ကိုရီးယားလို သီဆိုထားတဲ့ တေးသီချင်းဖြန့်ချိဖို့စီစဉ်ထားတဲ့ တေးသံရှင် ဝိုင်းလေး

ကိုရီးယားလို သီဆိုထားတဲ့ တေးသီချင်းဖြန့်ချိဖို့စီစဉ်ထားတဲ့ တေးသံရှင် ဝိုင်းလေး

ကိုရီးယားနိုင်ငံမှာ မကြာသေးခင်က ကျင်းပတဲ့ အာဆီယံ-ကိုရီးယား ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက် ဖျော်ဖြေခွင့်ရရှိခဲ့တဲ့ တေးသံရှင် ဝိုင်းလေးဟာ ကိုရီးယားလို သီဆိုထားတဲ့ တေးသီချင်းတစ်ပုဒ်ကို မြန်မာပရိသတ်တွေနားဆင်နိုင်ရန် ဖြန့်ချိဖို့စီစဉ်ထားပါတယ်။

သူမဟာ နိုဝင်ဘာ ၂၅ ရက်က ကိုရီးယားနိုင်ငံ ဘူဆန်မှာပြုလုပ်တဲ့ အာဆီယံ-ကိုရီးယား ထိပ်သီးညီလာခံမှာ ဖျော်ဖြေခွင့်ရခဲ့ပြီး မြန်မာနိုင်ငံသို့ ယနေ့ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ထိုခရီးစဉ်အတွင်း ASEAN FANTASIA Concert Changwon နဲ့ Busan မှာ ဖျော်ဖြေပြီး ရိုက်ကူးရေးတစ်ခုလုပ်ကာ Seoul မှာ သီချင်းတစ်ပုဒ် အသံသွင်းခဲ့တယ်လို့ သိရပါတယ်။

 “အရင်တုန်းက Miss အနေနဲ့လည်းကိုယ်စားပြုပြီး ပြည်ပ ခရီးတွေသွားခဲ့ရတာမျိုးရှိပေမယ့် အခု ပထမဆုံးအကြိမ် အဆိုတော်အနေနဲ့လည်း ကိုယ်စားပြုသွားခဲ့ရတဲ့ အတွက် ပြောမပြတတ်အောင် ဝမ်းသာတယ်၊ Korea ရဲ့ နာမည်ကြီး Music Producer Kim Hyung Suk နဲ့ မိတ်ဆက်ပေးရင်း တွေ့ခွင့်ရခဲ့တယ်၊ သီချင်းတွေအတူလုပ်ဖို့ ကမ်းလှမ်းထားပါတယ်၊ ဝမ်းသာလွန်းလို့ ပြောမပြတတ်အောင် ဖြစ်မိတယ်၊ မကြာခင်မှာ သီချင်းတစ်ပုဒ် တင်ဆက်ပေးပါမယ်၊ စောင့်မျှော်ပေးကြပါဦးရှင်” လို့ တေးသံရှင် ဝိုင်းလေး က ပြောပါတယ်။

သူမဟာ သူမဟာ အိပ်မက်ဆုံရာ Season 4 သီချင်းဆိုပြိုင်ပွဲကို ဝင်ရောက်ပြိုင်ခဲ့ရာမှ Second Winner up ဆုရရှိခဲ့သူလည်းဖြစ်သလို ပရိသတ်တွေရဲ့ချစ်ခင်မှုကို ရခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်က ကျင်းပတဲ့ Miss World 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်မှာ “Selfie”လို့ နာမည်ရတဲ့ တစ်ကိုယ်တော်တေးအယ်လ်ဘမ်၊ ၂၀၁၇ မှာ “Wyne”လို့နာမည်ရတဲ့ တစ်ကိုယ်တော် တေးအယ်လ်ဘမ်တွေ ထွက်ရှိထားပြီး အနုပညာလောကမှာလည်း အောင်မြင်မှုရလာသူဖြစ်ခဲ့ပါတယ်။

