【 သတင်းဆောင်းပါး 】တရုတ် ခရီးသည်များကို ကြမ်းကြုတ်စွာ သဘောထား လုပ်ဆောင်ခြင်းဟာ ဆွီဒင်ရဲ့ လူ့အခွင့်အရေးကို မေးခွန်းထုတ်စရာဖြစ်

 

ယခုလ ၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဆွီဒင်ရဲများက တရုတ်ခရီးသည်များအား ကြမ်းကြုတ်စွာ သဘောထား လုပ်ဆောင်ခဲ့ခြင်း ကိစ္စနဲ့ ပတ်သက်ပြီး ဆွီဒင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး၊ ဆွီဒင်ရဲများရဲ့ လုပ်ဆောင်မှုကို ပြစ်တင်ရှုတ်ချကြောင်း၊ သူတို့ရဲ့ လုပ်ဆောင်မှုဟာ တရုတ်နိုင်ငံသားများရဲ့ အသက်လုံခြုံမှုနဲ့ အခြေခံလူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန် ကျူးကျော်ထိပါးခဲ့ကြောင်း၊ ဆွီဒင်အစိုးရအနေနဲ့ အဆိုပါကိစ္စကို စုံစမ်းစစ်ဆေးဖို့၊ သက်ဆိုင်ရာ တရုတ်နိုင်ငံသားများ တင်ပြတဲ့ တင်းတင်းကျပ်ကျပ် ပြစ်ဒဏ်ပေး အရေးယူရန်၊ တောင်းပန်ရန်၊ လျော်ကြေးပေးရန် စတဲ့ တောင်းဆိုချက်အပေါ် အချိန်မီတုံ့ပြန်မှုပေးဖို့ ပန်ကြားကြောင်း ဖော်ပြထားပါတယ်။

ဆွီဒင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်းနဲ့ သက်ဆိုင်ရာ မီဒီယာသတင်းအရ၊ ယခုလ ၂ ရက်နေ့ နံနက်လင်းအားကြီး အချိန်မှာ၊ တရုတ်နိုင်ငံသား မစ္စတာကျင်း နဲ့ မစ္စတာကျင်း ရဲ့ မိဘတို့ဟာ စတော့ဟုမ်းမြို့ရှိ ဟိုတယ်တစ်ခုကို ရောက်ရှိခဲ့ပြီးနောက်၊ ကြိုတင်မှာထားတဲ့ ဟိုတယ်ခန်းကို ရက်ခင်းကျမှ ဝင်တည်းခိုလို့ရသဖြင့် မစ္စတာကျင်း က ပိုက်ဆံပေးပြီး ဟိုတယ်ရဲ့ ခန်းမတွင်းရှိ ကုလားထိုင်ပေါ်မှာ အနားယူဖို့ တောင်းဆိုခဲ့တယ်။အကြောင်းကတော့ သူ့ရဲ့ အသက် ၆၀ ကျော် မိဘတွေ ကျန်းမာရေးအခြေအနေ မကောင်းတာကြောင့် ဖြစ်ပါတယ်။ဒါပေမယ့် ဟိုတယ်ကတော့ သဘောမတူဘဲ ငြင်းပယ်လိုက်တယ်။စကားပြောကြတဲ့ ဖြစ်စဉ်မှာ ရဲကို ခေါ်လာပါတယ်။ရဲတွေ ရောက်လာပြီးနောက် ကြမ်းကြုတ်တဲ့ နည်းလမ်းနဲ့ မစ္စတာကျင်း ရဲ့ မိဘကို ဟိုတယ်အပြင်သို့ ဆွဲငင်သွားတယ်၊ ပြီးတော့ သူတို့သုံးယောက်ကို ကားပေါ်တင်ပြီး စတော့ဟုမ်းမြို့နဲ့ ကီလိုမီတာ ၃၊ ၄ ဆယ်လောက် ကွာဝေးတဲ့ သင်္ချိင်းနေရာတစ်ခုကို ချခဲ့တယ်။ဒီ့နောက်မှာ ဆွီဒင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ဟာ စတော့ဟုမ်းမြို့နဲ့ ဘေကျင်းမှာ ဆွီဒင်အစိုးရအား တည်ကြည်လေးနက်စွာ အရေးဆိုခဲ့ပါတယ်။ဒါပေမယ့် ခုချိန်အထိ ဆွီဒင်အစိုးရက ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်ပြည်အား တုံ့ပြန်မှု တစ်စုံတစ်ခုပေးခြင်း မရှိဘူး၊ ဆွီဒင်မီဒီယာများကလည်း ဘာမှမပြောဘဲ နေကြတယ်လို့ သတင်းရရှိပါတယ်။

