ခေတ်ကာလရေစီးကြောင်းအရ ဇာတ်လမ်းတွဲတွေရိုက်ကူးထုတ်လုပ်ဖို့ စီစဉ်နေတဲ့ သရုပ်ဆောင် နေဒွေး

ခေတ်ကာလရေစီးကြောင်းအရ ဇာတ်လမ်းတွဲတွေရိုက်ကူးထုတ်လုပ်ဖို့ စီစဉ်နေတဲ့ သရုပ်ဆောင် နေဒွေး

သရုပ်ဆောင် နေဒွေးဟာ သူ့ရဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ပေါင်းပြီး ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုကို ထူထောင်ထားပေမယ့် အခုလို COVID 19 အခြေအနေကြောင့် ရုပ်ရှင်ဇာတ်ကားတွေထက် ဇာတ်လမ်းတွဲတွေ ရိုက်ကူးထုတ်လုပ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“ကျွန်တော် သရုပ်ဆောင်စပြီးဖြစ်တော့ ဗီဒီယိုခေတ်ပျက်တဲ့အချိန်မှာ သရုပ်ဆောင်ဖြစ်ခဲ့ရတာဆိုတော့ အခက်အခဲတွေ အများကြီးရှိခဲ့တယ်၊ ကျွန်တော်စစချင်းတုန်းက ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ကား ဘယ်ဟာကိုရွေးချယ်ရခက်နေတယ်၊ ဒီကာလကြီးမှာ ရုပ်ရှင်ရိုက်ဖို့ အများကြီးစဉ်းစားရတယ်၊ ရုပ်ရှင်ထက်စာရင် ဇာတ်လမ်းတွဲဘက်လေးကို စဉ်းစားထား ပါတယ်၊ ရုပ်ရှင်ကားက နှစ်နှစ်လောက်ကြာမှ ရုံတင်ရမယ့်အနေအထားရှိတယ်၊ ဒီထက်လည်း ကြာကောင်းကြာသွားရင် အဆင်မပြေဘူးလေ၊ ဒါကြောင့်လည်း ဇာတ်လမ်းတွဲတွေအရင်ရိုက်မယ် ပြီးရင်ပရိသတ်တွေအတွက် You Tube ကနေလည်း Entertainment လေးတွေ တင်ဆက်သွားဖို့ရှိပါတယ်” လို့ သူကရှင်းပြပါတယ်။

လက်ရှိမှာ Victory Film Production အဖြစ်ထူထောင်ကာ ရုပ်ရှင်ကားကြီးအပါအဝင် ရိုက်ကူးရေးတွေလည်းလုပ်ဖို့ ရှိနေကြောင်း၊ သရုပ်ဆောင်အလုပ်ဟာ အသက်အရွယ်ရလာချိန်မှာ နေရာမရတော့မှာဖြစ်လာမယ့်အတွက် ဒါရိုက်တာပိုင်းတွေ၊ ရိုက်ကူးရေးအပိုင်းတွေကိုလည်း လေ့လာနေပြီး ၎င်းတည်ထောင်ထားတဲ့ ထုတ်လုပ်ရေးမှာ တက်သစ်စသရုပ်ဆောင်တွေကို ထည့်သွင်းအသုံးပြုသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မကြာခင်မှာ ရန်ကုန်မြို့မှာ သူ့ရဲ့ “လင်းရောင်ခြည်” လို့ နာမည်ရတဲ့ ဆန်ပွဲရုံ ဆိုင်ခွဲကို ဖွင့်လှစ်ဖို့ရှိနေပြီး လတ်တလောမှာ မိတ္ထီလာ၊ မြင်းခြံ၊ တောင်သာမြို့တို့တွေကို ဖြန့်ချီနေကြောင်း၊ အနုပညာလောကမှ အခြားသော အနုပညာရှင်များကလည်း COVID ကာလ အလှူအတန်းတွေလုပ်ဖို့ သူ့ရဲ့ဆန်ပွဲရုံကနေ ဝယ်ယူတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ဆန် Quarlity နဲ့ ဈေးနှုန်းကို အသက်သာဆုံးဖြစ်အောင် ချိန်ညှိပေးထားတယ်၊ ကျွန်တော် ဒီရန်ကုန်မှာ ဆန်ဆိုင်ခွဲတွေ ဖွင့်ဖို့ စီစဉ်နေပေမယ့် အခု COVID ကြောင့် နည်းနည်းလေး ရက်နောက်ဆုတ်ထားရတယ်၊ ဟိုရက်က အရမ်းရောင်းရတာ၊ ကျွန်တော်တို့က ပွဲရုံဆိုတော့ အခုလိုစီးပွားရေးခက်ခဲချိန်မှာ အိန္ဒြေမပျက်သွားဘူး၊ လှူတဲ့သူတွေကလည်း ကျွန်တော့်ဆီက ဝယ်ပြီးတော့အားပေးကြတယ်၊ အားပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်၊ ဆန်ကို လေးပြည်၊ ခြောက်ပြည်၊ ၁၂ ပြည် အိတ်လေးတွေခွဲပြီး ဖြန့်ချီဖို့ရှိမယ်၊ အနုပညာအလုပ်အပြင် အိမ်ရဲ့စီးပွားရေးလည်း အခုလိုလုပ်နေတာတွေရှိပါတယ်” လို့ သူက ဆက်လက်ရှင်းပြပါတယ်။

မင်းခေတ်လင်း
ဓာတ်ပုံ - ကိုနိုင် NG
ရန်ကုန်၊ ဇွန် - ၁၆

( Zawgyi )

