ကလေးကြောင့် မိဘမေတ္တာပိုသိလာတယ်လို့ သရုပ်ဆောင်မြင့်မြတ်က ပြောကြား

ကလေးကြောင့် မိဘမေတ္တာပိုသိလာတယ်လို့ သရုပ်ဆောင်မြင့်မြတ်က ပြောကြား

ဒီကနေ့ခေတ် ရုပ်ရှင်နဲ့ဗီဒီယိုလောကမှာ နာမည်ရလူကြိုက်များနေတဲ့ သရုပ်ဆောင် မြင့်မြတ်ဟာ သူ့ရဲ့ ကလေးကြောင့် မိဘမေတ္တာကို ပိုပြီး သိမြင်ခံစားလာရတယ်လို့ ပြောကြားခဲ့ပါတယ်။
“ဒီကောင်မမွေးခင်ကတည်းက ကျွန်တော့်မိဘတွေဆီက မိဘမေတ္တာ တန်ဖိုးတွေကို နားလည်ခဲ့ ပါတယ်။ဒီကောင်နဲ့ဆိုတော့ ပိုပြီး သိလာရတာပေါ့၊ ကိုယ်လည်း အတတ်နိုင်ဆုံး တတ်နိုင်တဲ့အနေအထား မှာတော့ မိဘတွေအပေါ် တာဝန်ကျေတဲ့ သားဖြစ်အောင် ကြိုးစားပေးခဲ့ပါတယ်”လို့လည်း သရုပ်ဆောင် မြင့်မြတ်က ပြောပါတယ်။


သူ့ရဲ့ သားဖြစ်သူဟာ သူနဲ့မွေးနေ့တူဖြစ်သလို မွေးမယ့်ရက်က လာတဲ့မီဒီယာအများစုဟာ သူ့ရဲ့မွေးနေ့ကိစ္စကို မမေးကြဘဲ သူ့သားရဲ့မွေးဖွားမယ့်အကြောင်းကိုသာ မေးကြတာကြောင့် သားဖြစ်သူကို အိမ်ခေါ်နာမည်အဖြစ် “ဆရာကြီး”လို့ ခေါ်လေ့ရှိပါတယ်။
 လတ်တလောမှာတော့ နာမည်မပေးရသေးဘဲ နာမည်ပေးဖို့ တိုင်ပင်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။“အခု သူက နို့စို့လိုက်၊ သေးပေါက်ပြီး ပြန်အိပ်လိုက်နဲ့၊ သူ့အမေနို့က မလောက်တော့ နို့ဗူးတိုက်ရတယ်၊ ပျော်ဖို့လည်း ကောင်းပါတယ်၊ ကြည်နူးဖို့လည်းကောင်းတယ်၊ ကျွန်တော်အရင်ကဆိုရင် ရှုတင်ပြီးတာနဲ့ အ ပေါင်းအသင်းတွေနဲ့ တောင်သွားလိုက် မြောက်သွားလိုက် သွားနေပေမယ့် အခုတော့ အိမ်ပြန်ချင်တဲ့ စိတ်က ပိုများနေပါတယ်၊ အများကြီးပြောင်းလဲစေတာပေါ့၊ နယ်မှာ ကားရိုက်သွားရင် မိန်းမကိုမလွမ်းဘူး၊ သူ့ကို ပိုလွမ်းတယ်၊ သူဘာဖြစ်ချင်သလဲ အကုန်လုံး လုပ်ပေးဖို့တော့ ဆုံးဖြတ်ထားတယ်၊ ကျွန်တော်ကတော့ သူ့ကို အမြဲပျော်ရွှင်အောင် စိတ်ချမ်းသာအောင်ထားမှာပါ၊ ဆုံးမတာကတော့ သူ့အမေကိစ္စပါပဲ၊ ကျွန်တော်ကတော့ မြှောက်ပေးမှာပဲ”လို့ သရုပ်ဆောင် မြင့်မြတ်က ပြောပါတယ်။

 ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် မြင့်မြတ်ဟာ မောင်နှစ်မလေးယောက်ရှိပြီး သားအကြီးဆုံးလည်း ဖြစ်တာကြောင့် မိဘတွေအပေါ် တာဝန်ကျေတဲ့သားဖြစ်ဖို့လည်း ကြိုးစားနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဒါရိုက်တာ သိဂီ ၤဇော်ရဲ့ “ရည်းစားရွေးနည်း” လို့ နာမည်ရတဲ့ ဇာတ်ကားရိုက်ကူးနေပြီး ဇာတ်ကားရိုက်ဖို့ ဆက်သွယ်လာတဲ့အခါ ဇာတ်လမ်းအကောင်းအဆိုးကိုသာ ကြည့်ပြီး လက်ခံရိုက်ကူးနေပေမယ့် ဇာတ်ရုပ် စရိုက်နေရာကိုတော့ မရွေးဘဲ အကုန်ရိုက်ဖြစ်တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း

 ရန်ကုန်၊ စက်တင်ဘာ ၂၈

(  Zawgyi )

