ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်ဖို့စဉ်းစားနေတဲ့ သရုပ်ဆောင် ရွှေစင်ဝင့်ရှိန်

ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်ဖို့စဉ်းစားနေတဲ့ သရုပ်ဆောင် ရွှေစင်ဝင့်ရှိန်

ပြည်တွင်းမှာထုတ်လွှင့်နေတဲ့ Free to Air ရုပ်သံလိုင်းတွေထဲက ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း သူမရဲ့သရုပ်ဆောင်မှုဟာ ပရိသတ်တွေကြားမှာထင်သာလာပြီး အားပေးသူတွေများလာတဲ့ သရုပ်ဆောင် ရွှေစင်ဝင့်ရှိန်ဟာ ကျရာဇာတ်ရုပ်မျိုးစုံအတွက် အကောင်းဆုံးသရုပ်ဆောင်နိုင်ဖို့သာ စဉ်းစားထားတယ်လို့ ဆိုပါတယ်။

သူမဟာ သရုပ်ဆောင်လောကရဲ့ တက်သစ်စမျိုးဆက်သစ်သရုပ်ဆောင်တွေအနက် ပရိသတ်အားပေးသူများလာသူတစ်ဦးလည်းဖြစ်သလို မိမိနဲ့လိုက်ဖက်တဲ့ဇာတ်မျိုးကို ရွေးချယ်တာထက် ကျရာဇာတ်ရုပ်ကိုသရုပ်ဆောင်ရင်း သရုပ်ဆောင်မှုအပိုင်းကို အကောင်းဆုံးကြိုးပမ်းသွားဖို့ စီစဉ်ထားသူလည်းဖြစ်ပါတယ်။

“ရွှေစင် က အနုပညာကိုဝါသနာပါပေမယ့် အနုပညာမျိုးရိုးတော့မဟုတ်ပါဘူး၊ MRTV 4 ပြိုင်ပွဲလေး ဝင်ပြိုင်ရင်း အခုလို ဇာတ်လမ်းတွဲတွေရိုက်ဖြစ်လာတာပါ၊ အစတုန်းက ကိုလူပျိုဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တယ်၊ အနုပညာအသိုင်းအဝိုင်းက ဆင်းသက်လာသူလည်းမဟုတ်တော့ ကိုယ်ဝါသနာပါတဲ့ သရုပ်ဆောင်ဖြစ်ဖို့ ပြိုင်ပွဲအဆင့်ဆင့်ဝင်ပြိုင်ရင်း ကြိုးစားခဲ့ရတာပါ၊ အခုအထိလည်း ကြိုးစားမှုကိုမလျှော့ပါဘူး၊ ရွှေစင်အနေနဲ့ ဇာတ်လမ်းတိုလေး အရင်ရိုက်ခဲ့ရတာ၊ ပဉ္စလက်ရွာတုန်းကလည်း ဘယ်ကာရိုက်တာမျိုးမဆို လုပ်နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ထားပြီးလုပ်နေတယ်၊ အခုလည်း ရွှေစင့် ကို အားပေးလာကြတဲ့ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်၊ ဆက်လက်ပြီးလည်း အားပေးပါဦးနော်၊ အခုပြနေတဲ့ “ဂျီဟောသူ” ကားလေးကိုလည်း အားပေးပါဦးနော်၊ လိုအပ်ချက်တွေရှိရင်လည်း အကြံပေးပါ၊ ဆက်လက်ပြီးတော့လည်း ဇာတ်ကားတွေမှာသရုပ်ဆောင်ခွင့်ရဖို့ ကြိုးစားသွားမယ်” လို့ သူမက ရှင်းပြပါတယ်။

 

လက်ရှိမှာလည်း မော်မော်ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်ရုပ်အဖြစ်နဲ့ “ဂျီဟောသူ” လို့ နာမည်ရသော ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ထားသလို ရှေးခေတ်ကာလက အမျိုးသမီးတစ်ယောက်ရဲ့ဇာတ်ရုပ်မျိုး ပီပြင်အောင်သရုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့စာပေဖတ်ရှုလေ့လာတာတွေ ပြင်ဆင်မှုတွေနဲ့ အများကြီးပြုလုပ်ကာ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ - ကိုနိုင် NG)
ရန်ကုန်၊ ဇူလိုင် - ၁၁

( Zawgyi )

