ကျရာဇာတ်ရုပ်လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေရဆဲဆိုတဲ့ သရုပ်ဆောင် နိုင်းနိုင်း

ကျရာဇာတ်ရုပ်လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေရဆဲဆိုတဲ့ သရုပ်ဆောင် နိုင်းနိုင်း

အနုပညာလောကထဲ ခြေချခဲ့တာ ဆယ်စုနှစ်ဖြင့်ချီကာ ကြာမြင့်ခဲ့သော သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နိုင်းနိုင်းဟာ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ဖို့ ကြိုးစားနေရဆဲဖြစ်တယ်လို့ ပြောပါတယ်။

“ကျွန်တော့်ခံယူချက်က ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံး သရုပ်ဆောင်နိုင်ဖို့ အကောင်းဆုံးကြိုးစားမယ်ဆိုတာပါပဲ၊ ကျွန်တော့်အလုပ်ဟာ ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးပုံရိပ်ပါပဲ၊ ကျွန်တော်က သရုပ်ဆောင်နေရတာကိုပျော်နေပြီး ကာရိုက်တာတွေ ပိုမိုပီပြင်ဖို့ အမြဲကြိုးစားဖြစ်တယ်၊ အခုအချိန်အထိလည်း ကျရာဇာတ်ရုပ်မှာ ပီပြင်အောင်သရုပ်ဆောင်နိုင်ဖို့ ကြိုးစားနေတယ်၊ ကျွန်တော်ယုံကြည်တာက အောင်မြင်မှုမှာဖြတ်လမ်းမရှိဘူး၊ အောင်မြင်မှုပန်းတိုင်အတွက် ကြိုးစားရမယ်” လို့ သူက ရှင်းပြပါတယ်။

သူဟာ မော်ဒယ်တစ်ယောက်ဘဝကနေ သရုပ်ဆောင်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သလို အနုပညာသက်တမ်း နှစ်ပေါင်း ၂၀ လောက် ရှိနေကြောင်း၊ Asian Academy Creative Award 2019 မှာ Best Featured Film ဆုကို ရရှိခဲ့ပြီး ပရိသတ်များစွာနဲ့ အခိုင်အမာရပ်တည်လာနိုင်သူတစ်ဦးလည်းဖြစ်ကြောင်း၊ လက်ရှိမှာလည်း ပြည်တွင်းက Free to Air ရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်ပြသမယ့် ဇာတ်လမ်းတွဲတွေအတွက် ပါဝင်ရိုက်ကူးနေရတယ်လို့ သိရပါတယ်။

“ကျွန်တော်က အနုပညာအလုပ်ကို လုပ်ရတာ စိတ်ဝင်စားတယ်၊ အမြဲတမ်းလည်း ကိုယ်ပါဝင်ရမယ့် ကာရိုက်တာကို ပီပြင်အောင်လို့ ကြိုးစားတယ်၊ ကြိုတင်ပြင်ဆင်တယ်၊ လေ့ကျင့်လုပ်ဆောင်ပါတယ်၊ ဒီထက်လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားမှာပါ၊ ကျွန်တော့်ကို ဒီကနေ့ ဒီအချိန်အထိ အမြဲတမ်းအားပေးနေကြတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်၊ COVID အလွန်မှာလည်း ပိုမိုကောင်းမွန်တဲ့ အနုပညာဖန်တီးမှုတွေကို မြင်တွေ့ရဦးမှာပါ၊ ကျွန်တော့်ဘက်က ကြိုးစားနေဆဲပါ” လို့ ၎င်းက ရှင်းပြပါတယ်။

သူဟာ မြန်မာဗီဒီယိုဇာတ်ကားများ ခေတ်စားချိန်ကာလကိုမှီခဲ့တဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်သလို ရိုက်ကူးခဲ့ရတဲ့ဇာတ်ကားတွေ အလွန်များပြားခဲ့တယ်လို့ သိရပါတယ်။ယခင်နှစ်တွေက သရုပ်ဆောင်တာကို အနည်းအကျဉ်းလောက်သာ လုပ်ကိုင်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်နေသလို ရိုက်ကူးထားပြီးဖြစ်တဲ့ ဇာတ်ကားတွေကိုလည်း ပြန်လည်သုံးသပ်ကြည့်ရှုကာ သရုပ်ဆောင်ပိုမိုကောင်းလာအောင် ကြိုးစားနေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
နိုဝင်ဘာ - ၁၉

( Zawgyi )

အႏုပညာေလာကထဲ ေျခခ်ခဲ့တာ ဆယ္စုႏွစ္ျဖင့္ခ်ီကာ ၾကာျမင့္ခဲ့ေသာ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ႏိုင္းႏိုင္းဟာ က်ရာဇာတ္႐ုပ္ကို ပီပီျပင္ျပင္သ႐ုပ္ေဆာင္ႏိုင္ဖို႔ ႀကိဳးစားေနရဆဲျဖစ္တယ္လို႔ ေျပာပါတယ္။

