ္ေပါင္းမ်ားစြာ ခင္မင္လာခဲ့တဲ့ သူငယ္ခ်င္းေတြ ျဖစ္ပါတယ္။ ‘သူငယ္ခ်င္းအျဖစ္ခင္မင္ရင္းႏွီးမႈက ၾကာရွည္တည္ၿမဲသလို၊ လူေတြသိတာထက္ ပိုနက္ရႈိင္းတယ္’လို႔ Simpsonရဲ႕မန္ေနဂ်ာက Peopleကို ေျပာပါတယ္။

Hemsworthနဲ႔ ကြာရွင္းျပတ္စဲအၿပီးမွာ မိုင္ေလးက Influencerတစ္ေယာက္ျဖစ္တဲ့ Kaithlynn Carterနဲ႔ တြဲခဲ့တာပါ။ သူနဲ႔ျပတ္ၿပီးမၾကာခင္မွာပဲ သူငယ္ခ်င္းSimpsonနဲ႔ ခ်စ္ႀကိဳက္ခဲ့တာျဖစ္ပါတယ္။  

ရည္မြန္
Ref: People