စောင့်ကြည့်ကင်မရာမှနေ၊ ဆွီဒင်ရဲ နှစ်ဦးဟာ မစ္စတာကျင်း ရဲ့ အသက် ၆၇ နှစ်အရွယ် နှလုံး ဦးနှောက် သွေးကြော ရောဂါရှိတဲ့ အဖေဖြစ်သူကို ဟိုတယ်မှနေ ကြမ်းကြုတ်စွာ ဆွဲထုတ်လာခြင်း ဖြစ်တယ်။အားလုံး သိကြတဲ့အတိုင်းပဲ ဆွီဒင်ဟာ လူ့အခွင့်အရေးကို မြင့်မားစွာ ထိန်းသိမ်းကာကွယ်တဲ့ ဖွံ့ဖြိုးပြီးနိုင်ငံ တစ်နိုင်ငံဖြစ်တယ်လို့ ဆိုတယ်၊ ၂၀၁၇ ခုနှစ် မေလကလည်း ကမ္ဘာ့လူ့အခွင့်အရေး အစီရင်ခံစာကို ထုတ်ပြန်ပြီး၊ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံများစွာတို့ရဲ့ လူ့အခွင့်အရေး အခြေအနေကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်၊ ကမ္ဘာ့လူ့အခွင့်အရေး တရားသူကြီးလို မိမိကိုယ်ကို သဘောထားနေသော ဆွီဒင်နိုင်ငံဟာ အထက်ပါကိစ္စကို ကြည့်ခြင်းအားဖြင့် ဆွီဒင်ရဲ့ လူ့အခွင့်အရေး ထိန်းသိမ်းရေး အရည်အချင်းနဲ့ ယဉ်ကျေးစွာ ဥပဒေကျင့်သုံးမှု အရည်အချင်းအပေါ် သင်္ကာမကင်း ဖြစ်ရပါတယ်။ဆွီဒင်ရဲ့ လူ့အခွင့်အရေး ထိန်းသိမ်းကာကွယ်ရာမှာ စံနှုန်းနှစ်မျိုး ထားနေတာလား၊ ဆိုလိုတာက ကိုယ့်နိုင်ငံသားရဲ့ အခွင့်အရေးကိုပဲ ထိန်းသိမ်းကာကွယ်ပြီး တခြားနိုင်ငံက နိုင်ငံသားများရဲ့ အခြေခံလူ့အခွင့်အရေးကိုတော့ ထင်ရာစိုင်း နင်းချေလို့ နေပါသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

စီအာအိုင်
၂၀၁၈၊ စက်တင်ဘာလ - ၁၆

( Zawgyi )

ယခုလ ၂ ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ ဆြီဒင္ရဲမ်ားက တ႐ုတ္ခရီးသည္မ်ားအား ၾကမ္းၾကဳတ္စြာ သေဘာထား လုပ္ေဆာင္ခဲ့ျခင္း ကိစၥနဲ႔ ပတ္သက္ၿပီး ဆြီဒင္ႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးက ေၾကညာခ်က္တစ္ရပ္ ထုတ္ျပန္ၿပီး၊ ဆြီဒင္ရဲမ်ားရဲ႕ လုပ္ေဆာင္မႈကို ျပစ္တင္ရႈတ္ခ်ေၾကာင္း၊ သူတို႔ရဲ႕ လုပ္ေဆာင္မႈဟာ တ႐ုတ္ႏိုင္ငံသားမ်ားရဲ႕ အသက္လုံၿခဳံမႈနဲ႔ အေျခခံလူ႔အခြင့္အေရးကို ျပင္းျပင္းထန္ထန္ က်ဴးေက်ာ္ထိပါးခဲ့ေၾကာင္း၊ ဆြီဒင္အစိုးရအေနနဲ႔ အဆိုပါကိစၥကို စုံစမ္းစစ္ေဆးဖို႔၊ သက္ဆိုင္ရာ တ႐ုတ္ႏိုင္ငံသားမ်ား တင္ျပတဲ့ တင္းတင္းက်ပ္က်ပ္ ျပစ္ဒဏ္ေပး အေရးယူရန္၊ ေတာင္းပန္ရန္၊ ေလ်ာ္ေၾကးေပးရန္ စတဲ့ ေတာင္းဆိုခ်က္အေပၚ အခ်ိန္မီတုံ႔ျပန္မႈေပးဖို႔ ပန္ၾကားေၾကာင္း ေဖာ္ျပထားပါတယ္။