“အနုပညာတစ်ခုက နိုင်ငံတစ်ခုရဲ့ပုံရိပ်ကို အရမ်းထင်ဟပ်စေတယ်၊ ညီမဆိုရင် ဂီတစစ်စစ်ကို အရမ်းမြတ်နိုးသလို ဒီလိုပဲဂီတကိုပဲ အာရုံစိုက်ပြီး လုပ်နေတဲ့သူတွေ လောကမှာအများကြီးရှိတယ်၊ ဒီလိုလူတွေက နိုင်ငံနဲ့ ချီပြီး သူများဆီကိုသွားပြီး ပြသရရင် ညီမတို့ချည်းပဲလည်း မရဘူး၊ မီဒီယာတွေကလည်း ပံ့ပိုးဖို့လိုတယ်၊ စည်းစည်းလုံးလုံးနဲ့ ရှိဖို့လည်း လိုတယ်၊ ဘဝမှာအရေးကြီးဆုံးက ဖြူဖြူစင်စင်နဲ့ ရိုးသားစွာ ကြိုးစား အသက်ရှင်ဖို့ပဲလိုပါတယ်၊ ဘယ်လိုအခက်အခဲရှိရှိ အမြဲတမ်းပြုံးနေပါ၊ အောင်မြင်မှုနဲ့ ကျော်ကြားမှုက တကယ်တော့ မတူဘူး၊ အောင်မြင်မှုက အားစိုက်ထုတ်ရတယ်၊ သီချင်းတစ်ပုဒ်ပေါက်လာဖို့ အဆိုတော်ဖြစ်လာဖို့ ခက်ခဲတယ်၊ အဲ့ဒီသီချင်းရဲ့နောက်မှာ အခက်အခဲပေါင်းစုံရှိတယ်၊ မျက်ရည်တွေ၊ ချွေးတွေ ပေးဆပ်ရတာတွေ အများကြီးရှိတယ်၊ ကျော်ကြားမှုကျတော့ လူရဲ့စိတ်ဝင်စားမှုခံစားဖို့ရအောင် ဟုတ်တဲ့နည်းလမ်း ပဲဖြစ်ဖြစ်၊ မဟုတ်တဲ့နည်းလမ်းဖြစ်ဖြစ် လုပ်ကြတာ၊ အဆဲခံရအောင်လုပ်တာက တကယ်တော့ အောင်မြင်တာမဟုတ်ဘူး၊ ရေရှည်လည်း မတည်တံ့နိုင်ဘူးလေ၊ အလွယ်နည်းလိုက်တဲ့သူတွေကို အားမပေးဘူး”လို့ သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။ လက်ရှိကာလမှာ Single Song တွေလည်း အများကြီးထွက်ရှိထားပြီး ကမ္ဘာကျော်နာမည်ကြီး ကာတွန်းဇာတ်ကား ဖြစ်တဲ့ Frozen ထဲမှာ Cover Song ကို သီဆိုထား တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ နိုဝင်ဘာ ၂၉

(  Zawgyi  )

ကိုရီးယားႏိုင္ငံမွာ မၾကာေသးခင္က က်င္းပတဲ့ အာဆီယံ-ကိုရီးယား ထိပ္သီးညီလာခံမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳ သြားေရာက္ ေဖ်ာ္ေျဖခြင့္ရရွိခဲ့တဲ့ ေတးသံရွင္ ဝိုင္းေလးဟာ ကိုရီးယားလို သီဆိုထားတဲ့ ေတးသီခ်င္းတစ္ပုဒ္ကို ျမန္မာပရိသတ္ေတြနားဆင္ႏိုင္ရန္ ျဖန႔္ခ်ိဖို႔စီစဥ္ထားပါတယ္။

သူမဟာ ႏိုဝင္ဘာ ၂၅ ရက္က ကိုရီးယားႏိုင္ငံ ဘူဆန္မွာျပဳလုပ္တဲ့ အာဆီယံ-ကိုရီးယား ထိပ္သီးညီလာခံမွာ ေဖ်ာ္ေျဖခြင့္ရခဲ့ၿပီး ျမန္မာႏိုင္ငံသို႔ ယေန႔ျပန္လည္ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။ ထိုခရီးစဥ္အတြင္း ASEAN FANTASIA Concert Changwon နဲ႔ Busan မွာ ေဖ်ာ္ေျဖၿပီး ႐ိုက္ကူးေရးတစ္ခုလုပ္ကာ Seoul မွာ သီခ်င္းတစ္ပုဒ္ အသံသြင္းခဲ့တယ္လို႔ သိရပါတယ္။

 “အရင္တုန္းက Miss အေနနဲ႔လည္းကိုယ္စားျပဳၿပီး ျပည္ပ ခရီးေတြသြားခဲ့ရတာမ်ိဳးရွိေပမယ့္ အခု ပထမဆုံးအႀကိမ္ အဆိုေတာ္အေနနဲ႔လည္း ကိုယ္စားျပဳသြားခဲ့ရတဲ့ အတြက္ ေျပာမျပတတ္ေအာင္ ဝမ္းသာတယ္၊ Korea ရဲ႕ နာမည္ႀကီး Music Producer Kim Hyung Suk နဲ႔ မိတ္ဆက္ေပးရင္း ေတြ႕ခြင့္ရခဲ့တယ္၊ သီခ်င္းေတြအတူလုပ္ဖို႔ ကမ္းလွမ္းထားပါတယ္၊ ဝမ္းသာလြန္းလို႔ ေျပာမျပတတ္ေအာင္ ျဖစ္မိတယ္၊ မၾကာခင္မွာ သီခ်င္းတစ္ပုဒ္ တင္ဆက္ေပးပါမယ္၊ ေစာင့္ေမွ်ာ္ေပးၾကပါဦးရွင္” လို႔ ေတးသံရွင္ ဝိုင္းေလး က ေျပာပါတယ္။