“ကြၽန္ေတာ့္ခံယူခ်က္က က်ရာဇာတ္႐ုပ္ကို အပီျပင္ဆုံး သ႐ုပ္ေဆာင္ႏိုင္ဖို႔ အေကာင္းဆုံးႀကိဳးစားမယ္ဆိုတာပါပဲ၊ ကြၽန္ေတာ့္အလုပ္ဟာ ကြၽန္ေတာ့္ဘဝရဲ႕ အေကာင္းဆုံးပုံရိပ္ပါပဲ၊ ကြၽန္ေတာ္က သ႐ုပ္ေဆာင္ေနရတာကိုေပ်ာ္ေနၿပီး ကာ႐ိုက္တာေတြ ပိုမိုပီျပင္ဖို႔ အၿမဲႀကိဳးစားျဖစ္တယ္၊ အခုအခ်ိန္အထိလည္း က်ရာဇာတ္႐ုပ္မွာ ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္ဖို႔ ႀကိဳးစားေနတယ္၊ ကြၽန္ေတာ္ယုံၾကည္တာက ေအာင္ျမင္မႈမွာျဖတ္လမ္းမရွိဘူး၊ ေအာင္ျမင္မႈပန္းတိုင္အတြက္ ႀကိဳးစားရမယ္” လို႔ သူက ရွင္းျပပါတယ္။

သူဟာ ေမာ္ဒယ္တစ္ေယာက္ဘဝကေန သ႐ုပ္ေဆာင္အျဖစ္ လုပ္ကိုင္ခဲ့သူျဖစ္သလို အႏုပညာသက္တမ္း ႏွစ္ေပါင္း ၂၀ ေလာက္ ရွိေနေၾကာင္း၊ Asian Academy Creative Award 2019 မွာ Best Featured Film ဆုကို ရရွိခဲ့ၿပီး ပရိသတ္မ်ားစြာနဲ႔ အခိုင္အမာရပ္တည္လာႏိုင္သူတစ္ဦးလည္းျဖစ္ေၾကာင္း၊ လက္ရွိမွာလည္း ျပည္တြင္းက Free to Air ႐ုပ္သံလိုင္းေတြမွာ ထုတ္လႊင့္ျပသမယ့္ ဇာတ္လမ္းတြဲေတြအတြက္ ပါဝင္႐ိုက္ကူးေနရတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္က အႏုပညာအလုပ္ကို လုပ္ရတာ စိတ္ဝင္စားတယ္၊ အၿမဲတမ္းလည္း ကိုယ္ပါဝင္ရမယ့္ ကာ႐ိုက္တာကို ပီျပင္ေအာင္လို႔ ႀကိဳးစားတယ္၊ ႀကိဳတင္ျပင္ဆင္တယ္၊ ေလ့က်င့္လုပ္ေဆာင္ပါတယ္၊ ဒီထက္လည္း အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားမွာပါ၊ ကြၽန္ေတာ့္ကို ဒီကေန႔ ဒီအခ်ိန္အထိ အၿမဲတမ္းအားေပးေနၾကတဲ့ ပရိသတ္ႀကီးကိုလည္း ေက်းဇူးတင္ပါတယ္၊ COVID အလြန္မွာလည္း ပိုမိုေကာင္းမြန္တဲ့ အႏုပညာဖန္တီးမႈေတြကို ျမင္ေတြ႕ရဦးမွာပါ၊ ကြၽန္ေတာ့္ဘက္က ႀကိဳးစားေနဆဲပါ” လို႔ ၎က ရွင္းျပပါတယ္။

သူဟာ ျမန္မာဗီဒီယိုဇာတ္ကားမ်ား ေခတ္စားခ်ိန္ကာလကိုမွီခဲ့တဲ့ သ႐ုပ္ေဆာင္တစ္ဦးလည္းျဖစ္သလို ႐ိုက္ကူးခဲ့ရတဲ့ဇာတ္ကားေတြ အလြန္မ်ားျပားခဲ့တယ္လို႔ သိရပါတယ္။ယခင္ႏွစ္ေတြက သ႐ုပ္ေဆာင္တာကို အနည္းအက်ဥ္းေလာက္သာ လုပ္ကိုင္ခဲ့ေပမယ့္ အခုေနာက္ပိုင္းမွာေတာ့ ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္သ႐ုပ္ေဆာင္ေနသလို ႐ိုက္ကူးထားၿပီးျဖစ္တဲ့ ဇာတ္ကားေတြကိုလည္း ျပန္လည္သုံးသပ္ၾကည့္ရႈကာ သ႐ုပ္ေဆာင္ပိုမိုေကာင္းလာေအာင္ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ႏိုဝင္ဘာ - ၁၉