ဆြီဒင္ႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးမွ သတင္းနဲ႔ သက္ဆိုင္ရာ မီဒီယာသတင္းအရ၊ ယခုလ ၂ ရက္ေန႔ နံနက္လင္းအားႀကီး အခ်ိန္မွာ၊ တ႐ုတ္ႏိုင္ငံသား မစၥတာက်င္း နဲ႔ မစၥတာက်င္း ရဲ႕ မိဘတို႔ဟာ စေတာ့ဟုမ္းၿမိဳ႕ရွိ ဟိုတယ္တစ္ခုကို ေရာက္ရွိခဲ့ၿပီးေနာက္၊ ႀကိဳတင္မွာထားတဲ့ ဟိုတယ္ခန္းကို ရက္ခင္းက်မွ ဝင္တည္းခိုလို႔ရသျဖင့္ မစၥတာက်င္း က ပိုက္ဆံေပးၿပီး ဟိုတယ္ရဲ႕ ခန္းမတြင္းရွိ ကုလားထိုင္ေပၚမွာ အနားယူဖို႔ ေတာင္းဆိုခဲ့တယ္။အေၾကာင္းကေတာ့ သူ႔ရဲ႕ အသက္ ၆၀ ေက်ာ္ မိဘေတြ က်န္းမာေရးအေျခအေန မေကာင္းတာေၾကာင့္ ျဖစ္ပါတယ္။ဒါေပမယ့္ ဟိုတယ္ကေတာ့ သေဘာမတူဘဲ ျငင္းပယ္လိုက္တယ္။စကားေျပာၾကတဲ့ ျဖစ္စဥ္မွာ ရဲကို ေခၚလာပါတယ္။ရဲေတြ ေရာက္လာၿပီးေနာက္ ၾကမ္းၾကဳတ္တဲ့ နည္းလမ္းနဲ႔ မစၥတာက်င္း ရဲ႕ မိဘကို ဟိုတယ္အျပင္သို႔ ဆြဲငင္သြားတယ္၊ ၿပီးေတာ့ သူတို႔သုံးေယာက္ကို ကားေပၚတင္ၿပီး စေတာ့ဟုမ္းၿမိဳ႕နဲ႔ ကီလိုမီတာ ၃၊ ၄ ဆယ္ေလာက္ ကြာေဝးတဲ့ သခ်ႋင္းေနရာတစ္ခုကို ခ်ခဲ့တယ္။ဒီ့ေနာက္မွာ ဆြီဒင္ႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးနဲ႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနတို႔ဟာ စေတာ့ဟုမ္းၿမိဳ႕နဲ႔ ေဘက်င္းမွာ ဆြီဒင္အစိုးရအား တည္ၾကည္ေလးနက္စြာ အေရးဆိုခဲ့ပါတယ္။ဒါေပမယ့္ ခုခ်ိန္အထိ ဆြီဒင္အစိုးရက ဒီကိစၥနဲ႔ ပတ္သက္ၿပီး တ႐ုတ္ျပည္အား တုံ႔ျပန္မႈ တစ္စုံတစ္ခုေပးျခင္း မရွိဘူး၊ ဆြီဒင္မီဒီယာမ်ားကလည္း ဘာမွမေျပာဘဲ ေနၾကတယ္လို႔ သတင္းရရွိပါတယ္။

ေစာင့္ၾကည့္ကင္မရာမွေန၊ ဆြီဒင္ရဲ ႏွစ္ဦးဟာ မစၥတာက်င္း ရဲ႕ အသက္ ၆၇ ႏွစ္အ႐ြယ္ ႏွလုံး ဦးေႏွာက္ ေသြးေၾကာ ေရာဂါရွိတဲ့ အေဖျဖစ္သူကို ဟိုတယ္မွေန ၾကမ္းၾကဳတ္စြာ ဆြဲထုတ္လာျခင္း ျဖစ္တယ္။အားလုံး သိၾကတဲ့အတိုင္းပဲ ဆြီဒင္ဟာ လူ႔အခြင့္အေရးကို ျမင့္မားစြာ ထိန္းသိမ္းကာကြယ္တဲ့ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံ တစ္ႏိုင္ငံျဖစ္တယ္လို႔ ဆိုတယ္၊ ၂၀၁၇ ခုႏွစ္ ေမလကလည္း ကမာၻ႔လူ႔အခြင့္အေရး အစီရင္ခံစာကို ထုတ္ျပန္ၿပီး၊ တ႐ုတ္ႏိုင္ငံ အပါအဝင္ ႏိုင္ငံမ်ားစြာတို႔ရဲ႕ လူ႔အခြင့္အေရး အေျခအေနကို ျပစ္တင္ေဝဖန္ခဲ့ပါတယ္၊ ကမာၻ႔လူ႔အခြင့္အေရး တရားသူႀကီးလို မိမိကိုယ္ကို သေဘာထားေနေသာ ဆြီဒင္ႏိုင္ငံဟာ အထက္ပါကိစၥကို ၾကည့္ျခင္းအားျဖင့္ ဆြီဒင္ရဲ႕ လူ႔အခြင့္အေရး ထိန္းသိမ္းေရး အရည္အခ်င္းနဲ႔ ယဥ္ေက်းစြာ ဥပေဒက်င့္သုံးမႈ အရည္အခ်င္းအေပၚ သကၤာမကင္း ျဖစ္ရပါတယ္။ဆြီဒင္ရဲ႕ လူ႔အခြင့္အေရး ထိန္းသိမ္းကာကြယ္ရာမွာ စံႏႈန္းႏွစ္မ်ိဳး ထားေနတာလား၊ ဆိုလိုတာက ကိုယ့္ႏိုင္ငံသားရဲ႕ အခြင့္အေရးကိုပဲ ထိန္းသိမ္းကာကြယ္ၿပီး တျခားႏိုင္ငံက ႏိုင္ငံသားမ်ားရဲ႕ အေျခခံလူ႔အခြင့္အေရးကိုေတာ့ ထင္ရာစိုင္း နင္းေခ်လို႔ ေနပါသလားဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္ေနပါတယ္။

စီအာအိုင္
၂၀၁၈၊ စက္တင္ဘာလ - ၁၆