 ဒီကေန႔ေခတ္ ႐ုပ္ရွင္နဲ႔ဗီဒီယိုေလာကမွာ နာမည္ရလူႀကိဳက္မ်ားေနတဲ့ သ႐ုပ္ေဆာင္ ျမင့္ျမတ္ဟာ သူ႔ရဲ႕ ကေလးေၾကာင့္ မိဘေမတၱာကို ပိုၿပီး သိျမင္ခံစားလာရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
“ဒီေကာင္မေမြးခင္ကတည္းက ကြၽန္ေတာ့္မိဘေတြဆီက မိဘေမတၱာ တန္ဖိုးေတြကို နားလည္ခဲ့ ပါတယ္။ဒီေကာင္နဲ႔ဆိုေတာ့ ပိုၿပီး သိလာရတာေပါ့၊ ကိုယ္လည္း အတတ္ႏိုင္ဆုံး တတ္ႏိုင္တဲ့အေနအထား မွာေတာ့ မိဘေတြအေပၚ တာဝန္ေက်တဲ့ သားျဖစ္ေအာင္ ႀကိဳးစားေပးခဲ့ပါတယ္”လို႔လည္း သ႐ုပ္ေဆာင္ ျမင့္ျမတ္က ေျပာပါတယ္။

သူ႔ရဲ႕ သားျဖစ္သူဟာ သူနဲ႔ေမြးေန႔တူျဖစ္သလို ေမြးမယ့္ရက္က လာတဲ့မီဒီယာအမ်ားစုဟာ သူ႔ရဲ႕ေမြးေန႔ကိစၥကို မေမးၾကဘဲ သူ႔သားရဲ႕ေမြးဖြားမယ့္အေၾကာင္းကိုသာ ေမးၾကတာေၾကာင့္ သားျဖစ္သူကို အိမ္ေခၚနာမည္အျဖစ္ “ဆရာႀကီး”လို႔ ေခၚေလ့ရွိပါတယ္။
 လတ္တေလာမွာေတာ့ နာမည္မေပးရေသးဘဲ နာမည္ေပးဖို႔ တိုင္ပင္မႈေတြ လုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။“အခု သူက ႏို႔စို႔လိုက္၊ ေသးေပါက္ၿပီး ျပန္အိပ္လိုက္နဲ႔၊ သူ႔အေမႏို႔က မေလာက္ေတာ့ ႏို႔ဗူးတိုက္ရတယ္၊ ေပ်ာ္ဖို႔လည္း ေကာင္းပါတယ္၊ ၾကည္ႏူးဖို႔လည္းေကာင္းတယ္၊ ကြၽန္ေတာ္အရင္ကဆိုရင္ ရႈတင္ၿပီးတာနဲ႔ အ ေပါင္းအသင္းေတြနဲ႔ ေတာင္သြားလိုက္ ေျမာက္သြားလိုက္ သြားေနေပမယ့္ အခုေတာ့ အိမ္ျပန္ခ်င္တဲ့ စိတ္က ပိုမ်ားေနပါတယ္၊ အမ်ားႀကီးေျပာင္းလဲေစတာေပါ့၊ နယ္မွာ ကား႐ိုက္သြားရင္ မိန္းမကိုမလြမ္းဘူး၊ သူ႔ကို ပိုလြမ္းတယ္၊ သူဘာျဖစ္ခ်င္သလဲ အကုန္လုံး လုပ္ေပးဖို႔ေတာ့ ဆုံးျဖတ္ထားတယ္၊ ကြၽန္ေတာ္ကေတာ့ သူ႔ကို အၿမဲေပ်ာ္႐ႊင္ေအာင္ စိတ္ခ်မ္းသာေအာင္ထားမွာပါ၊ ဆုံးမတာကေတာ့ သူ႔အေမကိစၥပါပဲ၊ ကြၽန္ေတာ္ကေတာ့ ေျမႇာက္ေပးမွာပဲ”လို႔ သ႐ုပ္ေဆာင္ ျမင့္ျမတ္က ေျပာပါတယ္။

 ႐ုပ္ရွင္နဲ႔ ဗီဒီယိုသ႐ုပ္ေဆာင္ ျမင့္ျမတ္ဟာ ေမာင္ႏွစ္မေလးေယာက္ရွိၿပီး သားအႀကီးဆုံးလည္း ျဖစ္တာေၾကာင့္ မိဘေတြအေပၚ တာဝန္ေက်တဲ့သားျဖစ္ဖို႔လည္း ႀကိဳးစားေနတယ္လို႔ သိရပါတယ္။ လက္ရွိမွာ ဒါ႐ိုက္တာ သိဂီ ေဇၤာ္ရဲ႕ “ရည္းစားေ႐ြးနည္း” လို႔ နာမည္ရတဲ့ ဇာတ္ကား႐ိုက္ကူးေနၿပီး ဇာတ္ကား႐ိုက္ဖို႔ ဆက္သြယ္လာတဲ့အခါ ဇာတ္လမ္းအေကာင္းအဆိုးကိုသာ ၾကည့္ၿပီး လက္ခံ႐ိုက္ကူးေနေပမယ့္ ဇာတ္႐ုပ္ စ႐ိုက္ေနရာကိုေတာ့ မေ႐ြးဘဲ အကုန္႐ိုက္ျဖစ္တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း

 ရန္ကုန္၊ စက္တင္ဘာ ၂၈