ကမ္ဘာနှင့်အဝန်းတွင် ၂၀၁၁ မှ ၂၀၁၇ ခုနှစ်အတွင်း ဆယ်လ်ဖီကြောင့် သေဆုံးသူ ၂၅၉ ဦး ရှိခဲ့၊ အန္တရာယ်ရှိသော နေရာများတွင် ဆယ်လ်ဖီမဆွဲရ ဇုန်များ သတ်မှတ်သင့်ဟု ဆို

ကမ္ဘာနှင့်အဝန်းတွင် ၂၀၁၁ မှ ၂၀၁၇ ခုနှစ်အတွင်း ဆယ်လ်ဖီကြောင့် သေဆုံးသူ ၂၅၉ ဦး ရှိခဲ့၊ အန္တရာယ်ရှိသော နေရာများတွင် ဆယ်လ်ဖီမဆွဲရ ဇုန်များ သတ်မှတ်သင့်ဟု ဆို

၂၀၁၈ ခုနှစ် ကမ္ဘာနဲ့အဝန်း သုတေသနတစ်ရပ်အရ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ စွန့်စွန့်စားစား ဆယ်လ်ဖီ (selfies) ပုံတွေ ရိုက်ယူလိုတဲ့ ဆန္ဒကြောင့် လူ ၂၅၉ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အမေရိကန် ဆေးဝါးဓာတ်ခွဲခန်းက သုတေသီတွေကတော့ အန္တရာယ်ရှိတဲ့ နေရာတွေမှာ သေဆုံးမှုကို လျှော့ချနိုင်ဖို့အတွက် ဆယ်လ်ဖီမဆွဲရ ဇုန်တွေ သတ်မှတ်သင့်တယ်လို့ ထောက်ခံပြောကြားလာခဲ့ကြပါတယ်။ဒီဇုန်တွေထဲမှာ သေဆုံးမှုအများဆုံး ဖြစ်ပွားလေ့ရှိတဲ့ တောင်ထိပ်တွေ၊ အထပ်မြင့်အဆောက်အဦးတွေနဲ့ ရေကန်တွေ ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဆယ်လ်ဖီဆွဲရင်း အဓိကသေဆုံးရတဲ့ အကြောင်းအရင်းက ရေနစ်ခြင်း၊ ကားရထားတိုက်မိခြင်းနဲ့ ပြုတ်ကျခြင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ဒါပေမယ့်လည်း ကမ္ဘာနဲ့အဝန်းက ဆယ်လ်ဖီဆွဲရင်း သေဆုံးရတဲ့ သတင်းတွေထဲမှာ တိရစ္ဆာန်တွေရဲ့ တိုက်ခိုက်တာခံရလို့အပြင် ဓာတ်လိုက်တာ၊ မီးလောင်တာနဲ့ လက်နက်တွေကြောင့်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီနှစ် ဇူလိုင်လမှာပဲ ၁၉ နှစ်အရွယ် ဂါဗင် ဇင်မာမန်း ဟာ သြစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးက ကျောက်စွန်းတစ်ခုပေါ်မှာ ဆယ်လ်ဆွဲရင်းနဲ့ ပြုတ်ကျသေဆုံးသွားခဲ့ပါတယ်။တိုမာ ဖရင့်ဖာတာ ဟာလည်း စက်တင်ဘာလက ကယ်လီဖိုးနီးယားက ယို့စ်မိုက်ဥယျာဉ်ထဲမှာ ဆယ်လ်ဖီဆွဲဖို့ ကြိုးစားနေရင်းနဲ့ ၂၅၀ မီတာ အမြင့်က ပြုတ်ကျပြီး သေဆုံးသွားခဲ့ပါတယ်။အလားတူ သတင်းတွေကို စုစည်းပြီး သုတေသနပြုထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သုတေသနအရ ဆယ်လ်ဖီနဲ့ ဆက်နွယ်တဲ့ သေဆုံးမှုတွေဟာ အိန္ဒိယ၊ ရုရှ၊ အမေရိကန်ပြည်ထောင်စုနဲ့ ပါကစ္စတန်တို့မှာ အဖြစ်များပြီး သေဆုံးမှုအားလုံးရဲ့ ၇၂.၅ ရာခိုင်နှုန်းက ယေကျ်ားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ယခင်သုတေသနများက သတင်းတွေကို Wikipedia စာမျက်နှာတွေနဲ့ တွစ်တာက ယူခဲ့ပေမယ့်လည်း အဲဒီသတင်းတွေဟာ မတိကျဘူးလို့ ဆိုပါတယ်။ယခုသုတေသနအသစ်အရ ဆယ်လ်ဖီကြောင့် သေဆုံးသူ အရေအတွက်ဟာ မြင့်တက်လျှက်ရှိတယ်လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ်မှာ ဆယ်လ်ဖီနဲ့ ဆက်နွယ်တဲ့ သေဆုံးသူ အရေအတွက်ဟာ ၃ ယောက်ပဲ ရှိခဲ့ပေမယ့်လည်း ၂၀၁၆ ခုနှစ်မှာ ၉၈ ယောက်နဲ့ ၂၀၁၇ ခုနှစ်မှာ ၉၃ ယောက်အထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဆယ်လ်ဖီကို သေဆုံးရတဲ့ အကြောင်းရင်းအဖြစ် မဖော်ပြတာတွေလည်းရှိလို့ အမှန်တကယ် ဆယ်လ်ဖီကြောင့် သေဆုံးတဲ့ အရေအတွက်ဟာ ပိုပြီးမြင့်မားနိုင်တယ်လို့ ဆိုပါတယ်။