သ႐ုပ္ေဆာင္ ေနေဒြးဟာ သူ႔ရဲ႕မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ေပါင္းၿပီး ႐ုပ္ရွင္ထုတ္လုပ္ေရးလုပ္ငန္းတစ္ခုကို ထူေထာင္ထားေပမယ့္ အခုလို COVID 19 အေျခအေနေၾကာင့္ ႐ုပ္ရွင္ဇာတ္ကားေတြထက္ ဇာတ္လမ္းတြဲေတြ ႐ိုက္ကူးထုတ္လုပ္ႏိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္ သ႐ုပ္ေဆာင္စၿပီးျဖစ္ေတာ့ ဗီဒီယိုေခတ္ပ်က္တဲ့အခ်ိန္မွာ သ႐ုပ္ေဆာင္ျဖစ္ခဲ့ရတာဆိုေတာ့ အခက္အခဲေတြ အမ်ားႀကီးရွိခဲ့တယ္၊ ကြၽန္ေတာ္စစခ်င္းတုန္းက ဇာတ္လမ္းတြဲနဲ႔ ႐ုပ္ရွင္ကား ဘယ္ဟာကိုေ႐ြးခ်ယ္ရခက္ေနတယ္၊ ဒီကာလႀကီးမွာ ႐ုပ္ရွင္႐ိုက္ဖို႔ အမ်ားႀကီးစဥ္းစားရတယ္၊ ႐ုပ္ရွင္ထက္စာရင္ ဇာတ္လမ္းတြဲဘက္ေလးကို စဥ္းစားထား ပါတယ္၊ ႐ုပ္ရွင္ကားက ႏွစ္ႏွစ္ေလာက္ၾကာမွ ႐ုံတင္ရမယ့္အေနအထားရွိတယ္၊ ဒီထက္လည္း ၾကာေကာင္းၾကာသြားရင္ အဆင္မေျပဘူးေလ၊ ဒါေၾကာင့္လည္း ဇာတ္လမ္းတြဲေတြအရင္႐ိုက္မယ္ ၿပီးရင္ပရိသတ္ေတြအတြက္ You Tube ကေနလည္း Entertainment ေလးေတြ တင္ဆက္သြားဖို႔ရွိပါတယ္” လို႔ သူကရွင္းျပပါတယ္။

လက္ရွိမွာ Victory Film Production အျဖစ္ထူေထာင္ကာ ႐ုပ္ရွင္ကားႀကီးအပါအဝင္ ႐ိုက္ကူးေရးေတြလည္းလုပ္ဖို႔ ရွိေနေၾကာင္း၊ သ႐ုပ္ေဆာင္အလုပ္ဟာ အသက္အ႐ြယ္ရလာခ်ိန္မွာ ေနရာမရေတာ့မွာျဖစ္လာမယ့္အတြက္ ဒါ႐ိုက္တာပိုင္းေတြ၊ ႐ိုက္ကူးေရးအပိုင္းေတြကိုလည္း ေလ့လာေနၿပီး ၎တည္ေထာင္ထားတဲ့ ထုတ္လုပ္ေရးမွာ တက္သစ္စသ႐ုပ္ေဆာင္ေတြကို ထည့္သြင္းအသုံးျပဳသြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ မၾကာခင္မွာ ရန္ကုန္ၿမိဳ႕မွာ သူ႔ရဲ႕ “လင္းေရာင္ျခည္” လို႔ နာမည္ရတဲ့ ဆန္ပြဲ႐ုံ ဆိုင္ခြဲကို ဖြင့္လွစ္ဖို႔ရွိေနၿပီး လတ္တေလာမွာ မိတၳီလာ၊ ျမင္းၿခံ၊ ေတာင္သာၿမိဳ႕တို႔ေတြကို ျဖန႔္ခ်ီေနေၾကာင္း၊ အႏုပညာေလာကမွ အျခားေသာ အႏုပညာရွင္မ်ားကလည္း COVID ကာလ အလႉအတန္းေတြလုပ္ဖို႔ သူ႔ရဲ႕ဆန္ပြဲ႐ုံကေန ဝယ္ယူတာေတြကိုလည္း လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

“ဆန္ Quarlity နဲ႔ ေဈးႏႈန္းကို အသက္သာဆုံးျဖစ္ေအာင္ ခ်ိန္ညႇိေပးထားတယ္၊ ကြၽန္ေတာ္ ဒီရန္ကုန္မွာ ဆန္ဆိုင္ခြဲေတြ ဖြင့္ဖို႔ စီစဥ္ေနေပမယ့္ အခု COVID ေၾကာင့္ နည္းနည္းေလး ရက္ေနာက္ဆုတ္ထားရတယ္၊ ဟိုရက္က အရမ္းေရာင္းရတာ၊ ကြၽန္ေတာ္တို႔က ပြဲ႐ုံဆိုေတာ့ အခုလိုစီးပြားေရးခက္ခဲခ်ိန္မွာ အိေျႏၵမပ်က္သြားဘူး၊ လႉတဲ့သူေတြကလည္း ကြၽန္ေတာ့္ဆီက ဝယ္ၿပီးေတာ့အားေပးၾကတယ္၊ အားေပးတဲ့သူေတြကိုလည္း ေက်းဇူးတင္ပါတယ္၊ ဆန္ကို ေလးျပည္၊ ေျခာက္ျပည္၊ ၁၂ ျပည္ အိတ္ေလးေတြခြဲၿပီး ျဖန႔္ခ်ီဖို႔ရွိမယ္၊ အႏုပညာအလုပ္အျပင္ အိမ္ရဲ႕စီးပြားေရးလည္း အခုလိုလုပ္ေနတာေတြရွိပါတယ္” လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

မင္းေခတ္လင္း
ဓာတ္ပုံ - ကိုႏိုင္ NG
ရန္ကုန္၊ ဇြန္ - ၁၆