ခန္ဓာကိုယ်ကျစ်လစ်လှပအောင် လေ့ကျင့်ခန်းတွေလုပ်နေတယ်ဆိုတဲ့ သုသု

ခန္ဓာကိုယ်ကျစ်လစ်လှပအောင် လေ့ကျင့်ခန်းတွေလုပ်နေတယ်ဆိုတဲ့ သုသု

အခုလို COVID 19 ကာလမှာ ခန္ဓာကိုယ်ကျစ်လစ်လှပစေဖို့ လေ့ကျင့်ခန်းတွေလုပ်နေတယ်လို့ သုသု လို့ ချစ်စနိုးခေါ်ဝေါ်ကြတဲ့ မိတ်ကပ် ညီညီမောင် (စမ်းချောင်း) က ပြောပါတယ်။

“အခု Gym လည်းဆော့တယ်၊ ယောဂလည်းလုပ်တယ်၊ အစတုန်းကတော့ သိပ်မလုပ်နိုင်ဘူး၊ အရမ်းလည်းမောတယ်၊ နောက်တော့လည်း အလေ့အကျင့်ဖြစ်လာတော့ အဆင်ပြေသွားတယ်၊ ဒီလိုကာလမှာက အလုပ်ကလည်းမကောင်းတော့ စားလိုက်အိပ်လိုက်နဲ့ဆိုတော့ ခန္ဓာကိုယ်မှာ အဆီတွေ တက်လာတယ်လေ၊ ဒါကြောင့်လည်း ကျစ်လစ်လှပအောင် လေ့ကျင့်ခန်းတွေလုပ်နေရတယ်၊ အရင်တုန်းက အပြင်မထွက်ရဲတော့ အိမ်ထဲမှာပဲပေါ့၊ အခုတော့ နည်းနည်းလည်းသွားရဲလာရဲဖြစ်လာတယ်၊ အပြင်မှာလည်း ပြန်ပြီးစည်ကားလာတယ်ဆိုပေမယ့် အလုပ်ကတော့မကောင်းသေးဘူးလေ၊ အားတဲ့အချိန်တွေတော့ ကုသိုလ်ရမယ့် အလုပ်တွေကိုလုပ်တယ်၊ စိတ်ကိုလည်း ငြိမ်းချမ်းအောင်လည်းနေတယ်” လို့ သူကရှင်းပြပါတယ်။

သူဟာ ခန္ဓာကိုယ်အလှအပအတွက် ဆီလီကွန်တွေထည့်ပြီး ခွဲစိတ်ပြုပြင်တာတွေကို လုပ်ကိုင်ခဲ့သလို ရင်သား၊ နှာခေါင်း၊ မေးစေ့တွေမှာလည်း ဆီလီကွန်တွေထည့်ပြီးတော့ ခွဲစိတ်ပြင်ဆင်ခဲ့ကြောင်း၊ မျက်နှာမှာလည်း အရေးအကြောင်းတွေမရှိအောင် ပြုပြင်ထားပြီး ပြုပြင်ခွဲစိတ်မှုတွေအပေါ် စိတ်တိုင်းကျကာကျေနပ်မိကြောင်း၊ ဝမ်းဗိုက်မှာလည်း အဆီတွေနည်းနည်းရှိနေတာကြောင့် ဗိုက်အဆီထုတ်ကာ လုပ်ဆောင်သွားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

“အခုတော့ မေတ္တာတရားနဲ့ ရှင်သန်နေတယ်၊ လူတွေက ဘာလုပ်လုပ်ဆဲချင်ကြတယ်လေ၊ ကိုယ်က ပြန်ပြီးဆဲတယ် ပြုတယ်ဆိုရင် အကုသိုလ်တွေရမှာလေ၊ အခုက မေတ္တာတရားကိုမွေးမြူရင်း လူတိုင်းကိုလည်း မေတ္တာထားပါတယ်၊ ဆက်ပြီးတော့လည်း မေတ္တာတရားနဲ့ပဲ ရှေ့ဆက်သွားမှာဖြစ်ပါတယ်” လို့ သူကဆက်ပြောပါတယ်။

သူ့ရဲ့သူငယ်ချင်းအပေါင်းအသင်းတွေဖြစ်တဲ့ မိတ်ကပ်လင်းလင်းတို့၊ မထက်တို့လို လှလှပပဖြစ်အောင်ကြိုးပမ်းရင်း ခန္ဓာကိုယ်ကိုပြုပြင်နေကြောင်း၊ သူများတွေလှသလို သူလည်းအားကျတဲ့အတွက် အခုလိုကာလမှာ ကြိုးစားလုပ်ကိုင်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇူလိုင် - ၁၅

