ခံစားချက်အပြည့်နဲ့ ကြိုးစားရိုက်ကူးဖို့ ပြင်ဆင်ထားတဲ့ သရုပ်ဆောင် ရွှေပိုးအိမ်

ခံစားချက်အပြည့်နဲ့ ကြိုးစားရိုက်ကူးဖို့ ပြင်ဆင်ထားတဲ့ သရုပ်ဆောင် ရွှေပိုးအိမ်

အနုပညာလောကထဲမှာ ပရိသတ်အားပေးမှုရလာတဲ့ သရုပ်ဆောင် ရွှေပိုးအိမ်ဟာ ဇာတ်ကားတွေ ရိုက်ကူးတဲ့အခါ ခံစားချက်အပြည့်နဲ့ ကြိုးစားရိုက်ကူးသွားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။သ
 
ူမဟာ ၂၀၁၁ ခုနှစ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ရာ အခုဆိုရင် ၉ နှစ်တာကာလကို ရောက်ရှိလာခဲ့ပြီး တတ်နိုင်သမျှ ခံစားချက်အပြည့်ထည့်ကာ သရုပ်ဆောင်ခဲ့သလို ဆက်လက်ရိုက်ကူးသွားမယ့် ဇာတ်ကားတွေမှာလည်း ခံစားချက်အပြည့်နဲ့ ရိုက်ကူးသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
 
“ဦးခင်လှိုင်ရိုက်တဲ့ “ချိုးရုပ်” ဇာတ်ကားဆိုရင် ရွှေပိုး တော်တော်လေးကြိုးစားခဲ့ပါတယ်၊ ခံစားချက်အပြည့်နဲ့ရိုက်ခဲ့တာ အမှတ်တရပါပဲ၊ သရုပ်ဆောင်ရင်း တကယ့်ကိုငိုခဲ့ရတယ်၊ အဲ့ဒီလို ခံစားချက်အပြည့်နဲ့ ဇာတ်ကားတွေကို အခွင့်သင့်ရင်သင့်သလို ရိုက်ကူးသွားပါ့မယ်၊ ရွှေပိုး အနေနဲ့လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ၊ အဲ့ဒီအတွက်လည်း ပြင်ဆင်ထားတယ်”လို့ သရုပ်ဆောင် ရွှေပိုးအိမ် က ရှင်းပြပါတယ်။
 
သူမဟာ မြန်မာဗီဒီယိုဇာတ်ကားတွေထဲ သရုပ်ဆောင်ရင်း ပရိသတ်နှစ်သက်အားပေးလာခဲ့သူတစ်ဦးလည်းဖြစ်သလို ကျရာဇာတ်ရုပ်အပေါ် ခံစားချက်အပြည့်နဲ့ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ဖို့ ကြိုးစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။မာန်ထက်ချီ ရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေးက ရွေးချယ်တဲ့ သရုပ်ဆောင်ရွေးပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံရရင်း ၂၀၁၁ ခုနှစ်မှ စတင်ကာ အနုပညာလောကထဲ ဝင်ရောက်လာခဲ့သလို လက်ရှိအချိန်အထိ ဗီဒီယိုဇာတ်ကားပေါင်း ၂၀၀ ဝန်းကျင်၊ ရုပ်ရှင်ဇာတ်ကားကြီး ၃၀ နီးပါးလောက်ကို ရိုက်ကူးထားကြောင်း၊ COVID လွန်တဲ့အချိန်မှာ ဆက်လက်ရိုက်ကူးဖို့လည်း ပြင်ဆင်ထားတာတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။
 
“ရွှေပိုးအနေနဲ့ အနုပညာအလုပ်တွေ ဆက်ပြီးလုပ်စရာတွေလည်း အများကြီးရှိပါတယ်၊ စောင့်ဆိုင်းပြီး အားပေးကြပါဦးနော်”လို့ သူမက ဆက်လက်ရှင်းပြပါတယ်။သ
 
ူမဟာ အခုလို COVID 19 ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလမှာ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဈာပနလမ်းကြောင်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ်နဲ့ လိုက်ပါကူညီလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
 
မင်းခေတ်လင်း
ရန်ကုန်၊ အောက်တိုဘာ - ၂၁
 
( Zawgyi )
 
အႏုပညာေလာကထဲမွာ ပရိသတ္အားေပးမႈရလာတဲ့ သ႐ုပ္ေဆာင္ ေ႐ႊပိုးအိမ္ဟာ ဇာတ္ကားေတြ ႐ိုက္ကူးတဲ့အခါ ခံစားခ်က္အျပည့္နဲ႔ ႀကိဳးစား႐ိုက္ကူးသြားဖို႔ ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။သ
 