သူမဟာ သူမဟာ အိပ္မက္ဆုံရာ Season 4 သီခ်င္းဆိုၿပိဳင္ပြဲကို ဝင္ေရာက္ၿပိဳင္ခဲ့ရာမွ Second Winner up ဆုရရွိခဲ့သူလည္းျဖစ္သလို ပရိသတ္ေတြရဲ႕ခ်စ္ခင္မႈကို ရခဲ့သူတစ္ဦးျဖစ္ၿပီး ၂၀၁၄ ခုႏွစ္က က်င္းပတဲ့ Miss World 2014 ၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳ သြားေရာက္ ယွဥ္ၿပိဳင္ခဲ့ေၾကာင္း၊ ၂၀၁၅ ခုႏွစ္မွာ “Selfie”လို႔ နာမည္ရတဲ့ တစ္ကိုယ္ေတာ္ေတးအယ္လ္ဘမ္၊ ၂၀၁၇ မွာ “Wyne”လို႔နာမည္ရတဲ့ တစ္ကိုယ္ေတာ္ ေတးအယ္လ္ဘမ္ေတြ ထြက္ရွိထားၿပီး အႏုပညာေလာကမွာလည္း ေအာင္ျမင္မႈရလာသူျဖစ္ခဲ့ပါတယ္။

“အႏုပညာတစ္ခုက ႏိုင္ငံတစ္ခုရဲ႕ပုံရိပ္ကို အရမ္းထင္ဟပ္ေစတယ္၊ ညီမဆိုရင္ ဂီတစစ္စစ္ကို အရမ္းျမတ္ႏိုးသလို ဒီလိုပဲဂီတကိုပဲ အာ႐ုံစိုက္ၿပီး လုပ္ေနတဲ့သူေတြ ေလာကမွာအမ်ားႀကီးရွိတယ္၊ ဒီလိုလူေတြက ႏိုင္ငံနဲ႔ ခ်ီၿပီး သူမ်ားဆီကိုသြားၿပီး ျပသရရင္ ညီမတို႔ခ်ည္းပဲလည္း မရဘူး၊ မီဒီယာေတြကလည္း ပံ့ပိုးဖို႔လိုတယ္၊ စည္းစည္းလုံးလုံးနဲ႔ ရွိဖို႔လည္း လိုတယ္၊ ဘဝမွာအေရးႀကီးဆုံးက ျဖဴျဖဴစင္စင္နဲ႔ ႐ိုးသားစြာ ႀကိဳးစား အသက္ရွင္ဖို႔ပဲလိုပါတယ္၊ ဘယ္လိုအခက္အခဲရွိရွိ အၿမဲတမ္းၿပဳံးေနပါ၊ ေအာင္ျမင္မႈနဲ႔ ေက်ာ္ၾကားမႈက တကယ္ေတာ့ မတူဘူး၊ ေအာင္ျမင္မႈက အားစိုက္ထုတ္ရတယ္၊ သီခ်င္းတစ္ပုဒ္ေပါက္လာဖို႔ အဆိုေတာ္ျဖစ္လာဖို႔ ခက္ခဲတယ္၊ အဲ့ဒီသီခ်င္းရဲ႕ေနာက္မွာ အခက္အခဲေပါင္းစုံရွိတယ္၊ မ်က္ရည္ေတြ၊ ေခြၽးေတြ ေပးဆပ္ရတာေတြ အမ်ားႀကီးရွိတယ္၊ ေက်ာ္ၾကားမႈက်ေတာ့ လူရဲ႕စိတ္ဝင္စားမႈခံစားဖို႔ရေအာင္ ဟုတ္တဲ့နည္းလမ္း ပဲျဖစ္ျဖစ္၊ မဟုတ္တဲ့နည္းလမ္းျဖစ္ျဖစ္ လုပ္ၾကတာ၊ အဆဲခံရေအာင္လုပ္တာက တကယ္ေတာ့ ေအာင္ျမင္တာမဟုတ္ဘူး၊ ေရရွည္လည္း မတည္တံ့ႏိုင္ဘူးေလ၊ အလြယ္နည္းလိုက္တဲ့သူေတြကို အားမေပးဘူး”လို႔ သူမက ဆက္လက္ေျပာၾကားခဲ့ပါတယ္။ လက္ရွိကာလမွာ Single Song ေတြလည္း အမ်ားႀကီးထြက္ရွိထားၿပီး ကမာၻေက်ာ္နာမည္ႀကီး ကာတြန္းဇာတ္ကား ျဖစ္တဲ့ Frozen ထဲမွာ Cover Song ကို သီဆိုထား တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ႏိုဝင္ဘာ ၂၉