ခရီးသွားရင်းနဲ့ ၂၀၁၉ နှစ်သစ်ကူးကို ဖြတ်ကျော်ဖို့ရှိတယ်ဆိုတဲ့ သရုပ်ဆောင် ယုသန္တာတင်

ခရီးသွားရင်းနဲ့ ၂၀၁၉ နှစ်သစ်ကူးကို ဖြတ်ကျော်ဖို့ရှိတယ်ဆိုတဲ့ သရုပ်ဆောင် ယုသန္တာတင်

လာမယ့် ၂၀၁၉ ခုနှစ်ရဲ့ နှစ်သစ်ကူးကာလမှာ ခရီးသွားရင်းနဲ့ ဖြတ်ကျော်ဖို့အစီအစဉ်ရှိတယ်လို့ သရုပ်ဆောင် ယုသန္တာတင် က ရုပ်ရှင် အခမ်းအနားပွဲ တစ်ခုမှာ တွေ့ဆုံမေးမြန်းစဉ်ပြောကြားခဲ့ပါတယ်။

“နှစ်တိုင်းအနေနဲ့ကတော့ ခရစ္စမတ်နဲ့ New Year ကတော့ ပုံမှန်ပါပဲ၊ ငယ်ငယ်တုန်းက ရှိုးပွဲတွေနဲ့ ဖြတ်သန်းတယ်၊ ကြီးလာတော့ အလုပ်နဲ့ပေါ့၊ ဒီနှစ်တော့ ခရစ္စမတ် ခရီးသွားဖြစ်မလား New Year ကျမှ သွားဖြစ်မလားတော့ မသိသေးဘူး၊ အရင်ကဆိုရင် ကားရိုက်ရင်းနဲ့ New Year ကို ဖြတ်သန်းရတဲ့နှစ် တွေရှိသလို သူငယ်ချင်းတွေနဲ့ ခရီးသွားရင်းနဲ့ ဖြတ်သန်းရတဲ့ နှစ်တွေလည်းရှိတယ်၊ ခရီးသွားဖို့က ရှိပါတယ်၊ ကြိုပြီးတော့ စီစဉ်ထားတာမျိုးတော့ သိပ်မရှိဘူး၊ ဘာလို့လဲဆိုတော့ ကြိုတင်စီစဉ်ရင် ကိုယ်သွားချင်တဲ့ ခရီးကို မရောက်တာက များတယ်၊ အဲ့ဒါကြောင့် ကိုယ်သွားချင်တဲ့အချိန်မှာ သူငယ်ချင်းတွေနဲ့ တိုင်ပင်လိုက်တယ်၊ ပြီးတော့ ချက်ချင်းသွားကြတယ်၊ အချိန်တွေအကြာကြီး ကြိုပြီးတော့ Plan ချထားတာမျိုးမရှိဘူး၊ သူငယ်ချင်းတွေနဲ့သွားရင် အပျော်ပုံတွေဘာတွေရိုက်ဖြစ်တယ်၊ ပေါ့ပေါ့ပါးပါးရှိတယ်လေ၊ အလုပ်နဲ့သွားရင် စိတ်ဖိစီးတယ်၊ ဒီနှစ်မှာက သူငယ်ချင်းတွေနဲ့ သွားဖြစ်ဖို့များတယ်”လို့ သရုပ်ဆောင် ယုသန္တာတင် က ရှင်းပြပါတယ်။