Selfie Security
Ref : BBC
အောက်တိုဘာ - ၅

( Zawgyi )

၂၀၁၈ ခုႏွစ္ ကမာၻနဲ႔အဝန္း သုေတသနတစ္ရပ္အရ ၂၀၁၁ ခုႏွစ္နဲ႔ ၂၀၁၇ ခုႏွစ္အတြင္းမွာ စြန႔္စြန႔္စားစား ဆယ္လ္ဖီ (selfies) ပုံေတြ ႐ိုက္ယူလိုတဲ့ ဆႏၵေၾကာင့္ လူ ၂၅၉ ဦး ေသဆုံးခဲ့ရတယ္လို႔ ဆိုပါတယ္။

အေမရိကန္ ေဆးဝါးဓာတ္ခြဲခန္းက သုေတသီေတြကေတာ့ အႏၲရာယ္ရွိတဲ့ ေနရာေတြမွာ ေသဆုံးမႈကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ဆယ္လ္ဖီမဆြဲရ ဇုန္ေတြ သတ္မွတ္သင့္တယ္လို႔ ေထာက္ခံေျပာၾကားလာခဲ့ၾကပါတယ္။ဒီဇုန္ေတြထဲမွာ ေသဆုံးမႈအမ်ားဆုံး ျဖစ္ပြားေလ့ရွိတဲ့ ေတာင္ထိပ္ေတြ၊ အထပ္ျမင့္အေဆာက္အဦးေတြနဲ႔ ေရကန္ေတြ ပါဝင္မွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဆယ္လ္ဖီဆြဲရင္း အဓိကေသဆုံးရတဲ့ အေၾကာင္းအရင္းက ေရနစ္ျခင္း၊ ကားရထားတိုက္မိျခင္းနဲ႔ ျပဳတ္က်ျခင္းေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။ဒါေပမယ့္လည္း ကမာၻနဲ႔အဝန္းက ဆယ္လ္ဖီဆြဲရင္း ေသဆုံးရတဲ့ သတင္းေတြထဲမွာ တိရစာၦန္ေတြရဲ႕ တိုက္ခိုက္တာခံရလို႔အျပင္ ဓာတ္လိုက္တာ၊ မီးေလာင္တာနဲ႔ လက္နက္ေတြေၾကာင့္လည္း ပါဝင္တယ္လို႔ ဆိုပါတယ္။

ဒီႏွစ္ ဇူလိုင္လမွာပဲ ၁၉ ႏွစ္အ႐ြယ္ ဂါဗင္ ဇင္မာမန္း ဟာ ၾသစေၾတးလ်ႏိုင္ငံ၊ နယူးေဆာက္ေဝးက ေက်ာက္စြန္းတစ္ခုေပၚမွာ ဆယ္လ္ဆြဲရင္းနဲ႔ ျပဳတ္က်ေသဆုံးသြားခဲ့ပါတယ္။တိုမာ ဖရင့္ဖာတာ ဟာလည္း စက္တင္ဘာလက ကယ္လီဖိုးနီးယားက ယို႔စ္မိုက္ဥယ်ာဥ္ထဲမွာ ဆယ္လ္ဖီဆြဲဖို႔ ႀကိဳးစားေနရင္းနဲ႔ ၂၅၀ မီတာ အျမင့္က ျပဳတ္က်ၿပီး ေသဆုံးသြားခဲ့ပါတယ္။အလားတူ သတင္းေတြကို စုစည္းၿပီး သုေတသနျပဳထားတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

သုေတသနအရ ဆယ္လ္ဖီနဲ႔ ဆက္ႏြယ္တဲ့ ေသဆုံးမႈေတြဟာ အိႏၵိယ၊ ႐ုရွ၊ အေမရိကန္ျပည္ေထာင္စုနဲ႔ ပါကစၥတန္တို႔မွာ အျဖစ္မ်ားၿပီး ေသဆုံးမႈအားလုံးရဲ႕ ၇၂.၅ ရာခိုင္ႏႈန္းက ေယက်္ားေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။ယခင္သုေတသနမ်ားက သတင္းေတြကို Wikipedia စာမ်က္ႏွာေတြနဲ႔ တြစ္တာက ယူခဲ့ေပမယ့္လည္း အဲဒီသတင္းေတြဟာ မတိက်ဘူးလို႔ ဆိုပါတယ္။ယခုသုေတသနအသစ္အရ ဆယ္လ္ဖီေၾကာင့္ ေသဆုံးသူ အေရအတြက္ဟာ ျမင့္တက္လွ်က္ရွိတယ္လို႔ ဆိုပါတယ္။

၂၀၁၁ ခုႏွစ္မွာ ဆယ္လ္ဖီနဲ႔ ဆက္ႏြယ္တဲ့ ေသဆုံးသူ အေရအတြက္ဟာ ၃ ေယာက္ပဲ ရွိခဲ့ေပမယ့္လည္း ၂၀၁၆ ခုႏွစ္မွာ ၉၈ ေယာက္နဲ႔ ၂၀၁၇ ခုႏွစ္မွာ ၉၃ ေယာက္အထိ ျမင့္တက္လာခဲ့တယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္လည္း ဆယ္လ္ဖီကို ေသဆုံးရတဲ့ အေၾကာင္းရင္းအျဖစ္ မေဖာ္ျပတာေတြလည္းရွိလို႔ အမွန္တကယ္ ဆယ္လ္ဖီေၾကာင့္ ေသဆုံးတဲ့ အေရအတြက္ဟာ ပိုၿပီးျမင့္မားႏိုင္တယ္လို႔ ဆိုပါတယ္။

Selfie Security
Ref : BBC
ေအာက္တိုဘာ - ၅