ူမဟာ ၂၀၁၁ ခုႏွစ္ကတည္းက အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့ရာ အခုဆိုရင္ ၉ ႏွစ္တာကာလကို ေရာက္ရွိလာခဲ့ၿပီး တတ္ႏိုင္သမွ် ခံစားခ်က္အျပည့္ထည့္ကာ သ႐ုပ္ေဆာင္ခဲ့သလို ဆက္လက္႐ိုက္ကူးသြားမယ့္ ဇာတ္ကားေတြမွာလည္း ခံစားခ်က္အျပည့္နဲ႔ ႐ိုက္ကူးသြားဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။
 
“ဦးခင္လႈိင္႐ိုက္တဲ့ “ခ်ိဳး႐ုပ္” ဇာတ္ကားဆိုရင္ ေ႐ႊပိုး ေတာ္ေတာ္ေလးႀကိဳးစားခဲ့ပါတယ္၊ ခံစားခ်က္အျပည့္နဲ႔႐ိုက္ခဲ့တာ အမွတ္တရပါပဲ၊ သ႐ုပ္ေဆာင္ရင္း တကယ့္ကိုငိုခဲ့ရတယ္၊ အဲ့ဒီလို ခံစားခ်က္အျပည့္နဲ႔ ဇာတ္ကားေတြကို အခြင့္သင့္ရင္သင့္သလို ႐ိုက္ကူးသြားပါ့မယ္၊ ေ႐ႊပိုး အေနနဲ႔လည္း အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားသြားမွာပါ၊ အဲ့ဒီအတြက္လည္း ျပင္ဆင္ထားတယ္”လို႔ သ႐ုပ္ေဆာင္ ေ႐ႊပိုးအိမ္ က ရွင္းျပပါတယ္။
 
သူမဟာ ျမန္မာဗီဒီယိုဇာတ္ကားေတြထဲ သ႐ုပ္ေဆာင္ရင္း ပရိသတ္ႏွစ္သက္အားေပးလာခဲ့သူတစ္ဦးလည္းျဖစ္သလို က်ရာဇာတ္႐ုပ္အေပၚ ခံစားခ်က္အျပည့္နဲ႔ ပီပီျပင္ျပင္သ႐ုပ္ေဆာင္ႏိုင္ဖို႔ ႀကိဳးစားေနသူတစ္ဦးလည္း ျဖစ္ပါတယ္။မာန္ထက္ခ်ီ ႐ုပ္ရွင္နဲ႔ ဗီဒီယိုထုတ္လုပ္ေရးက ေ႐ြးခ်ယ္တဲ့ သ႐ုပ္ေဆာင္ေ႐ြးပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ေ႐ြးခ်ယ္ခံရရင္း ၂၀၁၁ ခုႏွစ္မွ စတင္ကာ အႏုပညာေလာကထဲ ဝင္ေရာက္လာခဲ့သလို လက္ရွိအခ်ိန္အထိ ဗီဒီယိုဇာတ္ကားေပါင္း ၂၀၀ ဝန္းက်င္၊ ႐ုပ္ရွင္ဇာတ္ကားႀကီး ၃၀ နီးပါးေလာက္ကို ႐ိုက္ကူးထားေၾကာင္း၊ COVID လြန္တဲ့အခ်ိန္မွာ ဆက္လက္႐ိုက္ကူးဖို႔လည္း ျပင္ဆင္ထားတာေတြ အမ်ားအျပားရွိေနတယ္လို႔ သိရပါတယ္။
 
“ေ႐ႊပိုးအေနနဲ႔ အႏုပညာအလုပ္ေတြ ဆက္ၿပီးလုပ္စရာေတြလည္း အမ်ားႀကီးရွိပါတယ္၊ ေစာင့္ဆိုင္းၿပီး အားေပးၾကပါဦးေနာ္”လို႔ သူမက ဆက္လက္ရွင္းျပပါတယ္။သ
 
ူမဟာ အခုလို COVID 19 ကပ္ေရာဂါျဖစ္ပြားေနတဲ့ကာလမွာ နာေရးကူညီမႈအသင္း (ရန္ကုန္) ရဲ႕ ဈာပနလမ္းေၾကာင္းေတြမွာ ေစတနာ့ဝန္ထမ္းအျဖစ္နဲ႔ လိုက္ပါကူညီလုပ္ေဆာင္ေပးေနတယ္လို႔ သိရပါတယ္။
 
မင္းေခတ္လင္း
ရန္ကုန္၊ ေအာက္တိုဘာ - ၂၁