ယခုနောက်ပိုင်းမှာ သူမဟာ ဟာသရုပ်ရှင်ကားတွေကိုလည်းရိုက်ကူးလာသလို ဇာတ်ပို့ဇာတ်ရန်တွေထဲက ဟာသဉာဏ်ကြွယ်ဝတဲ့ ဝါရင့် သရုပ်ဆောင်တွေနဲ့ ဆုံတဲ့အခါမှာလည်း ဟာသဇာတ်ကားတွေအတွက် ဇာတ်ရုပ်ပိုင်းကို လေ့လာသင်ယူတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဆက်လက်ပြီး သူမက “ဟာသရိုက်ရတာ ပိုခက်တယ်လို့ ယူဆမိပါတယ်၊ ကိုယ်ကပျော်ပျော်နေတတ်ပေမယ့်လေ ရုပ်ရှင်ကျတော့ ကိုယ်ပြောတဲ့ စကားလုံးတိုင်းကို သူများရယ်အောင် လုပ်ရတာပေါ့လေ၊ ကိုယ်လုပ်လိုက်တဲ့ဟာက သူများရယ်ရမှာ ဖြစ်မှာလေ၊ ဒီလိုမှမလုပ်နိုင်ရင် အဆင်ပြေ မှာ မဟုတ်ဘူး၊ အဲ့ဒါကြောင့်မို့လို့ ဟာသကားက ပိုခက်တယ်၊ ဦးခင်လှိုင်တို့လို ဝါရင့်သရုပ်ဆောင်တွေဆီက ကြုံရင်ကြုံသလို လေ့လာ သင်ယူ ရတာတွေ ရှိပါတယ်၊ ဇာတ်ကားထဲ အတူသရုပ်ဆောင်တာမျိုး မဟုတ်ဘဲ အပြင်မှာ ထိုင်စကားပြောလည်း သူတို့က ပျော်နေရတဲ့သူတွေ ရယ်နေရတဲ့သူတွေလေ၊ တကယ့်ကို ဟာသဉာဏ်ရွှင်တဲ့သူတွေဆိုတော့ သူတို့ဆီကလည်း လေ့လာသင်ယူပါတယ်”လို့ ဆိုပါတယ်။

လတ်တလောကာလမှာ အနုပညာလှုပ်ရှားမှုအနေနဲ့ လာမယ့် ၂၀၂၀ အတွက် ပြက္ခဒိန်ပုံတွေ၊ ကြော်ငြာပုံတွေ ရိုက်ကူးနေသလို ကြော်ငြာ ရုပ်သံတွေ အတွက် ပြင်ဆင်နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဒီဇင်ဘာ ၁၂

(  Zawgyi  )

 လာမယ့္ ၂၀၁၉ ခုႏွစ္ရဲ႕ ႏွစ္သစ္ကူးကာလမွာ ခရီးသြားရင္းနဲ႔ ျဖတ္ေက်ာ္ဖို႔အစီအစဥ္ရွိတယ္လို႔ သ႐ုပ္ေဆာင္ ယုသႏၲာတင္ က ႐ုပ္ရွင္ အခမ္းအနားပြဲ တစ္ခုမွာ ေတြ႕ဆုံေမးျမန္းစဥ္ေျပာၾကားခဲ့ပါတယ္။

“ႏွစ္တိုင္းအေနနဲ႔ကေတာ့ ခရစၥမတ္နဲ႔ New Year ကေတာ့ ပုံမွန္ပါပဲ၊ ငယ္ငယ္တုန္းက ရႈိးပြဲေတြနဲ႔ ျဖတ္သန္းတယ္၊ ႀကီးလာေတာ့ အလုပ္နဲ႔ေပါ့၊ ဒီႏွစ္ေတာ့ ခရစၥမတ္ ခရီးသြားျဖစ္မလား New Year က်မွ သြားျဖစ္မလားေတာ့ မသိေသးဘူး၊ အရင္ကဆိုရင္ ကား႐ိုက္ရင္းနဲ႔ New Year ကို ျဖတ္သန္းရတဲ့ႏွစ္ ေတြရွိသလို သူငယ္ခ်င္းေတြနဲ႔ ခရီးသြားရင္းနဲ႔ ျဖတ္သန္းရတဲ့ ႏွစ္ေတြလည္းရွိတယ္၊ ခရီးသြားဖို႔က ရွိပါတယ္၊ ႀကိဳၿပီးေတာ့ စီစဥ္ထားတာမ်ိဳးေတာ့ သိပ္မရွိဘူး၊ ဘာလို႔လဲဆိုေတာ့ ႀကိဳတင္စီစဥ္ရင္ ကိုယ္သြားခ်င္တဲ့ ခရီးကို မေရာက္တာက မ်ားတယ္၊ အဲ့ဒါေၾကာင့္ ကိုယ္သြားခ်င္တဲ့အခ်ိန္မွာ သူငယ္ခ်င္းေတြနဲ႔ တိုင္ပင္လိုက္တယ္၊ ၿပီးေတာ့ ခ်က္ခ်င္းသြားၾကတယ္၊ အခ်ိန္ေတြအၾကာႀကီး ႀကိဳၿပီးေတာ့ Plan ခ်ထားတာမ်ိဳးမရွိဘူး၊ သူငယ္ခ်င္းေတြနဲ႔သြားရင္ အေပ်ာ္ပုံေတြဘာေတြ႐ိုက္ျဖစ္တယ္၊ ေပါ့ေပါ့ပါးပါးရွိတယ္ေလ၊ အလုပ္နဲ႔သြားရင္ စိတ္ဖိစီးတယ္၊ ဒီႏွစ္မွာက သူငယ္ခ်င္းေတြနဲ႔ သြားျဖစ္ဖို႔မ်ားတယ္”လို႔ သ႐ုပ္ေဆာင္ ယုသႏၲာတင္ က ရွင္းျပပါတယ္။