( Zawgyi )

အခုလို COVID 19 ကာလမွာ ခႏၶာကိုယ္က်စ္လစ္လွပေစဖို႔ ေလ့က်င့္ခန္းေတြလုပ္ေနတယ္လို႔ သုသု လို႔ ခ်စ္စႏိုးေခၚေဝၚၾကတဲ့ မိတ္ကပ္ ညီညီေမာင္ (စမ္းေခ်ာင္း) က ေျပာပါတယ္။

“အခု Gym လည္းေဆာ့တယ္၊ ေယာဂလည္းလုပ္တယ္၊ အစတုန္းကေတာ့ သိပ္မလုပ္ႏိုင္ဘူး၊ အရမ္းလည္းေမာတယ္၊ ေနာက္ေတာ့လည္း အေလ့အက်င့္ျဖစ္လာေတာ့ အဆင္ေျပသြားတယ္၊ ဒီလိုကာလမွာက အလုပ္ကလည္းမေကာင္းေတာ့ စားလိုက္အိပ္လိုက္နဲ႔ဆိုေတာ့ ခႏၶာကိုယ္မွာ အဆီေတြ တက္လာတယ္ေလ၊ ဒါေၾကာင့္လည္း က်စ္လစ္လွပေအာင္ ေလ့က်င့္ခန္းေတြလုပ္ေနရတယ္၊ အရင္တုန္းက အျပင္မထြက္ရဲေတာ့ အိမ္ထဲမွာပဲေပါ့၊ အခုေတာ့ နည္းနည္းလည္းသြားရဲလာရဲျဖစ္လာတယ္၊ အျပင္မွာလည္း ျပန္ၿပီးစည္ကားလာတယ္ဆိုေပမယ့္ အလုပ္ကေတာ့မေကာင္းေသးဘူးေလ၊ အားတဲ့အခ်ိန္ေတြေတာ့ ကုသိုလ္ရမယ့္ အလုပ္ေတြကိုလုပ္တယ္၊ စိတ္ကိုလည္း ၿငိမ္းခ်မ္းေအာင္လည္းေနတယ္” လို႔ သူကရွင္းျပပါတယ္။

သူဟာ ခႏၶာကိုယ္အလွအပအတြက္ ဆီလီကြန္ေတြထည့္ၿပီး ခြဲစိတ္ျပဳျပင္တာေတြကို လုပ္ကိုင္ခဲ့သလို ရင္သား၊ ႏွာေခါင္း၊ ေမးေစ့ေတြမွာလည္း ဆီလီကြန္ေတြထည့္ၿပီးေတာ့ ခြဲစိတ္ျပင္ဆင္ခဲ့ေၾကာင္း၊ မ်က္ႏွာမွာလည္း အေရးအေၾကာင္းေတြမရွိေအာင္ ျပဳျပင္ထားၿပီး ျပဳျပင္ခြဲစိတ္မႈေတြအေပၚ စိတ္တိုင္းက်ကာေက်နပ္မိေၾကာင္း၊ ဝမ္းဗိုက္မွာလည္း အဆီေတြနည္းနည္းရွိေနတာေၾကာင့္ ဗိုက္အဆီထုတ္ကာ လုပ္ေဆာင္သြားဖို႔ ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။

“အခုေတာ့ ေမတၱာတရားနဲ႔ ရွင္သန္ေနတယ္၊ လူေတြက ဘာလုပ္လုပ္ဆဲခ်င္ၾကတယ္ေလ၊ ကိုယ္က ျပန္ၿပီးဆဲတယ္ ျပဳတယ္ဆိုရင္ အကုသိုလ္ေတြရမွာေလ၊ အခုက ေမတၱာတရားကိုေမြးျမဴရင္း လူတိုင္းကိုလည္း ေမတၱာထားပါတယ္၊ ဆက္ၿပီးေတာ့လည္း ေမတၱာတရားနဲ႔ပဲ ေရွ႕ဆက္သြားမွာျဖစ္ပါတယ္” လို႔ သူကဆက္ေျပာပါတယ္။

သူ႔ရဲ႕သူငယ္ခ်င္းအေပါင္းအသင္းေတြျဖစ္တဲ့ မိတ္ကပ္လင္းလင္းတို႔၊ မထက္တို႔လို လွလွပပျဖစ္ေအာင္ႀကိဳးပမ္းရင္း ခႏၶာကိုယ္ကိုျပဳျပင္ေနေၾကာင္း၊ သူမ်ားေတြလွသလို သူလည္းအားက်တဲ့အတြက္ အခုလိုကာလမွာ ႀကိဳးစားလုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇူလိုင္ - ၁၅