သာဓက

【 ဆောင်းပါး 】 "ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ"

ပုထုဇဉ်တွေဆိုတော့လည်း ဘယ်သူ့ဘယ်သူကိုမှ အပြစ်မပြောလိုပါဘူး။အမြဲတမ်းမှန်တာက သစ္စာလေးပါးပဲရှိမယ်လို့ ကိုယ့်ရဲ့တစ်သီးပုဂ္ဂလအမြင်နဲ့ ယူဆပါတယ်။

ဆိုပါစို့ အဖွဲ့အစည်းတစ်ခုမှာ ခေါင်းဆောင်က ဦးဘ။သူပြောတဲ့အမှန်တရားဆို မှားမှားမှန်မှန် လက်အောက်ငယ်သားဝန်ထမ်းတွေက ဦးဘမှန်ပါတယ်ဆိုပြီး လိုက်မှန်ကြရတာပါပဲ။ဦးဘနေရာကို ဦးလှလည်း ရောက်လာရော ဦးလှပြောတာမှန်သမျှ မှားမှားမှန်မှန်လိုက် လုပ်ကြရတာပါပဲ။တချို့အမှန်တရားဆိုတာတွေက အဲဒီအမှန်တရားကို သတ်မှတ်လိုက်တဲ့လူရဲ့ ရောက်ရှိနေတဲ့ သြဇာအာဏာလုပ်ပိုင်ခွင့်အပေါ်မှာ မူတည်ပါတယ်။

【 ဆောင်းပါး 】 ''ကိုဗစ်မှသည် ခြေဥပြင်ဆင်ရေးဆီ''

မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံရေးနယ်ပယ်က လူအများစုပြင်ဆင်လိုတဲ့ အချက်တွေက ခပ်များများရယ်ပါ။အဲဒီအထဲကမှ အများစုပါးစပ်ဖျား ရေပန်းစားတာကတော့ ပုဒ်မ ၅၉ (စ) နဲ့ ၄၃၆ပဲပေါ့။အဲဒီပုဒ်မနှစ်ခုရဲ့နောက်မှာမှ တခြားပြင်ဆင်လိုတဲ့ ပုဒ်မတွေက လိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ မဲပေးတာကို အခုနှစ် မတ်လအတွင်းမှာ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်ဖို့ အဆင့်ဆင့်လုပ်ဆောင်ခဲ့တဲ့နေရာမှာ တစ်နှစ်ကျော်ကြာပြီးတဲ့နောက်မှာတော့ သိပ်အရေးမကြီးတဲ့ ပုဒ်မ ၄ ခုပဲ ပြင်ဆင်နိုင်ခဲ့တာဖြစ်ပါတယ်။