ယခုေနာက္ပိုင္းမွာ သူမဟာ ဟာသ႐ုပ္ရွင္ကားေတြကိုလည္း႐ိုက္ကူးလာသလို ဇာတ္ပို႔ဇာတ္ရန္ေတြထဲက ဟာသဉာဏ္ႂကြယ္ဝတဲ့ ဝါရင့္ သ႐ုပ္ေဆာင္ေတြနဲ႔ ဆုံတဲ့အခါမွာလည္း ဟာသဇာတ္ကားေတြအတြက္ ဇာတ္႐ုပ္ပိုင္းကို ေလ့လာသင္ယူတာေတြလည္း ရွိတယ္လို႔ သိရပါတယ္။ ဆက္လက္ၿပီး သူမက “ဟာသ႐ိုက္ရတာ ပိုခက္တယ္လို႔ ယူဆမိပါတယ္၊ ကိုယ္ကေပ်ာ္ေပ်ာ္ေနတတ္ေပမယ့္ေလ ႐ုပ္ရွင္က်ေတာ့ ကိုယ္ေျပာတဲ့ စကားလုံးတိုင္းကို သူမ်ားရယ္ေအာင္ လုပ္ရတာေပါ့ေလ၊ ကိုယ္လုပ္လိုက္တဲ့ဟာက သူမ်ားရယ္ရမွာ ျဖစ္မွာေလ၊ ဒီလိုမွမလုပ္ႏိုင္ရင္ အဆင္ေျပ မွာ မဟုတ္ဘူး၊ အဲ့ဒါေၾကာင့္မို႔လို႔ ဟာသကားက ပိုခက္တယ္၊ ဦးခင္လႈိင္တို႔လို ဝါရင့္သ႐ုပ္ေဆာင္ေတြဆီက ႀကဳံရင္ႀကဳံသလို ေလ့လာ သင္ယူ ရတာေတြ ရွိပါတယ္၊ ဇာတ္ကားထဲ အတူသ႐ုပ္ေဆာင္တာမ်ိဳး မဟုတ္ဘဲ အျပင္မွာ ထိုင္စကားေျပာလည္း သူတို႔က ေပ်ာ္ေနရတဲ့သူေတြ ရယ္ေနရတဲ့သူေတြေလ၊ တကယ့္ကို ဟာသဉာဏ္႐ႊင္တဲ့သူေတြဆိုေတာ့ သူတို႔ဆီကလည္း ေလ့လာသင္ယူပါတယ္”လို႔ ဆိုပါတယ္။

လတ္တေလာကာလမွာ အႏုပညာလႈပ္ရွားမႈအေနနဲ႔ လာမယ့္ ၂၀၂၀ အတြက္ ျပကၡဒိန္ပုံေတြ၊ ေၾကာ္ျငာပုံေတြ ႐ိုက္ကူးေနသလို ေၾကာ္ျငာ ႐ုပ္သံေတြ အတြက္ ျပင္ဆင္ေနတာေတြလည္း ရွိတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဒီဇင္ဘာ ၁၂