ပည္တြင္းမွာထုတ္လႊင့္ေနတဲ့ Free to Air ႐ုပ္သံလိုင္းေတြထဲက ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရင္း သူမရဲ႕သ႐ုပ္ေဆာင္မႈဟာ ပရိသတ္ေတြၾကားမွာထင္သာလာၿပီး အားေပးသူေတြမ်ားလာတဲ့ သ႐ုပ္ေဆာင္ ေ႐ႊစင္ဝင့္ရွိန္ဟာ က်ရာဇာတ္႐ုပ္မ်ိဳးစုံအတြက္ အေကာင္းဆုံးသ႐ုပ္ေဆာင္ႏိုင္ဖို႔သာ စဥ္းစားထားတယ္လို႔ ဆိုပါတယ္။

သူမဟာ သ႐ုပ္ေဆာင္ေလာကရဲ႕ တက္သစ္စမ်ိဳးဆက္သစ္သ႐ုပ္ေဆာင္ေတြအနက္ ပရိသတ္အားေပးသူမ်ားလာသူတစ္ဦးလည္းျဖစ္သလို မိမိနဲ႔လိုက္ဖက္တဲ့ဇာတ္မ်ိဳးကို ေ႐ြးခ်ယ္တာထက္ က်ရာဇာတ္႐ုပ္ကိုသ႐ုပ္ေဆာင္ရင္း သ႐ုပ္ေဆာင္မႈအပိုင္းကို အေကာင္းဆုံးႀကိဳးပမ္းသြားဖို႔ စီစဥ္ထားသူလည္းျဖစ္ပါတယ္။

“ေ႐ႊစင္ က အႏုပညာကိုဝါသနာပါေပမယ့္ အႏုပညာမ်ိဳး႐ိုးေတာ့မဟုတ္ပါဘူး၊ MRTV 4 ၿပိဳင္ပြဲေလး ဝင္ၿပိဳင္ရင္း အခုလို ဇာတ္လမ္းတြဲေတြ႐ိုက္ျဖစ္လာတာပါ၊ အစတုန္းက ကိုလူပ်ိဳဇာတ္ကားမွာ သ႐ုပ္ေဆာင္ခဲ့တယ္၊ အႏုပညာအသိုင္းအဝိုင္းက ဆင္းသက္လာသူလည္းမဟုတ္ေတာ့ ကိုယ္ဝါသနာပါတဲ့ သ႐ုပ္ေဆာင္ျဖစ္ဖို႔ ၿပိဳင္ပြဲအဆင့္ဆင့္ဝင္ၿပိဳင္ရင္း ႀကိဳးစားခဲ့ရတာပါ၊ အခုအထိလည္း ႀကိဳးစားမႈကိုမေလွ်ာ့ပါဘူး၊ ေ႐ႊစင္အေနနဲ႔ ဇာတ္လမ္းတိုေလး အရင္႐ိုက္ခဲ့ရတာ၊ ပၪၥလက္႐ြာတုန္းကလည္း ဘယ္ကာ႐ိုက္တာမ်ိဳးမဆို လုပ္ႏိုင္ရမယ္ဆိုတဲ့စိတ္နဲ႔ထားၿပီးလုပ္ေနတယ္၊ အခုလည္း ေ႐ႊစင့္ ကို အားေပးလာၾကတဲ့ပရိသတ္ေတြကို ေက်းဇူးတင္ပါတယ္၊ ဆက္လက္ၿပီးလည္း အားေပးပါဦးေနာ္၊ အခုျပေနတဲ့ “ဂ်ီေဟာသူ” ကားေလးကိုလည္း အားေပးပါဦးေနာ္၊ လိုအပ္ခ်က္ေတြရွိရင္လည္း အႀကံေပးပါ၊ ဆက္လက္ၿပီးေတာ့လည္း ဇာတ္ကားေတြမွာသ႐ုပ္ေဆာင္ခြင့္ရဖို႔ ႀကိဳးစားသြားမယ္” လို႔ သူမက ရွင္းျပပါတယ္။

လက္ရွိမွာလည္း ေမာ္ေမာ္ဆိုတဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ ဇာတ္႐ုပ္အျဖစ္နဲ႔ “ဂ်ီေဟာသူ” လို႔ နာမည္ရေသာ ဇာတ္လမ္းတြဲထဲမွာ ပါဝင္သ႐ုပ္ေဆာင္ထားသလို ေရွးေခတ္ကာလက အမ်ိဳးသမီးတစ္ေယာက္ရဲ႕ဇာတ္႐ုပ္မ်ိဳး ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္ဖို႔ လိုအပ္တဲ့စာေပဖတ္ရႈေလ့လာတာေတြ ျပင္ဆင္မႈေတြနဲ႔ အမ်ားႀကီးျပဳလုပ္ကာ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ - ကိုႏိုင္ NG)
ရန္ကုန္၊ ဇူလိုင္ - ၁၁